Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ရှင်ယောဟန် 11:54

Judson Bible

ထို​ကြောင့်၊ ယေ​ရှု​သည် နောက်​တစ်​ဖန် ယု​ဒ​လူ​တို့​တွင် ထင်​ရှား​စွာ မ​လှည့်​လည်​ဘဲ၊ ထို​အ​ရပ်​မှ​ထွက်၍ တော​နှင့်​အ​နီး ဧ​ဖ​ရိမ်​အ​မည်​ရှိ​သော​မြို့​သို့​ကြွ၍ တ​ပည့်​တော်​တို့​နှင့်​အ​တူ နေ​တော်​မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

9 ပူးပေါင်းရင်းမြစ်များ  

ထို​နောက် နှစ်​နှစ်​စေ့​သော​အ​ခါ အ​ဗ​ရှ​လုံ​သည် ဧ​ဖ​ရိမ်​မြို့​အ​နား၊ ဗာ​လ​ဟာ​ဇော်​ရွာ​မှာ သိုး​မွေး​ညှပ်​ပွဲ​ကို​ခံ၍ ရှင်​ဘု​ရင်၏​သား​တော်​အ​ပေါင်း​တို့​ကို ခေါ်​ဖိတ်​လေ၏။

အ​ဘိ​ယ​သည် ယေ​ရော​ဗောင်​ကို လိုက်၍၊ ဗေ​သ​လ​မြို့​နှင့် ရွာ​များ၊ ယေ​ရှ​န​မြို့​နှင့် ရွာ​များ၊ ဧ​ဖ​ရိမ်​မြို့​နှင့် ရွာ​များ​တို့​ကို သူ့​လက်​မှ​နုတ်​ယူ​လေ၏။

ယော​ဟန်​သည် ဗ​တ္တိ​ဇံ​ကို ရှေ့​ဦး​စွာ​ပေး​ရာ​အ​ရပ်၊ ယော်​ဒန်​မြစ်​တစ်​ဖက်​သို့ တစ်​ဖန်​ကြွ၍ ထို​အ​ရပ်၌ နေ​တော်​မူ၏။-

ယေ​ရှု​က​လည်း၊ ငါ​သည်​လော​က၌ ထင်​ရှား​စွာ​ဟော​ပြော​ပြီ။ ယု​ဒ​လူ​အ​ပေါင်း​တို့ စည်း​ဝေး​ရာ တ​ရား​ဇ​ရပ်၌​လည်း​ကောင်း၊ ဗိ​မာန်​တော်၌​လည်​ကောင်း၊ အ​စဉ်​မ​ပြတ် ဆုံး​မ​ဩ​ဝါ​ဒ​ပေး​ပြီ။ မ​ထင်​ရှား​ဘဲ အ​လျှင်း​မ​ဟော​မ​ပြော။-

ထို​နောက်​မှ ယေ​ရှု​သည် ဂါ​လိ​လဲ​ပြည်၌ လှည့်​လည်​တော်​မူ၏။ ယု​ဒ​လူ​တို့​သည် ကိုယ်​တော်​ကို သတ်​အံ့​သော​ငှာ ရှာ​ကြံ​သော​ကြောင့်၊ ယု​ဒ​ပြည်၌ လှည့်​လည်​ခြင်း​ငှာ အ​လို​တော်​မ​ရှိ။

ညီ​တော်​တို့​သွား​ပြီး​မှ ကိုယ်​တော်​သည် ထို​ပွဲ​သို့ မ​ထင်​မ​ရှား​ကြွ​တော်​မူ၏။-

သို့​သော်​လည်း ယု​ဒ​လူ​တို့​ကို​ကြောက်​သော​ကြောင့် အ​ဘယ်​သူ​မျှ အ​တည့်​အ​လင်း​မ​ပြော​ဝံ့​ကြ။

ကျော်​စော​ကိ​တ္တိ​ကို အ​လို​ရှိ​သော​သူ​မည်​သည်​ကား မ​ထင်​ရှား​သော​အား​ဖြင့် အ​ဘယ်​အ​မှု​ကို​မျှ မ​ပြု​တတ်။ ဤ​အ​မှု​တို့​ကို သင်​သည်​ပြု​လျှင်၊ ဤ​လော​က၌ ကိုယ်​ကို​ထင်​ရှား​စွာ ပြ​ပါ​ဟု၊-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ