Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ရှင်ယောဟန် 10:7

Judson Bible

ထို​ကြောင့် တစ်​ဖန်​ယေ​ရှု​က၊ ငါ​အ​မှန်​အ​ကန်​ဆို​သည်​ကား၊ ငါ​သည် သိုး​ဝင်​သော​တံ​ခါး​ဝ ဖြစ်၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

12 ပူးပေါင်းရင်းမြစ်များ  

ထာ​ဝ​ရ​ဘု​ရား​သည် ဘု​ရား​သ​ခင်​ဖြစ်​တော်​မူ​သည်​ဟု သိ​မှတ်​ကြ​လော့။ ထာ​ဝ​ရ​ဘု​ရား​သည် ငါ​တို့​ကို ဖန်​ဆင်း​တော်​မူ၍၊ ငါ​တို့၏​အ​ရှင်​ဖြစ်​တော်​မူ၏။ ငါ​တို့​သည်​လည်း၊ ထာ​ဝ​ရ​ဘု​ရား၏​လူ​ဖြစ်​ကြ၏။ အ​ထံ​တော်၌ ကျက်​စား​သော သိုး​စု​လည်း​ဖြစ်​ကြ၏။

သို့​ဖြစ်၍၊ ကိုယ်​တော်​ထံ၌ ကျက်​စား​သော သိုး​စု​တည်း​ဟူ​သော ကိုယ်​တော်၏​လူ အ​ကျွန်ုပ်​တို့​သည် ကိုယ်​တော်​ကို အ​စဉ်​မ​ပြတ်​ချီး​မွမ်း၍၊ ဂုဏ်​ကျေး​ဇူး​တော်​ကို အ​စဉ်​အ​ဆက် ဖြစ်​လ​တ္တံ့​သော​သား​တို့​အား ဖော်​ပြ​ကြ​ပါ​မည်။

ထာ​ဝ​ရ​ဘု​ရား​သည် ငါ​တို့၏​ဘု​ရား​ဖြစ်​တော်​မူ၏။ ငါ​တို့​သည်​လည်း၊ အ​ထံ​တော်၌ ကျက်​စား​သော​သူ၊ လက်​တော်​အောက်၌ နေ​သော​သိုး​စု​ဖြစ်​ကြ၏။

ငါ​တို့​ရှိ​သ​မျှ​သည် သိုး​ကဲ့​သို့​လမ်း​လွဲ​လျက်၊ ကိုယ်​လမ်း​သို့ အ​သီး​အ​သီး လိုက်​သွား​ကြ​သည်​ဖြစ်၍၊ ထာ​ဝ​ရ​ဘု​ရား​သည် ခပ်​သိမ်း​သော ငါ​တို့၏​အ​ပြစ်​များ​ကို သူ့​အ​ပေါ်၌​တင်​တော်​မူ၏။

ငါ၏​ကျက်​စား​ရာ​အ​ရပ်၌​ရှိ​သော ငါ့​သိုး​တို့၊ သင်​တို့​သည် လူ​ဖြစ်​ကြ၏။ ငါ​သည်​လည်း သင်​တို့၏​ဘု​ရား​သ​ခင် ဖြစ်​သည်​ဟု အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။

ပျက်​စီး​သော​မြို့​တို့​သည် သန့်​ရှင်း​သော သိုး​စု​တည်း​ဟူ​သော၊ ဓ​မ္မ​ပွဲ​ခံ​ချိန်​တွင် ယေ​ရု​ရှ​လင်​သိုး​စု​ကဲ့​သို့​သော လူ​စု​တို့​နှင့် ပြည့်​စုံ၍၊ ငါ​သည် ထာ​ဝ​ရ​ဘု​ရား​ဖြစ်​ကြောင်း​ကို သိ​ရ​ကြ​လိမ့်​မည်​ဟု မိန့်​တော်​မူ၏။

ငါ​အ​မှန်​အ​ကန်​ဆို​သည်​ကား၊ သိုး​ခြံ​ထဲ​သို့ တံ​ခါး​ဝ​ဖြင့်​မ​ဝင်၊ အ​ခြား​လမ်း​ဖြင့်​ကျော်​ဝင်​သော​သူ​သည် သူ​ခိုး​ဓား​ပြ​ဖြစ်၏။-

ငါ​သည် တံ​ခါး​ဝ​ဖြစ်၏။ ငါ​ဖြင့်​ဝင်​သော​သူ​သည် ဘေး​နှင့် ကင်း​လွတ်​လျက် ထွက်​ဝင်၍ ကျက်​စား​ရာ​ကို တွေ့​ရ​လိမ့်​မည်။-

ယေ​ရှု​က၊ ငါ​သည် လမ်း​ခ​ရီး​ဖြစ်၏။ သ​မ္မာ​တ​ရား​လည်း​ဖြစ်၏။ အ​သက်​လည်း​ဖြစ်၏။ ငါ့​ကို အ​မှီ​မ​ပြု​လျှင် အ​ဘယ်​သူ​မျှ ခ​မည်း​တော်​ထံ​သို့​မ​ရောက်​ရ။-

ထို​သို့ ခ​ရစ်​တော်​အား​ဖြင့် ငါ​တို့​နှစ်​ဦး​သည် စိတ်​ဝိ​ညာဉ်​တစ်​လုံး​တစ်​ဝ​တည်း​ဖြစ်၍၊ ခ​မည်း​တော်​ထံ​သို့ တိုး​ဝင်​ရ​မည်​အ​ခွင့်​ကို ရ​ကြ​ပြီ။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ