Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ရှင်မာကု 8:23

Judson Bible

ကိုယ်​တော်​သည် လူ​ကန်း​ကို​လက်​ဆွဲ၍ မြို့​ပြင်​သို့ ထွက်​ပြီး​မှ၊ သူ၏​မျက်​စိ​ကို တံ​တွေး​နှင့်​ထွေး၍ သူ့​အ​ပေါ်​မှာ လက်​တော်​ကို​တင်​လျက်၊ သင်​သည် တစ်​စုံ​တစ်​ခု​ကို မြင်​သ​လော​ဟု မေး​တော်​မူ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

12 ပူးပေါင်းရင်းမြစ်များ  

သင့်​ကို ဖန်​ဆင်း​တော်​မူ​သော​ဘု​ရား၊ ဖွား​စ​က​ပင် သင့်​ကို​ပြု​ပြင်၍၊ နောင်၌​လည်း မ​စ​လ​တ္တံ့​သော ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ ငါ့​ကျွန်​ယာ​ကုပ်၊ ငါ​ရွေး​ကောက်​သော​သူ ယေ​ရှု​ရုန်၊ မ​စိုး​ရိမ်​နှင့်။

ကိုယ်​တိုင်​ဖွား​မြင်​သော သား​တို့​တွင်၊ သင့်​ကို လမ်း​ပြ​သော​သူ တစ်​ယောက်​မျှ​မ​ရှိ။ ကိုယ်​တိုင်​မွေး​စား​သော သား​တို့​တွင်၊ သင့်​ကို လက်​ဆွဲ​သော​သူ တစ်​ယောက်​မျှ​မ​ရှိ။

ဤ​လူ​မျိုး၏ ဘိုး​ဘေး​တို့​ကို​လက်​ဆွဲ၍ အဲ​ဂု​တ္တု​ပြည်​မှ ဆောင်​သွား​သော​အ​ခါ၊ သူ​တို့၌ ငါ​ပေး​သော​ပ​ဋိ​ညာဉ်​တ​ရား​နှင့် ခြား​နား​သော ပ​ဋိ​ညာဉ်​တ​ရား​သစ်​ကို ဣ​သ​ရေ​လ အ​မျိုး​သား၊ ယု​ဒ​အ​မျိုး​သား​တို့၌ ငါ​ပေး​သော အ​ချိန်​ကာ​လ​ရောက်​လိမ့်​မည်။ အ​ရင်​ငါ​ပေး​ဖူး​သော ပ​ဋိ​ညာဉ်​တ​ရား​ကို သူ​တို့​သည်​ဖျက်၍၊ ငါ​သည်​လည်း သူ​တို့​ကို ရွံ​ရှာ၏။

သို့​သော်​လည်း ကိုယ်​တော်​သည်​ကြွ၍ သူ့​ကို ကယ်​တင်​ခြင်း​ငှာ သူ၏​အ​ပေါ်၌ လက်​ကို​တင်​တော်​မူ​လျှင် အ​သက်​ရှင်​ပါ​လိမ့်​မည်​ဟု များ​စွာ​တောင်း​ပန်၏။-

ကိုယ်​တော်​သည် ထို​သူ​ကို လူ​အ​စု​အ​ဝေး​ထဲ​က​ခေါ်၍၊ ဆိတ်​ကွယ်​ရာ​အ​ရပ်​သို့ သွား​ပြီး​လျှင်၊ လက်​ညှိုး​တော်​ကို သူ၏​နား​ပေါက်၌ သွင်း​တော်​မူ၏။ တံ​တွေး​နှင့် ထွေး၍ သူ၏​လျှာ​ကို​လည်း တို့​တော်​မူ၏။-

ထို​သူ​သည် ကြည့်​မျှော်​လျှင်၊ လူ​တို့​သည် သစ်​ပင်​ကဲ့​သို့​ဖြစ်၍ လှမ်း​သွား​သည်​ကို အ​ကျွန်ုပ် မြင်​ပါ​သည်​ဟု လျှောက်၏။-

ကိုယ်​တော်​က​လည်း၊ မြို့​ထဲ​သို့​မ​ဝင်​နှင့်။ မြို့၌ အ​ဘယ်​သူ​ကို​မျှ မ​ပြော​နှင့်​ဟု မိန့်​တော်​မူ၍ သူ့​ကို မိ​မိ​နေ​ရာ​သို့ လွှတ်​လိုက်​လေ၏။

စစ်​သူ​ကြီး​သည် လု​လင်​ကို​လက်​ဆွဲ၍ ဆိတ်​ကွယ်​ရာ​အ​ရပ်​သို့ သွား​ပြီး​လျှင်၊ သင်​သည်​အ​ဘယ်​အ​ကြောင်း​ကို ငါ့​အား​လျှောက်​ချင်​သ​နည်း​ဟု မေး​မြန်း​လေ၏။-

ရှော​လု​သည်​လည်း မြေ​မှ​ထ၍ မျက်​စိ​ကို ဖွင့်​သော်​လည်း အ​ဘယ်​သူ​ကို​မျှ မ​မြင်​နိုင်​သည်​ဖြစ်၍၊ သူ၏​လက်​ကို​ဆွဲ​လျက် ဒ​မာ​သက် မြို့​သို့​ပို့​ဆောင်​ကြ၏။-

သင်​သည် ဥ​စ္စာ​ရ​တတ်​ခြင်း​ငှာ၊ မီး​နှင့်​ချွတ်​ပြီး​သော ရွှေ​ကို​လည်း​ကောင်း၊ အ​ဝတ်​အ​ချည်း​စည်း​ရှိ၍၊ သူ​တစ်​ပါး ရှေ့​တွင် မ​ရှက်​စေ​ခြင်း​ငှာ ခြုံ​စ​ရာ​ဖို့၊ ဖြူ​သော​အ​ဝတ်​ကို​လည်း​ကောင်း ငါ့​ထံ​မှာ​ဝယ်​လော့။ သင်၏​မျက်​စိ​မြင်​စေ​ခြင်း​ငှာ၊ မျက်​စိ၌ မျက်​စဉ်း​ခတ်​လော့​ဟု သင့်​အား​ငါ​သည် အ​ကြံ​ပေး၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ