ရှင်ယောဟန် 14:2Judson Bibleငါ့အဘ၏အိမ်တော်၌ နေစရာအခန်းအများရှိ၏။ သို့မဟုတ်လျှင် မဟုတ်ကြောင်းကို သင်တို့အား ငါမပြောဘဲမနေ။ သင်တို့နေစရာအရပ်ကို ပြင်ဆင်ခြင်းငှာ ငါသွားရ၏။- အခန်းကိုကြည့်ပါ။ |
သစ္စာစောင့်သော သက်သေခံ ဖြစ်တော်မူထသော၊ သေသောသူတို့တွင် သားဦး ဖြစ်တော်မူထသော၊ လောကီဘုရင်တို့၏ အထွတ်ဖြစ်တော်မူသော ယေရှုခရစ်အထံတော်ကလည်းကောင်း၊ ကျေးဇူးတော်နှင့် ငြိမ်သက်ခြင်းသည် သင်တို့၌ရှိပါစေသော။ ငါတို့ကိုချစ်၍ မိမိအသွေးနှင့် ငါတို့အပြစ်များကို ဆေးကြောတော်မူ၍၊-
အကြင်သူသည် အောင်မြင်၏။ ထိုသူကို ငါသည် ငါ၏ဘုရားသခင့်ဗိမာန်တော်၌ တိုင်ဖြစ်စေမည်။ နောက်တစ်ဖန် သူသည် ပြင်သို့မရွေ့ရ။ ငါ၏ ဘုရားသခင့် နာမတော်ကိုလည်းကောင်း၊ ငါ၏ဘုရားသခင့်အထံတော် မှထွက်၍၊ ကောင်းကင်ဘုံမှ ဆင်းသက်သော ယေရှုရှလင်မြို့သစ်တည်းဟူသော၊ ငါ၏ဘုရားသခင့်မြို့တော်၏ နာမကိုလည်းကောင်း၊ ငါ၏ နာမသစ်ကိုလည်းကောင်း၊ ထိုသူအပေါ်၌ ငါသည် အက္ခရာတင်မည်။-