ရှင်ယောဟန် 10:8Judson Bibleငါရှေ့၌ ပေါ်လာသောသူရှိသမျှတို့သည် သူခိုးဓားပြဖြစ်ကြ၏။ ထိုသူတို့၏စကားသံကို သိုးတို့သည် နားမထောင်ကြ။- အခန်းကိုကြည့်ပါ။ |
အချင်းလူသား၊ သင်သည် ဣသရေလအမျိုး သိုးထိန်းတို့တစ်ဖက်၌ ပရောဖက်ပြု၍ ဟောပြောလျက်၊ သိုးထိန်းတို့အား အရှင်ထာဝရဘုရား မိန့်တော်မူသောစကားကိုဆင့်ဆိုရမည်မှာ၊ ကိုယ်ကိုသာ ကျွေးမွေးသော ဣသရေလအမျိုး သိုးထိန်းတို့သည် အမင်္ဂလာရှိကြ၏။ သိုးထိန်းသည် သိုးတို့ကို မကျွေးမွေးရသလော။
အကြောင်းမူကား၊ ဤပြည်၌ သိုးထိန်းတစ်ဦးကို ငါပေါ်ထွန်းစေမည်။ သူသည် အသတ်ခံရသော အကောင်ကို မကြည့်မရှု၊ လမ်းလွဲသောအကောင်ကို မရှာ၊ နာသောအကောင်ကို အနာပျောက်စေခြင်းငှာ မပြု၊ ရပ်နေသော အကောင်ကို မမစ၊ ဆူသောအကောင်တို့ကို စားလိမ့်မည်။ သူတို့ ခွာကိုလည်း ချိုးဖဲ့လိမ့်မည်။