Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ရှင်ယောဟန် 14:1

Judson Bible

တစ်​ဖန်​တုံ​ယေ​ရှု​က၊ သင်​တို့ စိတ်​နှ​လုံး​ပူ​ပန်​ခြင်း မ​ရှိ​စေ​နှင့်။ ဘု​ရား​သ​ခင်​ကို ယုံ​ကြည်​ကြ​လော့။ ငါ့​ကို​လည်း ယုံ​ကြည်​ကြ​လော့။-

အခန်းကိုကြည့်ပါ။ ကော်ပီ

37 ပူးပေါင်းရင်းမြစ်များ  

အို​ငါ့​ဝိ​ညာဉ်၊ သင်​သည်​အ​ဘယ်​ကြောင့် ညှိုး​ငယ်​သ​နည်း။ ငါ့​အ​ထဲ​မှာ အ​ဘယ်​ကြောင့် မ​ငြိမ်​မ​ဝပ်​ရှိ​သ​နည်း။ ဘု​ရား​သ​ခင်​ကို မျှော်​လင့်​လျက်​နေ​လော့။ ငါ့​ကို​ကယ်​တင်​တော်​မူ​သော​အ​ရှင်၊ ငါ​ကိုး​ကွယ်​သော​ဘု​ရား​သ​ခင်၏ ကျေး​ဇူး​တော်​ကို ငါ​ချီး​မွမ်း​ထော​မ​နာ ပြု​ရ​လေ​အံ့​သ​တည်း။

ထို​သို့​ဆို​သော် ငါ​သည် ကိုယ်​မိုက်​ကြောင်း​ကို ဝန်​ခံ​ရ၏။ ဤ​အ​မှု​ကား၊ အ​မြင့်​ဆုံး​သော​ဘု​ရား၏ လက်​ယာ​လက်​တော်​နှင့် ပြု​ပြင်​တော်​မူ​ခြင်း​ပေ​တည်း။

သ​စ္စာ​စောင့်၍ ဖြောင့်​မတ်​သော​လူ​မျိုး​ဝင်​ပါ​စေ။ စိတ်​နှ​လုံး​တည်​ကြည်​သော​သူ​သည် ကိုယ်​တော်၌ ခို​လှုံ​သော​ကြောင့်၊ ငြိမ်​သက်​ခြင်း​သက်​သက်​ရှိ​မည့်​အ​ကြောင်း စောင့်​ရှောက်​တော်​မူ​လိမ့်​မည်။

ငါ​ဝမ်း​နည်း​ခြင်း​ပျောက်​မည်​အ​ကြောင်း အ​ဘယ်​သို့​နည်း။ ငါ​သည် စိတ်​ပျက်​လျက်​နေ​ရ၏။

မာ​ရိ​မှ​စ၍ လိုက်​လာ​သော​ယု​ဒ​လူ​တို့​သည် ငို​ကြွေး​ကြ​သည်​ကို ယေ​ရှု​သည်​မြင်​တော်​မူ​သော​အ​ခါ၊ အ​လွန်​ညှိုး​ငယ်​ခြင်း၊ စိတ်​ပူ​ပန်​ခြင်း​ရှိ၍၊-

ငါ​သည် ယ​ခု​စိတ်​နှ​လုံး​ပူ​ပန်​ခြင်း​ရှိ၏။ အ​ဘယ်​သို့ ငါ​လျှောက်​ရ​မည်​နည်း။ ထို​အ​ချိန်​မှ​စ၍ အ​ကျွန်ုပ်​ကို ကယ်​တင်​တော်​မူ​ပါ၊ အ​ဘ​ဟု လျှောက်​ရ​မည်​လော။ အ​ကြောင်း​ရှိ၍​သာ ထို​အ​ချိန်​သို့​ရောက်​လာ​ပြီ။-

ယေ​ရှု​က​လည်း၊ ငါ့​ကို​ယုံ​ကြည်​သော​သူ​သည် ငါ့​ကို​သာ ယုံ​ကြည်​သည်​မ​ဟုတ်၊ ငါ့​ကို​စေ​လွှတ်​တော်​မူ​သော​သူ​ကို ယုံ​ကြည်၏။-

ထို​အ​မှု​အ​ရာ​ရောက်​သော​အ​ခါ ငါ​သည် ဤ​မည်​သော​သူ​ဖြစ်​သည်​ကို သင်​တို့​သည် ယုံ​ကြည်​စေ​ခြင်း​ငှာ၊ မ​ရောက်​မီ ယ​ခု​ပင် သင်​တို့​အား​ငါ​ပြော​နှင့်​ပြီ။-

ယ​ခု​တိုင်​အောင် ငါ၏​နာ​မ​ကို​အ​မှီ​ပြု၍ သင်​တို့​သည် အ​ဘယ်​ဆု​ကို​မျှ မ​တောင်း​ကြ​သေး။ သင်​တို့​သည် ဝမ်း​မြောက်​စ​ရာ​အ​ကြောင်း စုံ​လင်​စေ​ခြင်း​ငှာ တောင်း​ကြ​လော့။ ထို​သို့​တောင်း​လျှင် ရ​ကြ​လိမ့်​မည်။

ခ​မည်း​တော်​ကို​မ​သိ၊ ငါ့​ကို​လည်း မ​သိ​သော​ကြောင့် ထို​သို့​ပြု​ကြ​လိမ့်​မည်။-

ဤ​အ​ကြောင်း​အ​ရာ​တို့​ကို ငါ​ဟော​ပြော​သော​ကြောင့် သင်​တို့​သည် အ​လွန်​ဝမ်း​နည်း​ခြင်း​သို့ ရောက်​ကြ၏။

သား​တော်​ကို ရို​သေ​စေ​မည်​အ​ကြောင်း၊ ခ​မည်း​တော်​သည် အ​ဘယ်​သူ​ကို​မျှ တ​ရား​စီ​ရင်​တော်​မ​မူ။ တ​ရား​စီ​ရင်​ခြင်း​အ​ခွင့် ရှိ​သ​မျှ​ကို သား​တော်​အား အပ်​ပေး​တော်​မူ၏။ သား​တော်​ကို မ​ရို​သေ​သော​သူ​သည်​ကား၊ သား​တော်​ကို​စေ​လွှတ်​တော်​မူ​သော ခ​မည်း​တော်​ကို မ​ရို​သေ​သော​သူ​ဖြစ်၏။-

သား​တော်​ကို ကြည့်​မြင်၍ ယုံ​ကြည်​သော​သူ​ရှိ​သ​မျှ​တို့​သည် ထာ​ဝ​ရ​အ​သက်​ကို ရ​စေ​ခြင်း​ငှာ​လည်း​ကောင်း အ​လို​တော်​ရှိ၏။ ငါ​သည်​လည်း နောက်​ဆုံး​သော​နေ့၌ ထို​သူ​တို့​ကို ထ​မြောက်​စေ​မည်​ဟု မိန့်​တော်​မူ၏။

သို့​ဖြစ်၍ ထို​သို့​သော​သူ​သည် ဝမ်း​နည်း​ခြင်း အား​ကြီး​လျက်၊ မိန်း​မော​တွေ​ဝေ​ခြင်း မ​ရှိ​စေ​ခြင်း​ငှာ၊ သင်​တို့​သည် ခြား​နား​သော​အား​ဖြင့် သူ၏​အ​ပြစ်​ကို လွှတ်၍ သူ့​ကို​နှစ်​သိမ့်​စေ​ခြင်း​ငှာ ပြု​သင့်၏။-

ထို​ကြောင့် သင်​တို့​သည်​သ​ခင်​ယေ​ရှု​ကို ယုံ​ကြည်​ခြင်း​နှင့် သန့်​ရှင်း​သူ​အ​ပေါင်း​တို့​ကို ချစ်​ခြင်း​အ​ကြောင်း​ကို ငါ​သည်​ကြား​ပြီး​လျှင်၊-

သင်​တို့​သည် ဘု​ရား​သ​ခင်​ကို ထောက်​လျက် ယုံ​ကြည်​ခြင်း၊ မျှော်​လ​င့်​ခြင်း​ရှိ​စေ​ခြင်း​ငှာ၊ ထို​သ​ခင်​ကို ဘု​ရား​သ​ခင်​သည် သေ​ခြင်း​မှ​ထ​မြောက်​စေ၍ ဘုန်း​အ​သ​ရေ​ကို ပေး​သ​နား​တော်​မူ​ပြီ။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ