Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ရှင်ယောဟန် 16:8

Judson Bible

ဥ​ပ​ဇ္ဈာယ်​ဆ​ရာ​သည် ရောက်​လာ​လျှင်၊ ဒု​စ​ရိုက်​အ​ပြစ်​ကို​လည်း​ကောင်း၊ အ​ပြစ်​ကင်း​ခြင်း​ကို​လည်း​ကောင်း၊ အ​ပြစ်​စီ​ရင်​ခြင်း​ကို​လည်း​ကောင်း၊ လော​ကီ​သား​တို့​အား ထင်​ရှား​စွာ​ဖော်​ပြ​မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

10 ပူးပေါင်းရင်းမြစ်များ  

နူ​နာ​သည် အ​ရေ၌​တိုး​ပွား၍ အ​နာ​စွဲ​သော​သူ​တစ်​ကိုယ်​လုံး၊ ခေါင်း​ထိပ်​မှ​သည် ခြေ​ဖ​ဝါး​တိုင်​အောင်၊ ယဇ်​ပု​ရော​ဟိတ်​ကြည့်​ရှု​လေ​ရာ​ရာ၌ နူ​နာ​နှံ့​ပြား​လျှင်၊

ကျေး​ဇူး​တော်​ကို ခံ​သော​သ​ဘော၊ ဆု​တောင်း​ပ​တ္ထ​နာ​ပြု​သော​သ​ဘော​ကို ဒါ​ဝိဒ်​မင်း​မျိုး၊ ယေ​ရု​ရှ​လင်​မြို့​သား​တို့​အ​ပေါ်​သို့ ငါ​သွန်း​လောင်း​သ​ဖြင့်၊ သူ​တို့​သည် မိ​မိ​တို့ ထိုး​ဖောက်​သော ငါ့​ကို ရှု​မြင်​ရ​ကြ​လိမ့်​မည်။ တစ်​ယောက်​တည်း​သော​သား​အ​တွက် အ​ဘ​သည် ငို​ကြွေး​မြည်​တမ်း​သ​ကဲ့​သို့၊ ထို​သူ​အ​တွက် ငို​ကြွေး​မြည်​တမ်း​ရ​ကြ​လိမ့်​မည်။ သား​ဦး​အ​တွက် အ​ဘ​သည် နာ​ကြည်း​ရ​ကြ​လိမ့်​မည်။

ငါ​အ​မှန်​အ​ကန်​ဆို​သည်​ကား၊ ငါ​သွား​လျှင် သင်​တို့​အ​ကျိုး​ရှိ​လိမ့်​မည်။ အ​ကြောင်း​မူ​ကား၊ ငါ​မ​သွား​လျှင် ဥ​ပ​ဇ္ဈာယ်​ဆ​ရာ​သည် သင်​တို့​ဆီ​သို့​မ​လာ။ ငါ​သွား​လျှင် ထို​သူ​ကို သင်​တို့​ဆီ​သို့ ငါ​စေ​လွှတ်​မည်။-

ငါ့​ကို မ​ယုံ​ကြည်​ကြ​သော​ကြောင့် ဒု​စ​ရိုက်​အ​ပြစ်​ကို ဖော်​ပြ​မည်။-

ငါ၌ အ​ပြစ်​ရှိ​ကြောင်း​ကို သင်​တို့​တွင် အ​ဘယ်​သူ​ဖော်​ပြ​သ​နည်း။ သ​စ္စာ​စ​ကား​ကို​ငါ​ပြော​သည်​မှန်​လျှင် အ​ဘယ်​ကြောင့်​သင်​တို့ မ​ယုံ​ကြ​သ​နည်း။-

ထို​သူ​တို့​သည်​ကြား​ရ​လျှင် မိ​မိ​တို့​စိတ်​နှ​လုံး​သည် မိ​မိ​တို့​အ​ပြစ်​ကို ဖော်​ပြ​သ​ဖြင့်၊ အ​သက်​ကြီး​သော​သူ​မှ​စ၍ အ​ငယ်​ဆုံး​သော​သူ​တိုင်​အောင် တစ်​ယောက်​နောက်​တစ်​ယောက် ထွက်​သွား​ကြ၏။ ယေ​ရှု​သည် တစ်​ယောက်​တည်း ကျန်​ရစ်​တော်​မူ၍၊ မိန်း​မ​သည် အ​လယ်၌​ရပ်​နေ၏။-

ထို​သူ​တို့​သည်​ကြား​ရ​လျှင် စိတ်​နှ​လုံး​ပူ​ပန်​ခြင်း​ရှိ၍၊ ညီ​အစ်​ကို​တို့၊ အ​ဘယ်​သို့​ပြု​ရ​ပါ​မည်​နည်း​ဟု ပေ​တ​ရု​မှ​စ၍ အ​ခြား​သော​တ​မန်​တော်​တို့​အား မေး​မြန်း​ကြ၏။-

သို့​မ​ဟုတ် သင်း​ဝင်​သူ အ​ပေါင်း​တို့​သည် ပ​ရော​ဖက်​ပြု၍ နေ​ကြ​စဉ်​တွင်၊ မ​ယုံ​ကြည်​သော​သူ၊ မ​တတ်​သော​သူ​သည် ဝင်​လာ​လျှင်၊ သင်း​ဝင်​သူ​အ​ပေါင်း​တို့​သည် သူ၏​အ​ပြစ်​ကို ဖော်​ပြ၍ သူ့​ကို စစ်​ကြော​စီ​ရင်​ကြ၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ