Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ရှင်ယောဟန် 11:53

Judson Bible

ထို​နေ့​မှ​စ၍ ကိုယ်​တော်၏​အ​သက်​ကို​သတ်​ခြင်း​ငှာ တိုင်​ပင်​ကြံ​စည်​ကြ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

22 ပူးပေါင်းရင်းမြစ်များ  

အ​နီး​သို့​မ​ရောက်​မီ အ​ဝေး၌​ရှိ​စဉ်​ပင်၊ အစ်​ကို​တို့​သည်​မြင်​လျှင်၊ သတ်​ခြင်း​ငှာ​တိုင်​ပင်​လျက်၊

ငါ​က​လည်း၊ မြို့​ရိုး​ပတ်​လည်၌ အ​ဘယ်​ကြောင့် အိပ်​ကြ​သ​နည်း။ နောက်​တစ်​ဖန်​လာ၍ အိပ်​လျှင် ဖမ်း​ဆီး​မည်​ဟု သူ​တို့​အား သ​တိ​ပေး၏။ ထို​အ​ခါ​မှ​စ၍ ဥ​ပုသ်​နေ့​တွင် မ​လာ​ဘဲ​နေ​ကြ၏။

နောက်​မှ ငါ့​ကျွန်​တစ်​ဝက်​သည် အ​လုပ်​လုပ်​ကြ၏။ တစ်​ဝက်​သည် လှံ၊ ဒိုင်း၊ လေး၊ သံ​ချပ်​တို့​ကို ကိုင်​ကြ၏။ မင်း​တို့​သည် ယု​ဒ​အ​မျိုး​သား​များ​နောက်​မှာ နေ​ကြ၏။

ထာ​ဝ​ရ​ဘု​ရား၏​နာ​မ​တော်​သည် ယ​ခု​မှ​စ၍၊ အ​စဉ်​အ​ဆက် မင်္ဂ​လာ​ရှိ​စေ​သ​တည်း။

လော​ကီ​ရှင်​ဘု​ရင်​တို့​သည် ထ​ကြ၍၊ မှူး​မတ်​အ​ရာ​ရှိ​တို့​လည်း၊ ထာ​ဝ​ရ​ဘု​ရား​နှင့် ခ​ရစ်​တော်​ကို​ရန်​ဘက်​ပြု​လျက်၊

လူ​များ​ကဲ့​ရဲ့​ပြစ်​တင်​ခြင်း​ကို ကြား​ရ​ပါ၏။ ပတ်​ဝန်း​ကျင်​အ​ရပ်​တို့၌ ကြောက်​မက်​ဖွယ်​သော​အ​ကြောင်း​ရှိ​ပါ၏။ လူ​များ​တို့​သည် အ​ချင်း​ချင်း​သင်း​ဖွဲ့​လျက်၊ အ​ကျွန်ုပ်​အ​သက်​ကို သတ်​မည်​အ​ကြောင်း ကြံ​စည်​ကြ​ပါ၏။

ရန်​သူ​တို့​သည် အ​ကျွန်ုပ်​တစ်​ဖက်၌ ပြော​ဆို​ကြ​ပါ၏။ အ​ကျွန်ုပ်​အ​သက်​ကို ချောင်း​ကြည့်​သော​သူ​တို့​က၊

ယေ​ရ​မိ​က၊ အ​ကျွန်ုပ်​လျှောက်​လျှင်၊ အ​ကျွန်ုပ်​ကို​မ​သတ်​ဘဲ အ​မှန်​နေ​တော်​မူ​မည်​လော။ အ​ကျွန်ုပ်​သည် အ​ကြံ​ပေး​လျှင်၊ အ​ကျွန်ုပ်​စ​ကား​ကို နား​ထောင်​တော်​မူ​မည်​လော​ဟု ဇေ​ဒ​ကိ​ကို မေး​လျှောက်​လေ၏။

ထို​မှူး​မတ်​တို့​သည် ရှင်​ဘု​ရင်​ထံ​သို့​ဝင်၍၊ ဤ​သူ​သည် ဤ​သို့​သော​စ​ကား​ကို​ပြော​သ​ဖြင့်၊ မြို့​ထဲ​မှာ ကျန်​ကြွင်း​သေး​သော စစ်​သူ​ရဲ​အ​စ​ရှိ​သော လူ​အ​ပေါင်း​တို့၏​လက်​ကို အား​လျော့​စေ​တတ်​ပါ၏။ သူ​သည် ဤ​လူ​မျိုး၏​အ​ကျိုး​ကို မ​ပြု​စု​တတ်၊ ဖျက်​ဆီး​တတ်​ပါ၏။ ထို​ကြောင့်၊ သူ့​ကို ကွပ်​မျက်​ပါ​မည်​အ​ကြောင်း အ​ခွင့်​တောင်း​ပန်​ပါ၏​ဟု လျှောက်​လျှင်၊

ထို​အ​ခါ ဖာ​ရိ​ရှဲ​တို့​သည် ထွက်၍ ကိုယ်​တော်​ကို အ​ဘယ်​သို့ ဖျက်​ဆီး​ရ​အံ့​နည်း​ဟု တိုင်​ပင်​ကြ၏။-

ထို​မှ​တစ်​ပါး ကိုယ်​တော်​သည် ယေ​ရု​ရှ​လင်​မြို့​သို့ သွား​ရ​မည်။ လူ​အ​ကြီး​အ​ကဲ၊ ယဇ်​ပု​ရော​ဟိတ်​အ​ကြီး၊ ကျမ်း​ပြု​ဆ​ရာ​တို့​လက်၌ များ​စွာ​ခံ​ရ​မည်။ အ​သေ​သတ်​ခြင်း​ကို​လည်း ခံ​ရ​မည်။ သုံး​ရက်​မြောက်​သော​နေ့၌ ထ​မြောက်​လိမ့်​မည်​ဟူ​သော အ​ကြောင်း​များ​ကို ထို​အ​ခါ​မှ​စ၍ တ​ပည့်​တော်​တို့​အား ပြ​တော်​မူ၏။-

အ​ဘယ်​သူ​မျှ စ​ကား​တစ်​ခွန်း​ကို ပြန်​လျှောက်​ခြင်း​ငှာ မ​တတ်​နိုင်​ကြ။ ထို​နေ့​မှ​စ၍ နောက်​တစ်​ဖန် အ​ဘယ်​သူ​မျှ မ​မေး​မ​လျှောက်​ဝံ့​ကြ။

ယေ​ရှု​ကို ပ​ရိ​ယာယ်​အား​ဖြင့် ဖမ်း​ဆီး၍ သတ်​အံ့​သော​ငှာ တိုင်​ပင်​ကြ၏။-

ယဇ်​ပု​ရော​ဟိတ်​အ​ကြီး​တို့​နှင့် လူ​အ​ကြီး​အ​ကဲ၊ လွှတ်​အ​ရာ​ရှိ​အ​ပေါင်း​တို့​သည် ယေ​ရှု​ကို​သတ်​ရ​မည်​အ​ကြောင်း မ​မှန်​သော​သက်​သေ​ကို ရှာ​သော်​လည်း မ​တွေ့​ကြ။-

ထို​နောက် နှစ်​ရက်​လွန်​လျှင် ပ​သ​ခါ​အ​ဇု​မ​ပွဲ ရှိ၏။ ယဇ်​ပု​ရော​ဟိတ်​အ​ကြီး​တို့​နှင့် ကျမ်း​ပြု​ဆ​ရာ​တို့​သည် ကိုယ်​တော်​ကို အ​ဘယ်​သို့ ပ​ရိ​ယာယ်​အား​ဖြင့် ဖမ်း​ဆီး၍ သတ်​ရ​အံ့​နည်း​ဟု ရှာ​ကြံ​ကြ၏။-

ထို​အ​ခါ ဖာ​ရိ​ရှဲ​တို့​သည်​ထွက်၍ ကိုယ်​တော်​ကို အ​ဘယ်​သို့ ဖျက်​ဆီး​ရ​အံ့​နည်း​ဟု ဟေ​ရုဒ်​တ​ပည့်​တို့​နှင့် ချက်​ချင်း တိုင်​ပင်​ကြ၏။

ထို​အ​ခါ ယဇ်​ပု​ရော​ဟိတ်​အ​ကြီး​တို့​နှင့် ဖာ​ရိ​ရှဲ​များ​သည် လွှတ်​အ​ရာ​ရှိ​တို့​ကို စည်း​ဝေး​စေ​ပြီး​လျှင်၊ ငါ​တို့​သည် အ​ဘယ်​သို့​ပြု​လျက် နေ​ကြ​သ​နည်း။ ထို​သူ​သည် များ​စွာ​သော နိ​မိတ်​လ​က္ခ​ဏာ​ကို​ပြ၏။-

ထို​သို့ ယု​ဒ​လူ​များ​တို့​သည် လာ​ဇ​ရု​ကို​အ​ကြောင်း​ပြု​သ​ဖြင့် ထွက်​သွား၍၊-

ထို​နောက်​မှ ယေ​ရှု​သည် ဂါ​လိ​လဲ​ပြည်၌ လှည့်​လည်​တော်​မူ၏။ ယု​ဒ​လူ​တို့​သည် ကိုယ်​တော်​ကို သတ်​အံ့​သော​ငှာ ရှာ​ကြံ​သော​ကြောင့်၊ ယု​ဒ​ပြည်၌ လှည့်​လည်​ခြင်း​ငှာ အ​လို​တော်​မ​ရှိ။

ထို​စ​ကား​ကို​ကြား​လျှင်၊ ထို​သူ​တို့​နှ​လုံး​သည် ကွဲ​ပြတ်​မ​တတ်​ဖြစ်၍၊ တ​မန်​တော်​တို့​ကို ကွပ်​မျက်​ခြင်း​ငှာ အ​ချင်း​ချင်း တိုင်​ပင်​ပြော​ဆို​ကြ၏။-

ကာ​လ​ကြာ​မြင့်​ပြီး​မှ၊ ရှော​လု​ကို​သတ်​အံ့​သော​ငှာ၊ ယု​ဒ​လူ​တို့​သည် အ​ချင်း​ချင်း​တိုင်​ပင်​ကြ၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ