Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ရှင်မာကု 8:22

Judson Bible

ဗက်​ဇဲ​ဒ​မြို့​သို့ ရောက်​တော်​မူ​လျှင်၊ လူ​ကန်း​တစ်​ယောက်​ကို အ​ထံ​တော်​သို့​ဆောင်​ခဲ့၍၊ ထို​သူ​ကို တို့​တော်​မူ​မည်​အ​ကြောင်း တောင်း​ပန်​ကြ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

14 ပူးပေါင်းရင်းမြစ်များ  

အို ခေါ​ရာ​ဇိန်​မြို့၊ သင်​သည် အ​မင်္ဂ​လာ​ရှိ၏။ အို ဗက်​ဇဲ​ဒ​မြို့၊ သင်​သည် အ​မင်္ဂ​လာ​ရှိ၏။ အ​ကြောင်း​မူ​ကား၊ သင်​တို့​တွင်​ပြ​သော တန်​ခိုး​ကို တု​ရု​မြို့​နှင့် ဇိ​ဒုန်​မြို့​တို့​တွင်​ပြ​ဖူး​လျှင်၊ ထို​မြို့​တို့​သည် ရှေး​ကာ​လ၌ လျှော်​တေ​အ​ဝတ်​ကို ဝတ်၍၊ ပြာ​နှင့်​လူး​လျက် နောင်​တ ရ​ကြ​လိမ့်​မည်။-

အ​ဝတ်​တော်၏ ပန်း​ပွား​ကို​မျှ​သာ တို့​ရ​ပါ​မည်​အ​ကြောင်း အ​ခွင့်​တောင်း​ကြ၏။ တို့​သ​မျှ​သော သူ​တို့​သည်​လည်း ချမ်း​သာ​ရ​ကြ၏။

ထို​မိန်း​မ၏​လက်​ကို တို့​တော်​မူ​လျှင်၊ သူ​သည် အ​ဖျား​ပျောက်​သ​ဖြင့် ထ၍ ဧည့်​သည်​ဝတ်​ကို ပြု​လေ၏။-

ယေ​ရှု​က​လည်း ငါ​အ​လို​ရှိ၏။ သန့်​ရှင်း​ခြင်း​သို့ ရောက်​စေ​ဟု မိန့်​တော်​မူ​လျက် လက်​တော်​ကို​ဆန့်၍ ထို​သူ​ကို တို့​တော်​မူ၏။ ထို​ခ​ဏ​ချင်း​တွင် နူ​နာ​ပျောက်၍ သန့်​ရှင်း​ခြင်း​သို့​ရောက်​လေ၏။-

ထို​အ​ခါ သူ​တို့၏​မျက်​စိ​ကို တို့​တော်​မူ၍၊ သင်​တို့ ယုံ​ခြင်း​ရှိ​သည်​အ​တိုင်း သင်​တို့၌​ဖြစ်​စေ​ဟု မိန့်​တော်​မူ​လျှင်၊-

ထို​အ​ခါ လက်​ခြေ​သေ​သော​သူ​တစ်​ယောက်​ကို လူ​လေး​ယောက်​တို့​သည် ထမ်း၍ အ​ထံ​တော်​သို့ ဆောင်​ခဲ့​ကြ၏။-

အ​ကြောင်း​မူ​ကား၊ လူ​များ​တို့​အား ချမ်း​သာ​ပေး​တော်​မူ​သော​ကြောင့်၊ ရော​ဂါ​ဝေ​ဒ​နာ နှိပ်​စက်​သော​သူ ရှိ​သ​မျှ​တို့​သည် ကိုယ်​တော်​ကို တို့​ခြင်း​ငှာ တွန်း​ကြ၏။-

စည်း​ဝေး​သော​သူ​တို့​ကို လွှတ်​တော်​မူ​စဉ်​တွင် တ​ပည့်​တော်​တို့​ကို လှေ​စီး​စေ၍ ကမ်း​တစ်​ဖက် ဗက်​ဇဲ​ဒ​မြို့​သို့ အ​ရင်​ကူး​စေ​တော်​မူ၏။-

အို ခေါ​ရာ​ဇိန်​မြို့၊ သင်​သည် အ​မင်္ဂ​လာ​ရှိ၏။ အို ဗက်​ဇဲ​ဒ​မြို့၊ သင်​သည် အ​မင်္ဂ​လာ​ရှိ၏။ အ​ကြောင်း​မူ​ကား၊ သင်​တို့​တွင် ပြ​သော​တန်​ခိုး​ကို တု​ရု​မြို့​နှင့် ဇိ​ဒုန်​မြို့​တို့​တွင် ပြ​ဖူး​လျှင်၊ ထိုမြို့​တို့​သည် ရှေး​ကာ​လ၌ လျှော်​တေ​အ​ဝတ်​ကို ဝတ်၍၊ ပြာ​ထဲ​မှ​ထိုင်​လျက် နောင်​တ​ရ​ကြ​လိမ့်​မည်။-

တ​မန်​တော်​တို့​သည် အ​ထံ​တော်​သို့​ပြန်​လာ၍ မိ​မိ​တို့​ပြု​သ​မျှ​တို့​ကို ကြား​လျှောက်​ကြ၏။ ကိုယ်​တော်​သည် သူ​တို့​ကို​ခေါ်၍၊ ဗက်​ဇဲ​ဒ​မြို့​နယ်​အ​တွင်း တော၌ ဆိတ်​ကွယ်​ရာ​အ​ရပ်​သို့ ကြွ​တော်​မူ၏။ လူ​အ​စု​အ​ဝေး​တို့​သည် သိ​လျှင် နောက်​တော်​သို့ လိုက်​ကြ၏။-

ဖိ​လိ​ပ္ပု​ကား၊ အ​န္ဒြေ​နှင့်​ပေ​တ​ရု​မွေး​ဖွား​ရာ ဗက်​ဇဲ​ဒ​မြို့​မှ လာ​သော​သူ​ဖြစ်​သ​တည်း။-

ထို​သူ​တို့​သည် ဂါ​လိ​လဲ​ပြည်​ဗက်​ဇဲ​ဒ​မြို့​သား​ဖြစ်​သော ဖိ​လိ​ပ္ပု​ထံ​သို့​သွား၍ အ​ကျွန်ုပ်​တို့​သည် ယေ​ရှု​ကို မြင်​ချင်​ပါ​သည်​ခင်​ဗျား​ဟု တောင်း​ပန်​ကြ၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ