Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ရှင်ယောဟန် 13:4

Judson Bible

စား​ပွဲ​မှ​ထ၍ ဝတ်​လုံ​တော်​ကို​ချွတ်​ပြီး​လျှင်၊ ပ​ဝါ​ကို​ယူ၍ ခါး​ကို​စည်း​တော်​မူ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

9 ပူးပေါင်းရင်းမြစ်များ  

ယော​ရှ​ဖတ်​က​လည်း၊ ထာ​ဝ​ရ​ဘု​ရား၌ မေး​လျှောက်​မည်​အ​ကြောင်း၊ ထာ​ဝ​ရ​ဘု​ရား၏ ပ​ရော​ဖက်​တစ်​ယောက်​မျှ မ​ရှိ​သ​လော​ဟု​မေး​လျှင်၊ ဣ​သ​ရေ​လ​ရှင်​ဘု​ရင်၏ ကျွန်​တစ်​ယောက်​က၊ ဧ​လိ​ယ​လက်​ထောက် ရှာ​ဖတ်​သား​ဧ​လိ​ရှဲ​ရှိ​ပါ၏​ဟု လျှောက်​သော်၊

အ​ကြင်​ကျွန်​တို့​သည် စောင့်​လျက်​နေ​သည်​ကို သ​ခင်​သည်​ပြန်​လာ၍ တွေ့၏။ ထို​ကျွန်​တို့​သည် မင်္ဂ​လာ​ရှိ​ကြ၏။ ငါ​အ​မှန်​ဆို​သည်​ကား၊ သ​ခင်​သည် ခါး​ပန်း​စည်း​လျက် ကျွန်​တို့​ကို စား​ပွဲ၌​လျောင်း​စေ​ပြီး​မှ၊ ကိုယ်​တိုင်​လာ၍ သူ​တို့​အား လုပ်​ကျွေး​လိမ့်​မည်။-

အ​စေ​အ​ပါ​သည် လယ်​ထွန်​သော်​လည်း​ကောင်း၊ သိုး၊ နွား ကျောင်း​သော်​လည်း​ကောင်း၊ လယ်​ပြင်​မှ​လာ၍ အိမ်​သို့​ဝင်​သော​အ​ခါ၊ ထို​အ​စေ​အ​ပါ​ကို၊ အ​သော့​လာ၍ စား​ပွဲ၌ လျောင်း​လော့​ဟု သင်​တို့​တွင် အ​ဘယ်​သူ​ပြော​မည်​နည်း။-

ထို​အ​စေ​အ​ပါ​ကို၊ ငါ​စား​စ​ရာ​ဖို့ ပြင်​လော့။ ငါ​စား​သောက်​စဉ်​တွင် ခါး​ကို​စည်း၍ ငါ့​ကို လုပ်​ကျွေး​လော့။ ထို​နောက်​မှ သင်​သည် စား​သောက်​ရ​မည်​ဟု ပြော​မည်​မ​ဟုတ်​လော။-

အ​ဘယ်​သူ​သည် သာ၍​ကြီး​မြတ်​သ​နည်း။ စား​ပွဲ၌ လျောင်း​သော​သူ​သည် ကြီး​မြတ်​သ​လော။ လုပ်​ကျွေး​သော​သူ​သည် ကြီး​မြတ်​သ​လော။ စား​ပွဲ၌ လျောင်း​သော​သူ​သည် ကြီး​မြတ်​သည်​မ​ဟုတ်​လော။ သို့​သော်​လည်း ငါ​သည် သင်​တို့​တွင် လုပ်​ကျွေး​သော​သူ​ကဲ့​သို့​ဖြစ်၏။-

ထို​သို့​သူ​တို့၏ ခြေ​ကို​ဆေး​တော်​မူ​ပြီး​မှ တစ်​ဖန်​ဝတ်​လုံ​ကို​ဝတ်၍ လျောင်း​တော်​မူ​လျက်၊ သင်​တို့၌ ငါ​ပြု​ခဲ့​သော​အ​မှု​ကို နား​လည်​ကြ​သ​လော။-

အ​ကြောင်း​မူ​ကား၊ ငါ​တို့​သ​ခင်​ယေ​ရှု​ခ​ရစ်​သည် စည်း​စိမ်​ရှိ​သော်​လည်း၊ ဆင်း​ရဲ​တော်​မူ​ခြင်း​အား​ဖြင့် သင်​တို့​သည် စည်း​စိမ်​ရှိ​စေ​ခြင်း​ငှာ၊ သင်​တို့​အ​တွက်​ကြောင့် ဆင်း​ရဲ​ခြင်း​ကို​ခံ​တော်​မူ​သော ကျေး​ဇူး​တော်​ကို သင်​တို့​သိ​ကြ၏။

သင်​တို့​သည် ရှေ့​ဦး​စွာ​က​ပင် ကြား​ရ​သော တ​ရား​စ​ကား​ဟူ​မူ​ကား၊ မာရ်​နတ်​နှင့်​ဆိုင်၍ မိ​မိ​ညီ​ကို​သတ်​သော ကာ​ဣ​န​ကဲ့​သို့​မ​ဟုတ်၊ ငါ​တို့​သည် အ​ချင်း​ချင်း​ချစ်​ရ​ကြ​မည်​ဟု​လာ​သ​တည်း။ ကာ​ဣ​န​သည် မိ​မိ​ညီ​ကို အ​ဘယ်​ကြောင့် သတ်​သ​နည်း ဟူ​မူ​ကား၊ မိ​မိ​အ​ကျင့်​သည် ဆိုး​ယုတ်၍၊ ညီ၏​အ​ကျင့်​သည် ဖြောင့်​မတ်​သ​တည်း။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ