ရှင်ယောဟန် 17:17Judson Bibleကိုယ်တော်၏သမ္မာတရားအားဖြင့် သူတို့ကို သန့်ရှင်းစေတော်မူပါ။ ကိုယ်တော်၏နှုတ်ကပတ်သည် သမ္မာတရားဖြစ်ပါ၏။- အခန်းကိုကြည့်ပါ။ |
အထက်က ကျင်လည်ကြသည်အရာမှာ လှည့်ဖြားတတ်သော လောဘစိတ်တို့ဖြင့် ပုပ်ပျက်သောလူဟောင်းကို ချွတ်ပယ်၍၊ စိတ်နှလုံးသဘောသစ်ကို ရပြီးလျှင်၊ မှန်သောဖြောင့်မတ်ခြင်း၊ သန့်ရှင်းခြင်း ပါရမီအားဖြင့် ဘုရားသခင်နှင့်အတူအမျှ ဖန်ဆင်းသော လူသစ်ကို ယူတင်ဝတ်ဆောင်မည်အကြောင်း၊ ခရစ်တော်၏စကားကို ကြားနာရသည်ဖြစ်၍၊ ယေရှု၌ သမ္မာတရားရှိသည်နှင့်အညီ၊ ထိုသခင်ထံ၌ နည်းခံကြပြီသတည်း။
ထိုအသင်းတော်သည် သန့်ရှင်းလျက် အပြစ်ကင်းလျက်ရှိသည် ဖြစ်၍၊ အညစ်အကြေးတင်ခြင်း၊ အရေတွန့်ခြင်းမှ စသည်တို့နှင့် လွတ်လပ်သဖြင့်၊ အသရေတင့်တယ်လျက် ရှိသော အသင်းတော်ကို ခရစ်တော်သည် မိမိအား ဆက်သအံ့သောငှာ၊ နှုတ်ကပတ်တော်ရေ၌ ဆေးကြော ခြင်းအားဖြင့် စင်ကြယ်သန့်ရှင်း စေမည်အကြောင်း၊ ထိုအသင်းတော်အဖို့ အလိုငှာ ကိုယ်ကိုကိုယ်စွန့်တော်မူ၏။-
သို့သော်လည်း၊ သခင်ဘုရား ချစ်တော်မူသော ညီအစ်ကိုတို့၊ သင်တို့သည် စိတ်သန့်ရှင်းခြင်း၊ သမ္မာတရားကို ယုံကြည်ခြင်းအားဖြင့် ကယ်တင်ခြင်းသို့ ရောက်စိမ့်သောငှာ၊ ဘုရားသခင်သည် ရှေ့ဦးစွာကပင် သင်တို့ကို ရွေးကောက်တော်မူသည်ဖြစ်၍၊ ငါတို့သည် သင်တို့ကြောင့် ဘုရားသခင်၏ကျေးဇူးတော်ကို အစဉ်မပြတ် ချီးမွမ်းရကြမည်။-