Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ရှင်ယောဟန် 5:28

Judson Bible

ဤ​အ​မှု​အ​ရာ​ကို အံ့​ဩ​ခြင်း​မ​ရှိ​ကြ​နှင့်။ သင်္ချိုင်း​များ​မှာ​ရှိ​သော သူ​အ​ပေါင်း​တို့​သည် သား​တော်၏ စ​ကား​သံ​ကို​ကြား၍၊-

အခန်းကိုကြည့်ပါ။ ကော်ပီ

19 ပူးပေါင်းရင်းမြစ်များ  

ကိုယ်​တော်၏ လူ​သေ​တို့​သည် အ​သက်​ရှင်​ကြ​ပါ​လိမ့်​မည်။ ငါ၏​အ​သေ​ကောင်​တို့​သည်​လည်း ထ​မြောက်​ကြ​ပါ​လိမ့်​မည်။ မြေ​မှုန့်၌​နေ​သော သူ​တို့၊ နိုး၍ သီ​ချင်း​ဆို​ကြ​လော့။ အ​ကြောင်း​မူ​ကား၊ ကိုယ်​တော်၏​နှင်း​သည် မြက်​ပင်​တို့​ကို​ပေါက်​စေ​သော နှင်း​ကဲ့​သို့​ဖြစ်၍၊ မြေ​သည်​လည်း မိ​မိ​သင်္ချိုင်း​သား​တို့​ကို ထုတ်​ဖော်​ရ​ပါ​လိမ့်​မည်။

ထို​ကာ​လ​အ​ခါ မြေ​မှုန့်၌ အိပ်​ပျော်​သော​သူ​များ​တို့​သည် နိုး​ကြ​လိမ့်​မည်။ အ​ချို့​တို့​ကား၊ ထာ​ဝ​ရ အ​သက်​ရှင်​ခြင်း​နှင့်​လည်း​ကောင်း၊ အ​ချို့​တို့​ကား ရှက်​ကြောက်​ခြင်း၊ ထာ​ဝ​ရ​အ​သ​ရေ​ပျက်​ခြင်း​နှင့်​လည်း​ကောင်း နိုး​ကြ​လိမ့်​မည်။

သူ​တို့​ကို မ​ရ​ဏနိုင်​ငံ​တန်​ခိုး​မှ ငါ​ကယ်​လွှတ်​မည်။ သေ​မင်း​လက်​မှ​လည်း ရွေး​မည်။ အို သေ​မင်း၊ သင့်​ကို ကာ​လ​နာ​စွဲ​စေ​မည်။ အို မ​ရ​ဏ​နိုင်​ငံ၊ သင်၌ ဖျက်​ဆီး​သော​ဘေး​ကို ရောက်​စေ​မည်။ နောင်​တ​ရ​မည်​အ​ကြောင်း​ကို ပ​မာ​ဏ​မ​ပြု။

ဒု​တိ​ယ​မွေး​ခြင်း​ကို ခံ​ရ​မည်​ဟု ငါ​ဟော​ပြော​သည်​ကို အံ့​ဩ​ခြင်း​မ​ရှိ​နှင့်။-

ယေ​ရှု​က၊ အ​ချင်း​မိန်း​မ၊ ငါ့​စ​ကား​ကို​ယုံ​လော့။ ဤ​တောင်​သို့ မ​လာ၊ ယေ​ရု​ရှ​လင်​မြို့​သို့​မ​သွား​ဘဲ ခ​မည်း​တော်​ကို​ကိုး​ကွယ်​ရ​မည် အ​ချိန်​ကာ​လ ရောက်​ဆဲ​ရှိ၏။-

ကိုး​ကွယ်​သော​သူ​မှန်​သ​မျှ​တို့​သည် ခ​မည်း​တော်​ကို နာမ်​ဝိ​ညာဉ်​နှင့်​လည်း​ကောင်း၊ သ​စ္စာ​တ​ရား​နှင့်​လည်း​ကောင်း၊ ကိုး​ကွယ်​ရ​မည့်​အ​ချိန်​ကာ​လ​သည် လာ၍ ယ​ခု​ပင်​ရောက်​လျက်​ရှိ၏။ အ​ကြောင်း​မူ​ကား၊ ထို​သို့​ကိုး​ကွယ်​သော​သူ​တို့​ကို ခ​မည်း​တော်​သည် အ​လို​ရှိ​တော်​မူ၏။-

ခ​မည်း​တော်​သည် သား​တော်​ကို​ချစ်​တော်​မူ၍ ပြု​တော်​မူ​သ​မျှ​တို့​ကို သား​တော်​အား​ပြ​တော်​မူ၏။ သင်​တို့​သည် အံ့​ဩ​ဖွယ်​ရှိ​စေ​ခြင်း​ငှာ ဤ​မျှ​မ​က သာ၍​ကြီး​စွာ​သော အ​မူ​အ​ရာ​တို့​ကို သား​တော်​အား​ပြ​တော်​မူ​လိမ့်​မည်။-

ငါ​အ​မှန်​အ​ကန်​ဆို​သည်​ကား၊ သေ​လွန်​သော​သူ​တို့​သည် ဘု​ရား​သ​ခင်​သား​တော်၏ စ​ကား​သံ​ကို​ကြား၍၊ ကြား​သော​အား​ဖြင့် အ​သက်​ရှင်​ရ​မည့်​အ​ချိန်​ကာ​လ​သည် လာ၍ ယ​ခု​ပင်​ရောက်​လျက်​ရှိ၏။-

ဖြောင့်​မတ်​သော​သူ၊ မ​ဖြောင့်​မတ်​သော​သူ​ရှိ​သ​မျှ​တို့​သည် သေ​ခြင်း​မှ ထ​မြောက်​ကြ​လိမ့်​မည်​ဟူ၍၊ သူ​တို့​မျှော်​လင့်​သည်​နည်း​တူ၊ အ​ကျွန်ုပ်​လည်း ဘု​ရား​သ​ခင်​ကို အ​မှီ​ပြု၍ မျှော်​လင့်​ပါ၏။-

ပေ​တ​ရု​သည် မြင်​လျှင်၊ ဣ​သ​ရေ​လ​လူ​တို့ အ​ဘယ်​ကြောင့် ဤ​အ​မှု​ကို အံ့​ဩ​ကြ​သ​နည်း။ ဤ​သူ​သည် လှမ်း​သွား​နိုင်​သော​အ​ခွင့်​ကို ငါ​တို့​သည် ကိုယ်​တန်​ခိုး၊ ကိုယ်​သီ​လ​အား​ဖြင့်​ပေး​ဘိ​သ​ကဲ့​သို့ အ​ဘယ်​ကြောင့် ငါ​တို့​ကို စေ့​စေ့​ကြည့်​ရှု​ကြ​သ​နည်း။-

လူ​အ​ပေါင်း​တို့​သည် အာ​ဒံ​အား​ဖြင့် သေ​ခြင်း​သို့ ရောက်​သည်​နည်း​တူ၊ လူ​အ​ပေါင်း​တို့​သည် ခ​ရစ်​တော်​အား​ဖြင့် အ​သက်​ရှင်​ခြင်း​သို့ ရောက်​ရ​ကြ​လ​တ္တံ့။-

ထို​သ​ခင်​သည် ခပ်​သိမ်း​သော​အ​ရာ​ကို​ပင် မိ​မိ​အောက်၌ နှိမ့်​ချ​နိုင်​တော်​မူ​သော ပြု​ပြင်​အား​ထုတ်​ခြင်း​အား​ဖြင့် ယုတ်​ညံ့​သော ငါ​တို့၏ ကိုယ်​ခ​န္ဓာ​ကို​ပင်၊ ဘုန်း​အ​သ​ရေ​နှင့်​ပြည့်​စုံ​သော ကိုယ်​ခ​န္ဓာ​တော်၏​နည်း​တူ ဖြစ်​စေ​ခြင်း​ငှာ အ​သစ် ပြင်​ဆင်​တော်​မူ​လ​တ္တံ့။

သေ​လွန်​သော​သူ အ​ကြီး​အ​ငယ်​တို့​သည် ပ​လ္လင်​တော်​ရှေ့​မှာ ရပ်​န​ကြ​သည်​ကို ငါ​မြင်၏။ စာ​စောင်​များ​ကို ဖွင့်​ထား၏။ အ​သက်​စာ​စောင်​တည်း​ဟူ​သော အ​ခြား​တစ်​ပါး​သော စာ​စောင်​ကို​လည်း ဖွင့်​လေ၏။ သေ​လွန်​သော​သူ​တို့​သည် မိ​မိ​တို့​အ​ကျင့်​အ​တိုင်း၊ စာ​စောင်​တို့၌ ရေး​ထား​ချက်​များ​နှင့်​အ​ညီ တ​ရား​စီ​ရင်​ခြင်း​ကို ခံ​ရ​ကြ၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ