Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ရှင်မာကု 7:5

Judson Bible

ထို​အ​ခါ ဖာ​ရိ​ရှဲ​တို့​နှင့် ကျမ်း​ပြု​ဆ​ရာ​တို့​က၊ ရှေး​လူ​ဟောင်း​တို့​မှ ဆက်​ခံ​သော နည်း​ဥ​ပ​ဒေ​သ​ကို ကိုယ်​တော်၏ တ​ပည့်​တို့​သည် မ​ကျင့်​ဘဲ​လျက် အ​ဘယ်​ကြောင့် ညစ်​ညူး​သော​လက်​နှင့် အ​စာ​စား​ကြ​ပါ​သ​နည်း​ဟု မေး​လျှောက်​ကြ​လျှင်၊ ကိုယ်​တော်​က၊ ကျမ်း​စာ​လာ​သည်​အ​တိုင်း၊-

အခန်းကိုကြည့်ပါ။ ကော်ပီ

12 ပူးပေါင်းရင်းမြစ်များ  

ရှေး​လူ​ဟောင်း​တို့​မှ ဆက်​ခံ​သော နည်း​ဥ​ပ​ဒေ​ကို ကိုယ်​တော်၏​တ​ပည့်​တို့​သည် အ​ဘယ်​ကြောင့် လွန်​ကျူး​ကြ​ပါ​သ​နည်း။ သူ​တို့​သည် လက်​မ​ဆေး​ဘဲ အ​စာ​စား​ကြ​ပါ​သည်​တ​ကား​ဟု လျှောက်​ကြ​လျှင်၊-

မိ​မိ​တို့ အ​ဆက်​ဆက်​ခံ​သော နည်း​ဥ​ပ​ဒေ​သ​အား​ဖြင့် ဘု​ရား​သ​ခင်၏ နှုတ်​က​ပတ်​တော်​ကို ပယ်​ကြ၏။ ထို​သို့​သော အ​ကျင့်​အ​လေ့​များ​တို့​ကို သင်​တို့​သည် ကျင့်​လေ့​ရှိ​ကြ​သည်​ဟု မိန့်​တော်​မူ၏။

အ​ကြောင်း​မူ​ကား၊ သင်​တို့​သည် ဘု​ရား​သ​ခင်၏ ပ​ညတ်​တော်​ကို ပယ်၍ ခွက်​ဖ​လား​ဆေး​ခြင်း​တည်း​ဟူ​သော လူ​တို့​မှ ဆက်​ခံ​သော​နည်း​ဥ​ပ​ဒေ​သ​ကို ခံ​ယူ​လျက်၊ ထို​သို့​သော အ​ခြား အ​ကျင့်​အ​လေ့​များ​တို့​ကို ကျင့်​လေ့​ရှိ​ကြ၏။-

သင်​တို့​သည် အ​ဆက်​ဆက်​ခံ​သော နည်း​ဥ​ပ​ဒေ​သ​ကို ကျင့်​ရ​သော​အ​ခွင့် ရှိ​စေ​ခြင်း​ငှာ၊ ဘု​ရား​သ​ခင်၏ ပ​ညတ်​တော်​ကို လျောက်​ပတ်​စွာ ပယ်​ကြ​သည်​တ​ကား။-

တစ်​ပါး​အ​မျိုး​သား​တို့​တွင် နေ​သော ယု​ဒ​လူ​အ​ပေါင်း​တို့​သည် သူ​ငယ်​တို့​အား အ​ရေ​ဖျား​လှီး​ခြင်း​ကို မ​ပေး​ရ​ကြ။ ရှေး​ထုံး​တမ်း​အ​တိုင်း မ​ကျင့်​ရ​ကြ​ဟု သင်​သည် ဆို​လျက်၊ သူ​တို့​သည် မော​ရှေ​တ​ရား​ကို​စွန့်​စေ​ခြင်း​ငှာ ဆုံး​မ​ဩ​ဝါ​ဒ ပေး​တတ်​သည်​ကို ဤ​လူ​တို့​သည် သ​တင်း​ကြား​ကြ​ပြီ။-

ထို​သူ​တို့​ကို ယူ၍ သူ​တို့​နှင့်​တ​ကွ စင်​ကြယ်​ခြင်း​ကို​ပြု​လျက်၊ သူ​တို့​ခေါင်း​ရိတ်​ခြင်း​စ​ရိတ်​ကို ပေး​ပါ​လော့။ ထို​သို့​ပြု​လျှင် လူ​အ​ပေါင်း​တို့​သည် မိ​မိ​တို့​ကြား​သော သ​တင်း​စ​ကား​မ​မှန်​သည်​ကို​လည်း​ကောင်း၊ သင်​သည် ကိုယ်​တိုင် ပ​ညတ်​တ​ရား​ကို​စောင့်​ရှောက်၍ ကျင့်​နေ​သည်​ကို​လည်း​ကောင်း သိ​ရ​ကြ​လိမ့်​မည်။-

ငါ​တို့​အ​ဘ​အာ​ဗြ​ဟံ​သည် ထို​သူ​အ​ပေါင်း​တို့၏ အ​ဘ​ဖြစ်​အံ့​သော​ငှာ​လည်း​ကောင်း၊ အ​ရေ​ဖျား​လှီး​ခြင်း​ကို ခံ​သည်​သာ​မ​က၊ ငါ​တို့​အ​ဘ​အာ​ဗြ​ဟံ​သည် အ​ရေ​ဖျား​လှီး​ခြင်း​ကို​မ​ခံ​မီ ရှိ​သော ယုံ​ကြည်​ခြင်း​လမ်း​သို့​လိုက်​သော သူ​တို့၏​အ​ဘ ဖြစ်​အံ့​သော​ငှာ​လည်း​ကောင်း၊ အာ​ဗြ​ဟံ​သည် အ​ရေ​ဖျား​လှီး​ခြင်း​ကို မ​ခံ​မီ​ရှိ​သော ယုံ​ကြည်​ခြင်း၏​ဖြောင့်​မတ်​ခြင်း တံ​ဆိပ်​တည်း​ဟူ​သော အ​ရေ​ဖျား​လှီး​ခြင်း၏ လ​က္ခ​ဏာ​ကို ခံ​ရ​သ​တည်း။

ဘိုး​ဘေး​တို့၏​လက်​မှ ငါ​ခံ​ရ​သော နည်း​ဥ​ပ​ဒေ​သ​ဘက်၌ အ​ထူး​သ​ဖြင့် စိတ်​အား​သန်​လျက်၊ ငါ၏ လူ​မျိုး​ထဲ​တွင် ငါ့​ရွယ်​တူ​ချင်း​အ​များ​တို့​ထက် ယု​ဒ​ဘာ​သာ​ကို ကျင်​လည်​လေ့​ကျက်​ကြောင်း​ကို​လည်း​ကောင်း သင်​တို့​ကြား​သိ ကြ​ရ​ပြီ။-

မ​တ​ရား​စွာ​ပြု၍ အ​ဘယ်​အ​လုပ်​ကို​မျှ မ​လုပ်​ဘဲ၊ ကိုယ်​နှင့်​မ​ဆိုင်​သော​အ​မှု၌ ရော​နှော​သော​သူ အ​ချို့​တို့​သည် သင်​တို့​တွင်​ရှိ​ကြောင်း​ကို ငါ​တို့​ကြား​ရ​ကြ၏။-

တစ်​နည်း​ကား၊ ညီ​အစ်​ကို​တို့၊ ငါ​တို့​ထံ၌​ခံ​သော နည်း​ဥ​ပ​ဒေ​သ​အ​တိုင်း မ​ကျင့်​ဘဲ၊ မ​တ​ရား​စွာ​ပြု​သော ညီ​အစ်​ကို​ရှိ​သ​မျှ​တို့​ကို ရှောင်​ကြ​လော့​ဟု ငါ​တို့​သ​ခင်​ယေ​ရှု​ခ​ရစ်၏ နာ​မ​တော်​အား​ဖြင့် ငါ​တို့​သည် ပ​ညတ်​ထား​ကြ၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ