Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ရှင်ယောဟန် 13:5

Judson Bible

ထို​နောက်​မှ ရေ​ကို​အင်​တုံ၌​လောင်း၍ တ​ပည့်​တော်​တို့၏ ခြေ​ကို​ဆေး​ပြီး​မှ ခါး၌​စည်း​ထား​သော​ပ​ဝါ​နှင့် သုတ်​တော်​မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

30 ပူးပေါင်းရင်းမြစ်များ  

ရေ​အ​နည်း​ငယ်​ကို ယူ​ခဲ့​ပါ​ရ​စေ။ ခြေ​ကို​ဆေး​ပြီး​လျှင် သစ်​ပင်​အောက်၌​လျောင်း​နေ​ကြ​ပါ​လော့။

အ​ကျွန်ုပ်​သ​ခင်​တို့၊ ကိုယ်​တော်​တို့​ကျွန်​၏​အိမ်​သို့​ဝင်၍ တစ်​ည​လုံး​နေ​ကြ​ပါ။ ခြေ​ကို​ဆေး​ကြ​ပါ။ နံ​နက်​စော​စော​ထ၍ ကြွ​သွား​ကြ​ပါ​လော့​ဟု ဆို​လေ​၏။ ကောင်း​ကင်​တ​မန်​တို့​က၊ ငါ​တို့​သည်​မ​ဝင်၊ တစ်​ည​လုံး​လမ်း၌​နေ​တော့​မည်​ဟု ဆို​သော်​လည်း၊

ယော​သပ်​အိမ်​သို့​သွင်း​ပြီး​မှ၊ ဝန်​စာ​ရေး​သည် ရေ​ကို​ပေး၍​ခြေ​ဆေး​စေ​၏။ မြည်း​တို့​ကို​လည်း​ကျွေး​လေ​၏။

ယော​ရှ​ဖတ်​က​လည်း၊ ထာ​ဝ​ရ​ဘု​ရား၌ မေး​လျှောက်​မည်​အ​ကြောင်း၊ ထာ​ဝ​ရ​ဘု​ရား၏ ပ​ရော​ဖက်​တစ်​ယောက်​မျှ မ​ရှိ​သ​လော​ဟု​မေး​လျှင်၊ ဣ​သ​ရေ​လ​ရှင်​ဘု​ရင်၏ ကျွန်​တစ်​ယောက်​က၊ ဧ​လိ​ယ​လက်​ထောက် ရှာ​ဖတ်​သား​ဧ​လိ​ရှဲ​ရှိ​ပါ၏​ဟု လျှောက်​သော်၊

ဒု​စ​ရိုက်​အ​ညစ်​အ​ကြေး​ကို အ​ကုန်​အ​စင်​ဆေး​ကြော၍၊ အ​ကျွန်ုပ်​ကို သန့်​ရှင်း​စေ​တော်​မူ​ပါ။

အာ​ရုန်​နှင့် သူ၏​သား​တို့​ကို၊ ပ​ရိ​သတ်​စည်း​ဝေး​ရာ တံ​ခါး​နား​သို့​ခေါ်​ခဲ့၍ ရေ​ချိုး​ရ​မည်။

ကိုယ်​ကိုကိုယ် ဆေး​ကြော​ကြ​လော့။ ကိုယ်​ကိုကိုယ် စင်​ကြယ်​စေ​ကြ​လော့။ သင်​တို့​ဒု​စ​ရိုက်​များ​ကို ငါ့​မျက်​မှောက်​မှ ပယ်​ရှား​ကြ​လော့။ မ​ကောင်း​သော​အ​ကျင့်​ကို ဖြတ်​ကြ​လော့။

သင်​တို့​အ​ပေါ်​မှာ သန့်​ရှင်း​သော​ရေ​ကို ဖျန်း​သ​ဖြင့်၊ သင်​တို့​ကို ခပ်​သိမ်း​သော အ​ညစ်​အ​ကြေး​မှ​စ၍ ခပ်​သိမ်း​သော ရုပ်​တု​တို့​နှင့် ကင်း​စင်​စေ​မည်။

စင်​ကြယ်​စေ​ရ​သော​သူ​သည် မိ​မိ​အ​ဝတ်​ကို​လျှော်၍၊ မိ​မိ​ဆံ​ပင်​ကို အ​ကုန်​အ​စင်​ရိတ်​ပြီး​မှ၊ စင်​ကြယ်​စေ​ခြင်း​ငှာ ရေ​ချိုး​ရ​မည်။ ထို​နောက်၊ တပ်​ထဲ​သို့​ဝင်၍၊ မိ​မိ​တဲ​ပြင်၌ ခု​နစ်​ရက်​နေ​ရ​မည်။

ထို​ကာ​လ၌ ဒါ​ဝိဒ်​မင်း​မျိုး​နှင့် ယေ​ရု​ရှ​လင်​မြို့​သား​တို့၏ ဒု​စ​ရိုက်​အ​ပြစ် အ​ညစ်​အ​ကြေး​ကို ဆေး​ကြော​စ​ရာ​ဖို့ စမ်း​ရေ​တွင်း​သည် ပွင့်​လျက်​ရှိ​လိမ့်​မည်။

နောက်​တော်၌ ခြေ​တော်​အ​နီး​မှာ​ရပ်​လျက် ငို​ကြွေး၍ ခြေ​တော်​ပေါ်​သို့ မျက်​ရည်​ကျ​လျှင် မိ​မိ​ဆံ​ပင်​နှင့်​သုတ်​လေ၏။ ခြေ​တော်​ကို​လည်း နမ်း၍ ဆီ​မွှေး​နှင့် လိမ်း​လျက်​နေ​လေ၏။-

ထို​မိန်း​မ​ကို​လှည့်၍ ရှိ​မုန်​အား​လည်း၊ သင်​သည် ဤ​မိန်း​မ​ကို မြင်​သ​လော။ သင်၏​အိမ်​သို့ ငါ​ဝင်​သော် သင်​သည် ခြေ​ဆေး​ရေ​ကို​မ​ပေး။ ဤ​မိန်း​မ​မူ​ကား၊ ငါ့​ခြေ​ပေါ်​သို့ မျက်​ရည်​ကျ၍ မိ​မိ​ဆံ​ပင်​နှင့် သုတ်​လေ​ပြီ။-

ယေ​ရှု​က​လည်း၊ ရေ​ချိုး​ပြီး​သော​သူ​မည်​သည်​ကား၊ ခြေ​ဆေး​ခြင်း​မှ​တစ်​ပါး ဆေး​ရ​သော​အ​ကြောင်း​မ​ရှိ၊ တစ်​ကိုယ်​လုံး​စင်​ကြယ်၏။ သင်​တို့​သည် စင်​ကြယ်​သော်​လည်း အ​ချို့​မ​စင်​ကြယ်​ဟု မိန့်​တော်​မူ၏။

ရှိ​မုန်​ပေ​တ​ရု​ဆီ​သို့ ရောက်​တော်​မူ​သော​အ​ခါ ထို​တ​ပည့်​တော်​က၊ သ​ခင်၊ ကိုယ်​တော်​သည် အ​ကျွန်ုပ်၏ ခြေ​ကို​ဆေး​တော်​မူ​မည်​လော​ဟု မေး​လျှောက်၏။-

ပေ​တ​ရု​က​လည်း၊ ကိုယ်​တော်​သည် အ​ကျွန်ုပ်၏​ခြေ​ကို အ​လျှင်း​ဆေး​တော်​မ​မူ​ရ​ဟု လျှောက်၏။ ယေ​ရှု​က​လည်း၊ သင့်​ကို ငါ​မ​ဆေး​ရ​လျှင် သင်​သည် ငါ​နှင့် မ​ဆက်​ဆံ​ရ​ဟု မိန့်​တော်​မူ၏။-

စစ်​သူ​ရဲ​တစ်​ယောက်​သည် နံ​ဘေး​တော်​ကို လှံ​နှင့်​ထိုး​ဖောက်၍ သွေး​နှင့် ရေ​သည် ချက်​ချင်း​ထွက်​လာ၏။-

ယ​ခု​လည်း သင်​သည် အ​ဘယ်​ကြောင့် ဆိုင်း​လင့်၍ နေ​သ​နည်း။ ထ​လော့။ သ​ခင်​ဘု​ရား​ကို ပ​တ္ထ​နာ​ပြု​လျက် ဗ​တ္တိ​ဇံ​ကို​ခံ၍၊ သင်၏​အ​ပြစ်​များ​ကို ဆေး​ကြော​လော့​ဟု ဆို​ပါ၏။

အ​ထက်​က​သင်​တို့​တွင် အ​ချို့​သော​သူ​တို့​သည် ထို​သို့​သော​သူ​ဖြစ်​ကြ​သော်​လည်း၊ ယ​ခု​တွင် သ​ခင်​ယေ​ရှု၏ နာ​မ​တော်​အား​ဖြင့်​လည်း​ကောင်း၊ ငါ​တို့​ဘု​ရား​သ​ခင်၏ ဝိ​ညာဉ်​တော်​အား​ဖြင့်​လည်း​ကောင်း၊ ဆေး​ကြော​သန့်​ရှင်း၍ ဖြောင့်​မတ်​ရာ​သို့ ရောက်​ကြ​ပြီ။

ထို​အ​သင်း​တော်​သည် သန့်​ရှင်း​လျက် အ​ပြစ်​ကင်း​လျက်​ရှိ​သည် ဖြစ်၍၊ အ​ညစ်​အ​ကြေး​တင်​ခြင်း၊ အ​ရေ​တွန့်​ခြင်း​မှ စ​သည်​တို့​နှင့် လွတ်​လပ်​သ​ဖြင့်၊ အ​သ​ရေ​တင့်​တယ်​လျက် ရှိ​သော အ​သင်း​တော်​ကို ခ​ရစ်​တော်​သည် မိ​မိ​အား ဆက်​သ​အံ့​သော​ငှာ၊ နှုတ်​က​ပတ်​တော်​ရေ၌ ဆေး​ကြော ခြင်း​အား​ဖြင့် စင်​ကြယ်​သန့်​ရှင်း စေ​မည်​အ​ကြောင်း၊ ထို​အ​သင်း​တော်​အ​ဖို့ အ​လို​ငှာ ကိုယ်​ကို​ကိုယ်​စွန့်​တော်​မူ၏။-

ကောင်း​သော​အ​ကျင့်​ကို​ကျင့်၍ အ​သ​ရေ​ရှိ​သော​သူ၊ သူ​ငယ်​တို့​ကို ကျွေး​မွေး​ခြင်း၊ ဧည့်​သည်​ဝတ်​ပြု​ခြင်း၊ သန့်​ရှင်း​သူ​တို့၏​ခြေ​ကို​ဆေး​ခြင်း၊ ဆင်း​ရဲ​သော​သူ​တို့​ကို လုပ်​ကျွေး​ခြင်း၊ ကောင်း​သော​အ​မှု​ရှိ​သ​မျှ​တို့၌ ကြိုး​စား အား​ထုတ်​ခြင်း​ကို ပြု​ဖူး​သော​သူ​ဖြစ်​လျှင်၊ စာ​ရင်း​အင်း ဝင်​စေ။-

ငါ​တို့​သည် သ​စ္စာ​နှင့်​ပြည့်​စုံ​သော သ​ဘော​ရှိ၍၊ ဝိ​စိ​ကိ​စ္ဆာ​နှင့်​ကင်း​သော ယုံ​ကြည်​ခြင်း၌ တည်​လျက်၊ စိတ်​နှ​လုံး​ကို သံ​ဝေ​ဂ​တ​ရား​နှင့် လွတ်​အောင် ဖျန်း​ခြင်း၊ ကိုယ်​ကာ​ယ​ကို​လည်း ကြည်​သော​ရေ​ဖြင့် ဆေး​ကြော​ခြင်း​ရှိ​ပြီး​မှ၊ အ​ထံ​တော်​သို့ တိုး​ဝင်​ချဉ်း​ကပ်​ကြ​ကုန်​အံ့။-

ဘု​ရား​သ​ခင်​သည် အ​လင်း၌​ရှိ​တော်​မူ​သ​ကဲ့​သို့၊ ငါ​တို့​သည် အ​လင်း၌​ကျင်​လည်​လျှင်၊ အ​ချင်း​ချင်း မိတ်​သ​ဟာ​ယ​ဖွဲ့​ခြင်း ရှိ​ကြ​သည်​ဖြစ်၍၊ ဘု​ရား​သ​ခင်၏​သား​တော် ယေ​ရှု​ခ​ရစ်၏ အ​သွေး​တော်​သည်၊ ငါ​တို့​အ​ပြစ်​ရှိ​သ​မျှ​ကို ဆေး​ကြော​တော်​မူ၏။-

ထို​သ​ခင်​ကား၊ ရေ​အား​ဖြင့်​လည်း​ကောင်း၊ အ​သွေး​အား​ဖြင့်​လည်း​ကောင်း ကြွ​လာ​သော​သူ​တည်း​ဟူ​သော ယေ​ရှု​ခ​ရစ်​ပေ​တည်း။ ရေ​အား​ဖြင့်​သာ​မ​ဟုတ်၊ ရေ​အား​ဖြင့်​လည်း​ကောင်း၊ အ​သွေး​အား​ဖြင့်​လည်း​ကောင်း ကြွ​လာ​တော်​မူ၏။ သက်​သေ​ခံ​ဟူ​မူ​ကား၊ ဝိ​ညာဉ်​တော်​သည် သ​မ္မာ​တ​ရား​ဖြစ်၍ သက်​သေ​ခံ​တော်​မူ၏။-

သ​စ္စာ​စောင့်​သော သက်​သေ​ခံ ဖြစ်​တော်​မူ​ထ​သော၊ သေ​သော​သူ​တို့​တွင် သား​ဦး ဖြစ်​တော်​မူ​ထ​သော၊ လော​ကီ​ဘု​ရင်​တို့၏ အ​ထွတ်​ဖြစ်​တော်​မူ​သော ယေ​ရှု​ခ​ရစ်​အ​ထံ​တော်​က​လည်း​ကောင်း၊ ကျေး​ဇူး​တော်​နှင့် ငြိမ်​သက်​ခြင်း​သည် သင်​တို့၌​ရှိ​ပါ​စေ​သော။ ငါ​တို့​ကို​ချစ်၍ မိ​မိ​အ​သွေး​နှင့် ငါ​တို့​အ​ပြစ်​များ​ကို ဆေး​ကြော​တော်​မူ၍၊-

ငါ​က၊ သ​ခင်၊ ကိုယ်​တော်​သိ​ပါ၏​ဟု ပြန်​လျှောက်၏။ သူ​က​လည်း၊ ဤ​သူ​တို့​သည် ကြီး​စွာ​သော ဆင်း​ရဲ​ဒု​က္ခ​အ​ထဲ​က ထွက်​မြောက်၍၊ မိ​မိ​တို့​ဝတ်​လုံ​ကို သိုး​သ​ငယ်၏ အ​သွေး၌​လျှော်၍ ဖြူ​စေ​သော​သူ ဖြစ်​ကြ​သ​တည်း။-

မိ​မိ​အိမ်​သို့ ခေါ်​သွင်း၍ မြည်း​တို့​ကို​ကျွေး​လေ၏။ သူ​တို့​သည် ခြေ​ကို​ဆေး၍ စား​သောက်​ကြ၏။

အ​ဘိ​ဂဲ​လ​သည်​ထ၍ မြေ​ပေါ်​မှာ ပျပ်​ဝပ်​လျက်၊ ကျွန်​မ​သည် ကျွန်​မ​သ​ခင်၏ ကျွန်​တို့​ခြေ​ကို ဆေး​သော ကျွန်​မိန်း​မ​ဖြစ်​ပါ​စေ​သော​ဟု ဆို​ပြီး​မှ၊




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ