Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ရှင်ယောဟန် 17:18

Judson Bible

ကိုယ်​တော်​သည် အ​ကျွန်ုပ်​ကို ဤ​လော​က​သို့ စေ​လွှတ်​တော်​မူ​သည်​နည်း​တူ၊ အ​ကျွန်ုပ်​သည် ဤ​သူ​တို့​ကို စေ​လွှတ်​ပါ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

13 ပူးပေါင်းရင်းမြစ်များ  

ထို​တစ်​ကျိပ်​နှစ်​ပါး​သော သူ​တို့​ကို ယေ​ရှု​သည် စေ​လွှတ်​တော်​မူ၍၊ သင်​တို့​သည် တစ်​ပါး​အ​မျိုး​သား​တို့​ရှိ​ရာ​သို့ မ​သွား​ကြ​နှင့်။ ရှ​မာ​ရိ​မြို့​ရွာ​ထဲ​သို့ မ​ဝင်​ကြ​နှင့်။-

ထို​ကြောင့် ဗျာ​ဒိတ်​တော်​အ​ချက် ဟူ​မူ​ကား ပ​ရော​ဖက်​ပ​ညာ​ရှိ ကျမ်း​ပြု​ဆ​ရာ​တို့​ကို သင်​တို့​ရှိ​ရာ​သို့ ငါ​စေ​လွှတ်၏။ ထို​သူ​အ​ချို့​တို့​ကို ကွပ်​မျက်၍ လက်​ဝါး​ကပ်​တိုင်၌ သတ်​ကြ​လိမ့်​မည်။ အ​ချို့​တို့​ကို တ​ရား​ဇ​ရပ်၌ ရိုက်၍ တစ်​မြို့​မှ တစ်​မြို့​သို့ ညှဉ်း​ဆဲ​နှင်​ထုတ်​ကြ​လိမ့်​မည်။-

ကိုယ်​တော်​သည် အ​ကျွန်ုပ်​ကို​စေ​လွှတ်​တော်​မူ​သည်​ကို လော​ကီ​သား​တို့​သည် ယုံ​ကြ​မည်​အ​ကြောင်း ထို​သူ​အ​ပေါင်း​တို့​သည် တစ်​လုံး​တစ်​ဝ​တည်း​ဖြစ်​လျက်၊ အ​ဘ၊ ကိုယ်​တော်​သည် အ​ကျွန်ုပ်၌​ရှိ​တော်​မူ၍ အ​ကျွန်ုပ်​သည်​လည်း ကိုယ်​တော်၌​ရှိ​သ​ကဲ့​သို့၊ ထို​သူ​အ​ပေါင်း​တို့​သည် ငါ​တို့၌ တစ်​လုံး​တစ်​ဝ​တည်း​ဖြစ်​စေ​ခြင်း​ငှာ ဆု​တောင်း​ပါ၏။-

ကိုယ်​တော်​သည်​လည်း၊ အ​ကျွန်ုပ်၌ ရှိ​တော်​မူ​သော​အား​ဖြင့် သူ​တို့​သည် တစ်​လုံး​တစ်​ဝ​တည်း​ဖြစ်၍၊ တစ်​လုံး​တစ်​ဝ​တည်း၌ စုံ​လင်​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ ကိုယ်​တော်​သည် အ​ကျွန်ုပ်​ကို​စေ​လွှတ်​တော်​မူ​ကြောင်း​နှင့် အ​ကျွန်ုပ်​ကို ချစ်​တော်​မူ​သ​ကဲ့​သို့ သူ​တို့​ကို​လည်း ချစ်​တော်​မူ​ကြောင်း​ကို လော​ကီ​သား​တို့​သည် သိ​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ ကိုယ်​တော်​သည် အ​ကျွန်ုပ်​အား​ပေး​တော်​မူ​သော ဘုန်း​အ​သ​ရေ​ကို အ​ကျွန်ုပ်​သည်​သူ​တို့​အား ပေး​ပါ​ပြီ။-

တ​ရား​တော်​မူ​သော​အ​ဘ၊ လော​ကီ​သား​တို့​သည် ကိုယ်​တော်​ကို​မ​သိ​သော်​လည်း အ​ကျွန်ုပ်​သိ​ပါ၏။ ကိုယ်​တော်​သည် အ​ကျွန်ုပ်​ကို စေ​လွှတ်​တော်​မူ​ကြောင်း​ကို ထို​သူ​တို့​သည် သိ​ကြ​ပါ၏။-

ထာ​ဝ​ရ​အ​သက်​ဟူ​မူ​ကား၊ မှန်​သော​ဘု​ရား​သ​ခင် တစ်​ဆူ​တည်း​ဖြစ်​တော်​မူ​သော ကိုယ်​တော်​ကို​လည်း​ကောင်း၊ စေ​လွှတ်​တော်​မူ​သော ယေ​ရှု​ခ​ရစ်​ကို​လည်း​ကောင်း၊ သိ​ကျွမ်း​ခြင်း​တည်း။-

အ​ကြောင်း​မူ​ကား၊ အ​ကျွန်ုပ်​အား ပေး​တော်​မူ​သ​မျှ​သော​အ​ရာ​တို့​ကို သူ​တို့​အား​အ​ကျွန်ုပ်​ပေး၍ သူ​တို့​သည် ခံ​ယူ​သ​ဖြင့်၊ အ​ကျွန်ုပ်​သည် အ​ထံ​တော်​မှ​ကြွ​လာ​သည်​ကို အ​တပ်​သိ​ကြ​သည်​နှင့် ကိုယ်​တော်​သည် အ​ကျွန်ုပ်​ကို စေ​လွှတ်​တော်​မူ​သည်​ကို ယုံ​ကြ​ပါ၏။-

တစ်​ဖန် ယေ​ရှု​က၊ သင်​တို့၌ ငြိမ်​သက်​ခြင်း​ရှိ​စေ​သ​တည်း။ ခ​မည်း​တော်​သည် ငါ့​ကို စေ​လွှတ်​တော်​မူ​သည်​နည်း​တူ၊ သင်​တို့​ကို ငါ​စေ​လွှတ်​သည်​ဟု မိန့်​တော်​မူ​ပြီး​လျှင်၊-

လော​ကီ​သား​တို့​အား အ​ပြစ်​စီ​ရင်​ခြင်း​ငှာ၊ ဘု​ရား​သ​ခင်​သည်​သား​တော်​ကို ဤ​လော​က​သို့ စေ​လွှတ်​တော်​မူ​သည်​မ​ဟုတ်။ လော​ကီ​သား​တို့​သည် ကိုယ်​တော်​အား​ဖြင့် ကယ်​တင်​ခြင်း​သို့​ရောက်​မည်​အ​ကြောင်း စေ​လွှတ်​တော်​မူ၏။-

သင်​တို့​သည် လယ်​မ​လုပ်​သော​အ​ရပ်၌ စ​ပါး​ရိတ်​စေ​ခြင်း​ငှာ သင်​တို့​ကို​ငါ​စေ​လွှတ်၏။ အ​ခြား​သော သူ​တို့​သည် လယ်​လုပ်​ကြ၍၊ သင်​တို့​သည် ထို​သူ​တို့၏ အ​လုပ်​ထဲ​သို့ ဝင်​ရ​ကြ၏​ဟု မိန့်​တော်​မူ၏။

ထို​ကြောင့် ငါ​တို့​သည်​ခ​ရစ်​တော်၏ သံ​တ​မန်​ဖြစ်​ကြ၏။ သင်​တို့​သည်​ရန်​ငြိမ်း၍ ဘု​ရား​သ​ခင်​နှင့် မိတ်​သ​ဟာ​ယ​ဖွဲ့​ကြ​လော့​ဟု ဘု​ရား​သ​ခင်​သည် ငါ​တို့​အား​ဖြင့် နှိုး​ဆော် သွေး​ဆောင်​တော်​မူ​သ​ကဲ့​သို့၊ ငါ​တို့​သည် ခ​ရစ်​တော်၏ ကိုယ်​စား​ဖြစ်၍ သင်​တို့​ကို တောင်း​ပန် သွေး​ဆောင်​ကြ၏။-

တန်​ခိုး​တော်​ပြု​ပြင်​သော​အား​ဖြင့် ငါ့​အား​ပေး​သ​နား​တော်​မူ​သော ဘု​ရား​သ​ခင်၏ ကျေး​ဇူး​တော်​ကို ခံ​ရ​သည်​နှင့်​အ​ညီ၊ ထို​တ​ရား​ကို ဟော​ပြော​သော ဆ​ရာ၏​အ​ဖြစ်​သို့ ငါ​ရောက်​ရ​ပြီ။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ