Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ရှင်ယောဟန် 16:7

Judson Bible

ငါ​အ​မှန်​အ​ကန်​ဆို​သည်​ကား၊ ငါ​သွား​လျှင် သင်​တို့​အ​ကျိုး​ရှိ​လိမ့်​မည်။ အ​ကြောင်း​မူ​ကား၊ ငါ​မ​သွား​လျှင် ဥ​ပ​ဇ္ဈာယ်​ဆ​ရာ​သည် သင်​တို့​ဆီ​သို့​မ​လာ။ ငါ​သွား​လျှင် ထို​သူ​ကို သင်​တို့​ဆီ​သို့ ငါ​စေ​လွှတ်​မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

19 ပူးပေါင်းရင်းမြစ်များ  

ကိုယ်​တော်​သည် မြင့်​သော​အ​ရပ်​သို့ တက်​ကြွ​တော်​မူ​သ​ဖြင့်၊ များ​စွာ​သော သူ​တို့​ကို​ဖမ်း​သွား​တော်​မူ၍၊ ထာ​ဝ​ရ​အ​ရှင်​ဘု​ရား​သ​ခင်​သည် လူ​တို့​တွင် ကျိန်း​ဝပ်​တော်​မူ​မည်​အ​ကြောင်း၊ လူ​တို့​အ​ဖို့​မ​က၊ ပုန်​ကန်​သော လူ​တို့​အ​ဖို့ ဆု​လာဘ်​များ​ကို ခံ​ရ​တော်​မူ​ပြီ။

ငါ့​ခ​မည်း​တော်၏ က​တိ​ရှိ​သည်​အ​တိုင်း သင်​တို့၌ ငါ​ပြု​ဦး​မည်။ သို့​ဖြစ်၍ သင်​တို့​သည် ကောင်း​ကင်​က​တန်​ခိုး​ကို မ​ခံ​မီ​တိုင်​အောင် ယေ​ရု​ရှ​လင်​မြို့၌ နေ​ကြ​ဦး​လော့​ဟု မိန့်​တော်​မူ၏။

ငါ​အ​မှန်​ဆို​ပြန်​သည်​ကား၊ ပ​ရော​ဖက် ဧ​လိ​ယ​လက်​ထက်၌ သုံး​နှစ်​နှင့် ခြောက်​လ​ပတ်​လုံး မိုး​ခေါင်၍၊ ပြည်​နိုင်​ငံ​တစ်​လျှောက်​လုံး အ​စာ​အာ​ဟာ​ရ အ​လွန်​ခေါင်း​ပါး​ခြင်း ရှိ​သော​အ​ခါ၊ ဣ​သ​ရေ​လ​အ​မျိုး​ဖြစ်​သော မု​ဆိုး​မ​အ​များ ရှိ​ကြ၏။-

ငါ​အ​မှန်​ဆို​သည်​ကား၊ ဤ​အ​ရပ်၌​ရှိ​သော သူ​အ​ချို့​တို့​သည် ဘု​ရား​သ​ခင်၏ နိုင်​ငံ​တော်​ကို​မ​မြင်​မီ သေ​ခြင်း​သို့ မ​ရောက်​ရ​ကြ​ဟု မိန့်​တော်​မူ၏။

ခ​မည်း​တော်​သည် ငါ့​အ​တွက်​ကြောင့် စေ​လွှတ်​တော်​မူ​သော ဥ​ပ​ဇ္ဈာယ်​ဆ​ရာ​တည်း​ဟူ​သော သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​သည် သင်​တို့​အား ခပ်​သိမ်း​သော​အ​ရာ​တို့​ကို ပြ​သ​သွန်​သင်​တော်​မူ၍၊ ငါ​ပြော​ခဲ့​သ​မျှ​သော စ​ကား​တို့​ကို မှတ်​မိ​သော​ဉာဏ်​ကို သင်​တို့​အား ပေး​တော်​မူ​မည်။-

ငါ​သည် ယ​ခု​သွား​သော်​လည်း သင်​တို့​ဆီ​သို့ လာ​ဦး​မည်​ဟု ငါ​ပြော​သော​စ​ကား​ကို သင်​တို့​ကြား​ရ​ကြ​ပြီ။ သင်​တို့​သည် ငါ့​ကို​ချစ်​လျှင် ခ​မည်း​တော်​ထံ​သို့ ငါ​သွား​မည်​ကို ဝမ်း​မြောက်​ကြ​လိမ့်​မည်။ အ​ကြောင်း​မူ​ကား၊ ငါ့​ခ​မည်း​တော်​သည် ငါ့​ထက်​သာ၍ ကြီး​မြတ်​တော်​မူ၏။-

ငါ​သည်​သွား၍ သင်​တို့​နေ​စ​ရာ​အ​ရပ်​ကို ပြင်​ဆင်​ပြီး​မှ တစ်​ဖန်​လာ​ပြန်၍၊ ငါ​ရှိ​ရာ​အ​ရပ်၌ သင်​တို့​ရှိ​စေ​ခြင်း​ငှာ သင်​တို့​ကို ငါ့​ထံ​သို့ သိမ်း​ဆည်း​မည်။-

ခ​မည်း​တော်​ထံ​မှ​ထွက်​လာ၍ သ​မ္မာ​တ​ရား​နှင့်​ပြည့်​စုံ​သော ဝိ​ညာဉ်​တော်​တည်း​ဟူ​သော ခ​မည်း​တော်​ထံ​မှ သင်​တို့​ဆီ​သို့ ငါ​စေ​လွှတ်​လ​တ္တံ့​သော ဥ​ပ​ဇ္ဈာယ်​ဆ​ရာ​သည် ရောက်​လာ​သော​အ​ခါ၊ ငါ၏​အ​ကြောင်း​ကို သက်​သေ​ခံ​လိမ့်​မည်။-

ဥ​ပ​ဇ္ဈာယ်​ဆ​ရာ​သည် ရောက်​လာ​လျှင်၊ ဒု​စ​ရိုက်​အ​ပြစ်​ကို​လည်း​ကောင်း၊ အ​ပြစ်​ကင်း​ခြင်း​ကို​လည်း​ကောင်း၊ အ​ပြစ်​စီ​ရင်​ခြင်း​ကို​လည်း​ကောင်း၊ လော​ကီ​သား​တို့​အား ထင်​ရှား​စွာ​ဖော်​ပြ​မည်။-

ထို​သို့​မိန့်​တော်​မူ​သော်၊ ယုံ​ကြည်​သော​သူ​တို့​သည် ခံ​ရ​လ​တ္တံ့​သော​ဝိ​ညာဉ်​တော်​ကို ရည်​မှတ်၍ မိန့်​တော်​မူ၏။ ယေ​ရှု​သည် ဘုန်း​ပွင့်​တော်​မ​မူ​သေး​သော​ကြောင့် သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​ကို ပေး​တော်​မ​မူ​သေး။

ထို​အ​ခါ​ပေ​တ​ရု​သည် နှုတ်​ကို​ဖွင့်၍၊ အ​ကယ်​စင်​စစ် ဘု​ရား​သ​ခင်​သည် လူ​မျက်​နှာ​ကို မှတ်​တော်​မ​မူ။-

ထို​သို့​ဘု​ရား​သ​ခင်​သည် လက်​ယာ​လက်​တော်​နှင့် ချီး​မြှောက်​တော်​မူ​သ​ဖြင့်၊ ထို​သ​ခင်​သည် က​တိ​တော်​နှင့် ယှဉ်​သော သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​ကို ခ​မည်း​တော်​ထံ၌ ခံ​ပြီ​ဖြစ်၍ သင်​တို့​သိ​မြင်​ကြား​ရ​သော​အ​ရာ​ကို ညွှန်း​လောင်း​တော်​မူ၏။-

ဘု​ရား​သ​ခင်​ကို ချစ်​သော​သူ​တည်း​ဟူ​သော ကြံ​စည်​တော်​မူ​ခြင်း​အ​တိုင်း ခေါ်​တော်​မူ​သော​သူ​တို့၏​အ​ကျိုး​ကို ခပ်​သိမ်း​သော​အ​ရာ​တို့​သည် တ​ညီ​တ​ညွတ်​တည်း ပြု​စု​ကြ​သည်​ကို ငါ​တို့​သိ​ကြ၏။-

အ​ကြောင်း​မူ​ကား၊ မျက်​မှောက်၌​ထင်​ရှား​သော အ​ရာ​တို့​သည် ခ​ဏ​သာ​တည်၍ မ​ထင်​ရှား​သော​အ​ရာ​တို့​သည် အ​စဉ်​အ​မြဲ​တည်​ကြောင်း​ကို ငါ​တို့​သည် ထောက်​လျက်၊ ထင်​ရှား​သော အ​ရာ​တို့​ကို မ​ကြည့်​မ​မှတ်​ဘဲ မ​ထင်​ရှား​သော​အ​ရာ​တို့​ကို ကြည့်​မှတ်​ကြ​စဉ်​အ​ခါ၊ ယ​ခု​ခ​ဏ​ခံ​ရ၍ ပေါ့​ပါး​သော ဆင်း​ရဲ​ခြင်း​ဒု​က္ခ​သည် အ​တိုင်း​ထက်​အ​လွန် ကြီး​မြတ်​လေး​လံ​သော နိ​စ္စ​ထာ​ဝ​ရ​ဘုန်း​အ​သ​ရေ​ကို ငါ​တို့​အ​ဖို့ ဖြစ်​စေ​တတ်၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ