Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ရှင်ယောဟန် 5:43

Judson Bible

ငါ​သည်​ခ​မည်း​တော်၏​အ​ခွင့်​နှင့် ရောက်​လာ​သော်​လည်း သင်​တို့​သည် ငါ့​ကို​လက်​မ​ခံ​ကြ။ အ​ခြား​သော​သူ​သည် မိ​မိ​အ​ခွင့်​နှင့်​ရောက်​လာ​လျှင် ထို​သူ​ကို လက်​ခံ​ကြ​လိမ့်​မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

13 ပူးပေါင်းရင်းမြစ်များ  

သို့​ဖြစ်၍၊ အို အ​ဟော​လိ​ဗ၊ အဲ​ဂု​တ္တု​လူ​တို့​သည် သင့်​အ​သ​ရေ​ကို​ရှုတ်​ချ၍၊ အ​ပျို​မ​သား​မြတ်​တို့​ကို ပွတ်​နယ်​ကြ​သ​ဖြင့်၊ သင်​အ​သက်​ငယ်​စဉ်​အ​ခါ သင်​ပြု​သော​အ​ဓ​မ္မ​အ​မှု​ကို အ​ထပ်​ထပ်​ပြု​သော​ကြောင့်၊

အ​ကြောင်း​မူ​ကား၊ ခ​ရစ်​တော်၏​အ​ယောင်​ကို ဆောင်​သော​သူ​နှင့် မိ​စ္ဆာ​ပ​ရော​ဖက်​တို့​သည် ပေါ်​လာ၍ ရွေး​ချယ်​သော​သူ​တို့​ကို​ပင် လှည့်​ဖြား​နိုင်​လျှင် လှည့်​ဖြား​လောက်​အောင် ကြီး​စွာ​သော​နိ​မိတ်​လ​က္ခ​ဏာ၊ အံ့​ဖွယ်​သော​အ​မှု​တို့​ကို ပြ​ကြ​လိမ့်​မည်။-

အ​များ​သော​သူ​တို့​က၊ ငါ​သည် ခ​ရစ်​တော်​ဖြစ်၏​ဟု ဆို​လျက်၊ ငါ၏​အ​ယောင်​ကို​ဆောင်၍ ပေါ်​လာ​သ​ဖြင့် လူ​အ​များ​တို့​ကို လှည့်​ဖြား​ကြ​လိမ့်​မည်။-

ယေ​ရှု​က​လည်း၊ ငါ​ပြော​ပြီ။ သင်​တို့​သည် မ​ယုံ​ကြ။ ငါ့​ခ​မည်း​တော်၏​အ​ခွင့်​နှင့် ငါ​ပြု​သော​အ​မှု​တို့​သည် ငါ၏​သက်​သေ​ဖြစ်​ကြ၏။-

အို အ​ဘ၊ ကိုယ်​တော်၏​နာ​မ​တော်​ကို ချီး​မြှောက်​တော်​မူ​ပါ​ဟု မိန့်​မြွက်​တော်​မူ၏။ ထို​အ​ခါ ကောင်း​ကင်​မှ စ​ကား​သံ​ကား၊ ငါ​ချီး​မြှောက်​ခဲ့​ပြီ၊ တစ်​ဖန် ချီး​မြှောက်​ဦး​မည်​ဟု​လာ၏။-

ဘု​ရား​သ​ခင်၏​သား​တော်​ကို ယုံ​ကြည်​သော​သူ​အ​ပေါင်း​တို့​သည်၊ ပျက်​စီး​ခြင်း​သို့​မ​ရောက်၊ ထာ​ဝ​ရ​အ​သက်​ကို ရ​စေ​ခြင်း​ငှာ၊ ဘု​ရား​သ​ခင်​သည် မိ​မိ၌ တစ်​ပါး​တည်း​သော သား​တော်​ကို စွန့်​တော်​မူ​သည်​တိုင်​အောင် လော​ကီ​သား​တို့​ကို ချစ်​တော်​မူ၏။-

သို့​သော်​လည်း ဘု​ရား​သ​ခင်​ကို ချစ်​ခြင်း​မေ​တ္တာ​သည် သင်​တို့၌ မ​ရှိ​သည်​ကို ငါ​သိ၏။-

အ​ကြောင်း​မူ​ကား၊ ငါ​သည် ကိုယ်​အ​လို​သို့​လိုက်​ခြင်း​ငှာ ကောင်း​ကင်​မှ​ဆင်း​သက်​သည်​မ​ဟုတ်။ ငါ့​ကို စေ​လွှတ်​တော်​မူ​သော​သူ၏ အ​လို​တော်​သို့​လိုက်​ခြင်း​ငှာ ဆင်း​သက်၏။-

သင်​သည်​အ​ထက်​က​ပုန်​ကန်၍ ဓား​ပြ​လေး​ထောင်​တို့​ကို တော​သို့​ခေါ်​သွား​သော အဲ​ဂု​တ္တု​လူ​ဖြစ်​သည် မ​ဟုတ်​လော​ဟု မေး၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ