Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ရှင်ယောဟန် 5:27

Judson Bible

သား​တော်​သည် လူ​သား​ဖြစ်​သော​ကြောင့် တ​ရား​စီ​ရင်​ခြင်း​အ​ခွင့်​ကို​လည်း အပ်​ပေး​တော်​မူ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

15 ပူးပေါင်းရင်းမြစ်များ  

ငါ၏​သ​ခင်​သည် တစ်​ပါး​အ​မျိုး​သား​တို့​တွင် တ​ရား​စီ​ရင်​လျက်၊ အ​သေ​ကောင်​တို့​ကို အ​နှံ့​အ​ပြား​ဖြစ်​စေ၍၊ ကျယ်​သော​မြေ၌ သူ​တို့​ဦး​ခေါင်း​ကို နှိပ်​စက်​တော်​မူ​မည်။

လူ​သား​သည် မြေ​ကြီး​ပေါ်​မှာ အ​ပြစ်​လွှတ်​ပိုင်​သည်​ကို သင်​တို့​သိ​စေ​ခြင်း​ငှာ ထ​လော့။ ကိုယ်​အိပ်​ရာ​ကို ဆောင်၍ ကိုယ်​အိမ်​သို့ သွား​လော့​ဟု လက်​ခြေ​သေ​သော​သူ​အား မိန့်​တော်​မူ၏။-

လူ​အ​ပေါင်း​တို့​သည် ခ​မည်း​တော်​ကို ရို​သေ​သည်​နည်း​တူ၊-

ထို​အ​ခါ ယေ​ရှု​က​လည်း၊ မျက်​စိ​မ​မြင်​သော​သူ​သည် မြင်​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ မြင်​သော​သူ​ကို မျက်​စိ​ကန်း​စေ ခြင်း​ငှာ​လည်း​ကောင်း၊ ငါ​သည် တ​ရား​စီ​ရင်၍ ဤ​လော​က​သို့ ရောက်​လာ​ပြီ​ဟု မိန့်​တော်​မူ၏။-

ထို​သ​ခင်​သည်​လည်း အ​သက်​ရှင်​သော​သူ​တို့​နှင့် သေ​သော​သူ​တို့​ကို တ​ရား​စီ​ရင်​သော​သ​ခင်​ဖြစ်​စေ​ခြင်း​ငှာ၊ ဘု​ရား​သ​ခင် ခန့်​ထား​တော် မူ​ကြောင်း​ကို လူ​အ​ပေါင်း​တို့​အား ဟော​ပြော​ကြ​လော့။ သက်​သေ​ခံ​ကြ​လော့​ဟု ငါ​တို့​အား ပ​ညတ်​ထား​တော်​မူ၏။-

အ​ကြောင်း​မူ​ကား၊ ခန့်​ထား​တော်​မူ​သော သူ​အား​ဖြင့် လော​ကီ​သား​တို့​ကို ဖြောင့်​မတ်​ခြင်း​တ​ရား​နှင့် ညီ​လျော်​စွာ စစ်​ကြော​စီ​ရင် မည့်​နေ့​ရက်​ကို ချိန်း​ချက်​တော်​မူ​ပြီ။ ထို​သူ​ကို သေ​ခြင်း​မှ ထ​မြောက်​စေ​တော်​မူ​သော​အား​ဖြင့် ခပ်​သိမ်း​သော​လူ​တို့​အား ယုံ​လောက်​သော သက်​သေ​ကို​ပြ​တော်​မူ​ပြီ​ဟု ပေါ​လု​ဟော​ပြော၏။-

ခ​ရစ်​တော်​သည် ရန်​သူ​အ​ပေါင်း​တို့​ကို ခြေ​ဖ​ဝါး​တော်​အောက်၌ ချ​ထား​တော်​မ​မူ​မီ​တိုင်​အောင် အုပ်​စိုး​တော်​မူ​ရ​မည်။-

ထို​သား​တော်​ကို အ​လုံး​စုံ​တို့၏ အ​မွေ​ခံ​သ​ခင်​အ​ရာ၌ ခန့်​ထား​တော်​မူ၏။ သား​တော်​အား​ဖြင့်​လည်း လော​က​ဓာတ်​တို့​ကို တည်​တော်​မူ၏။-

ထို​သ​ခင်​သည် ကောင်း​ကင်​ဘုံ​သို့ ကြွ​တော်​မူ​သည်​ဖြစ်၍၊ ကောင်း​ကင်​တ​မန်​အ​စ​ရှိ​သော အာ​ဏာ​စက် တန်​ခိုး​များ​တို့​ကို အုပ်​စိုး​လျက်၊ ဘု​ရား​သ​ခင်၏ လက်​ယာ​တော်​ဘက်၌ ရှိ​တော်​မူ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ