Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ရှင်ယောဟန် 5:44

Judson Bible

အ​ချင်း​ချင်း​ပေး​သော ဘုန်း​အ​သ​ရေ​ကို​သာ​ခံ၍၊ ဘု​ရား​သ​ခင်​သာ​လျှင် ပေး​တော်​မူ​တတ်​သော ဘုန်း​အ​သ​ရေ​ကို အ​လို​မ​ရှိ​သော​သင်​တို့​သည် အ​ဘယ်​သို့ ယုံ​ကြည်​နိုင်​မည်​နည်း။-

အခန်းကိုကြည့်ပါ။ ကော်ပီ

26 ပူးပေါင်းရင်းမြစ်များ  

ထာ​ဝ​ရ​ဘု​ရား​က၊ သင်​သည် ငါ့​နာ​မ​အ​ဖို့ အိမ်​ကို​တည်​ဆောက်​ခြင်း​ငှာ အ​ကြံ​ရှိ​သော​ကြောင့်၊ ကောင်း​သော​အ​မှု​ကို ပြု​ပြီ။

အဲ​သ​ယော​ပိ​လူ​သည် မိ​မိ​အ​ရေ၏​အ​ဆင်း​ကို​လည်း​ကောင်း၊ ကျား​သစ်​သည် မိ​မိ​အ​ကွက်​အ​ကျား​တို့​ကို​လည်း​ကောင်း ပြောင်း​လဲ​နိုင်​သ​လော။ ပြောင်း​လဲ​နိုင်​လျှင်၊ ဒု​စ​ရိုက်​ကို ပြု​လေ့​ရှိ​သော​သူ​တို့​သည်၊ သု​စ​ရိုက်​ကို​ပြု​ခြင်း​ငှာ တတ်​နိုင်​ကြ​လိမ့်​မည်။

သူ​တို့​သည် ပြု​သ​မျှ​သော​အ​ကျင့်​အ​မှု​တို့​ကို လူ​များ​ရှေ့​မှာ ထင်​ရှား​စေ​ခြင်း​ငှာ ပြု​ကြ၏။ ကျယ်​သော လက်​ဖွဲ့​တို့​ကို​လည်း​ကောင်း၊ ကြီး​သော ပန်း​ပွား​တို့​ကို​လည်း​ကောင်း ဝတ်​လေ့​ရှိ​ကြ၏။-

သ​ခင်​က၊ သာ​ဓု၊ ငယ်​သား​ကောင်း၊ သင်​သည် အ​မှု​ငယ်၌ သ​စ္စာ​စောင့်​လေ​ပြီ။ မြို့​ဆယ်​မြို့​ကို အုပ်​စိုး​လော့​ဟု မိန့်​တော်​မူ၏။-

အ​ကြောင်း​မူ​ကား၊ ဘု​ရား​သ​ခင်​ပေး​တော်​မူ​သော ဘုန်း​အ​သ​ရေ​ထက် လူ​တို့​ပေး​သော ဘုန်း​အ​သ​ရေ​ကို သာ၍​နှစ်​သက်​ကြ၏။

ထာ​ဝ​ရ​အ​သက်​ဟူ​မူ​ကား၊ မှန်​သော​ဘု​ရား​သ​ခင် တစ်​ဆူ​တည်း​ဖြစ်​တော်​မူ​သော ကိုယ်​တော်​ကို​လည်း​ကောင်း၊ စေ​လွှတ်​တော်​မူ​သော ယေ​ရှု​ခ​ရစ်​ကို​လည်း​ကောင်း၊ သိ​ကျွမ်း​ခြင်း​တည်း။-

ဆိုး​ယုတ်​သော​အ​ကျင့်​ကို ကျင့်​သော​သူ​အ​ပေါင်း​တို့​သည် အ​လင်း​ကို​မြင်​ပြင်း၍ မိ​မိ​တို့​အ​ကျင့်၌ အ​ပြစ်​ပါ​သည်​ကို​မ​ထင်​ရှား​စေ​ခြင်း​ငှာ အ​လင်း​သို့ မ​ချဉ်း​ကပ်​ကြ။-

လူ​ပေး​သော​ဘုန်း​အ​သ​ရေ​ကို ငါ​မ​ခံ။-

အ​ဘယ်​ကြောင့်​ငါ့​စ​ကား​ကို နား​မ​လည်​ကြ​သ​နည်း။ ငါ၏​ဒေ​သ​နာ​ကို နား​မ​ခံ​မ​ယူ​နိုင်​သော​ကြောင့်​သာ သင်​တို့​သည် ငါ့​စ​ကား​ကို နား​မ​လည်​ကြ။-

ရှေ့​ဦး​စွာ၌ ယု​ဒ​လူ၊ နောက်၌​ဟေ​လ​သ​လူ၊ ကောင်း​သော​အ​ကျင့်​ကို ကျင့်​သော​သူ​ရှိ​သ​မျှ​တို့​သည် ဘုန်း​အ​သ​ရေ​ချမ်း​သာ​ကို ခံ​စား​ရ​ကြ​လ​တ္တံ့။-

အ​တွင်း​အား​ဖြင့် ယု​ဒ​လူ​ဖြစ်​သော​သူ​သည် ယု​ဒ​လူ​မှန်၏။ အ​ရေ​ဖျား​လှီး​ခြင်း​လည်း ကျမ်း​ဟောင်း​တ​ရား​အား​ဖြင့် မ​ဟုတ်​ဘဲ၊ ဝိ​ညာဉ်​တော်​တ​ရား​အား​ဖြင့် စိတ်​နှ​လုံး​နှင့် စပ်​ဆိုင်၏။ ထို​သို့​အ​ရေး​ဖျား​လှီး​ခြင်း​ကို ခံ​သော​သူ၏​အ​ချီး​အ​မွမ်း​သည် လူ​အ​လို​နှင့် မ​ဆိုင်၊ ဘု​ရား​သ​ခင့်​အ​လို​တော်​နှင့် ဆိုင်​သ​တည်း။

ကောင်း​သော​အ​ကျင့်​ကို အ​မြဲ​ကျင့်၍၊ ဘုန်း​အ​သ​ရေ​ကို​လည်း​ကောင်း၊ မ​ဖောက်​ပြန်​သော ဇာ​တိ​ကို​လည်း​ကောင်း၊ ရှာ​သော​သူ​တို့​အား ထာ​ဝ​ရ​အ​သက်​ကို ပေး​တော်​မူ​လ​တ္တံ့၊-

ထို​သို့​ဖြစ်​လျှင် မှောင်​မိုက်၌ ဝှက်​ထား​သော​အ​ရာ​တို့​ကို ပွင့်​လင်း​စေ၍ စိတ်​နှ​လုံး​အ​ကြံ​အ​စည်​များ​ကို ထင်​ရှား​စေ​လ​တ္တံ့​သော သ​ခင်​ဘု​ရား ကြွ​လာ​တော်​မ​မူ​မီ တိုင်​အောင် အ​ဘယ်​အ​မှု​ကို​မျှ အ​ဆုံး​အ​ဖြတ် မ​စီ​ရင်​ကြ​နှင့်။ ကြွ​လာ​တော်​မူ​သော​အ​ခါ၊ အ​သီး​အ​သီး​တို့​သည် ဘု​ရား​သ​ခင် ချီး​မွမ်း​တော်​မူ​ခြင်း​ကျေး​ဇူး​ကို ခံ​ရ​ကြ​လ​တ္တံ့။

အ​ကြောင်း​မူ​ကား၊ ကိုယ်​ကို​ကိုယ် ချီး​မွမ်း​သော​သူ​သည် ဝန်​ခံ​တော်​မူ​သော သူ​ဖြစ်​သည်​မ​ဟုတ်။ သ​ခင်​ဘု​ရား ချီး​မွမ်း​တော်​မူ​ခြင်း​ကို ခံ​ရ​သော​သူ​သာ​လျှင် ဝန်​ခံ​တော်​မူ​သော​သူ​ဖြစ်​သ​တည်း။

ရန်​တွေ့​လို​သော​စိတ်၊ အ​ချည်း​နှီး ကျော်​စော​ကိ​တ္တိ​ကို တပ်​မက်​သော​စိတ်​ရှိ၍ အ​ဘယ်​အ​မှု​ကိုမျှ မ​ပြု​ကြ​နှင့်။ သူ​တစ်​ပါး​သည် ကိုယ်​ထက်​သာ၍ ကောင်း​မြတ်​သည်​ဟု နှိမ့်​ချ​သော စိတ်​ရှိ၍ တစ်​ယောက်​ကို​တစ်​ယောက် ထင်​မှတ်​ကြ​လော့။-

ထို​မှ​တစ်​ပါး၊ ခ​ရစ်​တော်၏​တ​မန်​တော်​ဖြစ်၍၊ လေး​သော​ဝန်​ကို တင်​ပိုင်​သော်​လည်း၊ လူ​ပေး​သော ဘုန်း​အ​သ​ရေ​ကို သင်​တို့​တွင်​မ​ရှာ၊ အ​ခြား​သူ​တို့​တွင်​လည်း မ​ရှာ​ဘဲ၊-

လော​က​ဓာတ်​တို့၏ ဘု​ရင်​တည်း​ဟူ​သော၊ ဖောက်​ပြန်​ပျက်​စီး​ခြင်း​နှင့် ကင်း​လွတ်​တော်​မူ​ထ​သော၊ မျက်​မြင်​မ​ရ၊ အ​ရူ​ပ​ဖြစ်​တော်​မူ​ထ​သော၊ တစ်​ဆူ​တည်း​သော​ဘု​ရား​သ​ခင်​သည် က​မ္ဘာ​အ​ဆက်​ဆက် ဂုဏ်​အ​သ​ရေ၊ ဘုန်း​အာ​နု​ဘော်​ရှိ​တော်​မူ​စေ​သ​တည်း။ အာ​မင်။

ညီ​အစ်​ကို​တို့၊ သင်​တို့​သည် အ​သက်​ရှင်​တော်​မူ​သော ဘု​ရား​သ​ခင့်​ထံ​တော်​မှ ထွက်​သွား​သော​အား​ဖြင့် မ​ယုံ​ကြည်​တတ်၊ ဆိုး​ညစ်​သော စိတ်​နှ​လုံး​မ​ရှိ​စေ​ခြင်း​ငှာ သ​တိ​ပြု​ကြ​လော့။-

ငါ့​ညီ​အစ်​ကို​တို့၊ ဘုန်း​ကြီး​တော်​မူ​သော ငါ​တို့ သ​ခင်​ယေ​ရှု​ခ​ရစ်​ကို ယုံ​ကြည်​ခြင်း​အ​မှု​မှာ၊ လူ​မျက်​နှာ​ကို ထောက်​ခြင်း​မ​ရှိ​ကြ​နှင့်။-

ငါ​တို့​ကို ကယ်​တင်​တော်​မူ​သော​အ​ရှင်၊ တစ်​ဆူ​တည်း​သော​ဘု​ရား​သ​ခင်​သည်၊ ငါ​တို့​သ​ခင်​ယေ​ရှု​ခ​ရစ်​အား​ဖြင့်၊ ယ​ခု​မှ​စ၍ က​မ္ဘာ​အ​ဆက်​ဆက် ဘုန်း​တန်​ခိုး​အာ​နု​ဘော်​နှင့် အ​စွမ်း​သ​တ္တိ​အာ​ဏာ​စက် ရှိ​တော်​မူ​စေ​သ​တည်း။ အာ​မင်။ ရှင်​ယု​ဒ​ဩ​ဝါ​ဒ​စာ​ပြီး၏။

ရှော​လု​က အ​ကျွန်ုပ်​ပြစ်​မှား​ပါ​ပြီ။ သို့​သော်​လည်း အ​ကျွန်ုပ်​အ​မျိုး​သား​ချင်း အ​သက်​ကြီး​သူ​တို့​ရှေ့၌​လည်း​ကောင်း၊ ဣ​သ​ရေ​လ​အ​မျိုး​ရှေ့၌​လည်း​ကောင်း၊ အ​ကျွန်ုပ်၏​ဂုဏ်​အ​သ​ရေ​ကို မ​ဖျက်​ပါ​နှင့်။ အ​ကျွန်ုပ်​သည် ကိုယ်​တော်၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ကို ကိုး​ကွယ်​ရ​မည်​အ​ကြောင်း၊ အ​ကျွန်ုပ်​နှင့်​အ​တူ ပြန်​လာ​ပါ​ဟု တောင်း​ပန်​သည်​အ​တိုင်း၊

ထို​သို့​ပြု​သော​ကြောင့်၊ ဣ​သ​ရေ​လ​အ​မျိုး၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ သင့်​အ​မျိုး၊ သင့်​အ​ဘ၏​အ​မျိုး​သည် ငါ့​ရှေ့​မှာ​အ​စဉ် သွား​လာ​ရ​လိမ့်​မည်​ဟု ငါ​ဆို​မိ​သော်​လည်း၊ တစ်​ဖန် ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ ထို​က​တိ​သည် ငါ​နှင့်​ဝေး​ပါ​စေ။ ငါ့​ကို ချီး​မြှောက်​သော သူ​တို့​ကို ငါ​ချီး​မြှောက်​မည်။ ငါ့​ကို မ​ထီ​မဲ့​မြင်​ပြု​သော သူ​တို့​သည် ဂုဏ်​အ​သ​ရေ​ပျက်​ရ​ကြ​လိမ့်​မည်။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ