Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ရှင်မာကု 7:4

Judson Bible

ဈေး​မှ ပြန်​လာ​သော​အ​ခါ၌​လည်း ဆေး​ခြင်း​မ​ပြု​ဘဲ စား​လေ့​မ​ရှိ။ ထို​မှ​တစ်​ပါး၊ ခွက်၊ ဖ​လား၊ ကြေး​ဝါ​ပန်း​ကန်၊ ခု​တင်​တို့ ဆေး​ခြင်း​မှ​စ၍ အ​ခြား​သော​ထုံး​တမ်း​များ​ကို ခံ​ယူ၍ ကျင့်​လေ့​ရှိ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

15 ပူးပေါင်းရင်းမြစ်များ  

ကျေး​ဇူး​တော်​ကို ချီး​မြှောက်​သော​အ​သံ​နှင့် မြွက်​ဆို၍၊

ကိုယ်​ကိုကိုယ် ဆေး​ကြော​ကြ​လော့။ ကိုယ်​ကိုကိုယ် စင်​ကြယ်​စေ​ကြ​လော့။ သင်​တို့​ဒု​စ​ရိုက်​များ​ကို ငါ့​မျက်​မှောက်​မှ ပယ်​ရှား​ကြ​လော့။ မ​ကောင်း​သော​အ​ကျင့်​ကို ဖြတ်​ကြ​လော့။

ထို​ရေ​ခပ် အ​မျိုး​သား​တို့​ရှေ့၌ စ​ပျစ်​ရည်​နှင့် ပြည့်​သော​အိုး​များ​နှင့် ခွက်​ဖ​လား​တို့​ကို ထည့်၍၊ စ​ပျစ်​ရည်​ကို သောက်​ကြ​ပါ​ဟု သူ​တို့​အား​ဆို၏။

အို ယေ​ရု​ရှ​လင်​မြို့၊ သင်​သည် ကယ်​တင်​ခြင်း​သို့ ရောက်​ခြင်း​ငှာ၊ သင်၏​စိတ်​နှ​လုံး​ကို ဒု​စ​ရိုက်​အ​ပြစ်​နှင့် ကင်း​စင်​စေ​လော့။ သင်၏ အ​ဓ​မ္မ​အ​ကြံ​အ​စည်​တို့​သည် အ​ဘယ်​မျှ​ကာ​လ​ပတ်​လုံး သင်၏​အ​ထဲ၌ တည်​နေ​ရ​မည်​နည်း။

လျှို့​ဝှက်​သော ကျမ်း​ပြု​ဆ​ရာ၊ ဖာ​ရိ​ရှဲ​တို့၊ သင်​တို့​သည် အ​မင်္ဂ​လာ​ရှိ​ကြ၏။ အ​ကြောင်း​မူ​ကား၊ ဖ​လား၊ လင်​ပန်း​ကို အ​ပြင်၌ ဆေး​ကြော​ကြ၏။ အ​တွင်း၌​ကား လု​ယူ​ခြင်း၊ မ​တ​ရား​သ​ဖြင့် ကျင့်​ခြင်း​နှင့် ပြည့်​လျက်​ရှိ၏။-

မျက်​စိ​ကန်း​သော ဖာ​ရိ​ရှဲ၊ ဖ​လား၊ လင်​ပန်း​ကို အ​တွင်း၌ ရှေ့​ဦး​စွာ ဆေး​ကြော​လော့။ သို့​ပြု​လျှင် အ​ပြင်​ကား သန့်​ရှင်း​လိမ့်​မည်။-

ပိ​လတ်​မင်း​သည် မိ​မိ​မ​နိုင်၊ လူ​များ​သာ၍ ရုန်း​ရင်း​ခတ်​မျှ ပြု​ကြ​သည်​ကို​မြင်​လျှင်၊ ရေ​ကို​ယူ၍ လူ​များ​ရှေ့​တွင် မိ​မိ​လက်​ကို​ဆေး​လျက်၊ ဤ​ဖြောင့်​မတ်​သော​သူ၏​အ​သွေး​နှင့် ငါ​သည် ကင်း​ရှင်း၏။ ဤ​အ​မှု​ကို သင်​တို့ ကြည့်​ကြ​လော့​ဟု ဆို၏။-

အ​ကြောင်း​မူ​ကား၊ သင်​တို့​သည် ဘု​ရား​သ​ခင်၏ ပ​ညတ်​တော်​ကို ပယ်၍ ခွက်​ဖ​လား​ဆေး​ခြင်း​တည်း​ဟူ​သော လူ​တို့​မှ ဆက်​ခံ​သော​နည်း​ဥ​ပ​ဒေ​သ​ကို ခံ​ယူ​လျက်၊ ထို​သို့​သော အ​ခြား အ​ကျင့်​အ​လေ့​များ​တို့​ကို ကျင့်​လေ့​ရှိ​ကြ၏။-

ယု​ဒ​ဘာ​သာ​အ​လျောက် စင်​ကြယ်​ခြင်း​အ​ဖို့​အ​လို​ငှာ၊ ထို​အ​ရပ်၌ နှစ်​တင်း​သုံး​တင်း​ခန့်​ဝင်​သော ကျောက်​အိုး​စ​ရည်း​ခြောက်​လုံး ထား​လျက်​ရှိ၏။-

ထို​အ​ခါ ယော​ဟန်၏​တ​ပည့်​တို့​သည် စင်​ကြယ်​ခြင်း​ကို အ​ကြောင်း​ပြု၍ ယု​ဒ​လူ​နှင့် ဆွေး​နွေး​ငြင်း​ခုံ​ခြင်း​ရှိ​ကြ​သ​ဖြင့်၊-

စား​စ​ရာ၊ သောက်​စ​ရာ၊ အ​မျိုး​မျိုး​သော နှစ်​စ​ရာ​တည်း​ဟူ​သော၊ ကိုယ်​ခ​န္ဓာ​နှင့်​ဆိုင်​သော အ​ထုံး​အ​ဖွဲ့​များ​နှင့်​တ​ကွ အ​သစ်​ပြု​ပြင်​ခြင်း ကာ​လ​တိုင်​ရုံ​မျှ​သာ တည်​ရ​ကြ၏။

ဘု​ရား​သ​ခင်၌ ချဉ်း​ကပ်​ကြ​လော့။ သို့​ပြု​လျှင်၊ သင်​တို့၌ ချဉ်း​ကပ်​တော်​မူ​လိမ့်​မည်။ အ​ပြစ်​ရှိ​သော​သူ​တို့၊ သင်​တို့​လက်​ကို စင်​ကြယ်​စေ​ကြ​လော့။ စိတ်​နှစ်​ခွ​ရှိ​သော​သူ​တို့၊ သင်​တို့​စိတ်​နှ​လုံး​ကို သန့်​ရှင်း​စေ​ကြ​လော့။-

ဘု​ရား​သ​ခင်​သည် အ​လင်း၌​ရှိ​တော်​မူ​သ​ကဲ့​သို့၊ ငါ​တို့​သည် အ​လင်း၌​ကျင်​လည်​လျှင်၊ အ​ချင်း​ချင်း မိတ်​သ​ဟာ​ယ​ဖွဲ့​ခြင်း ရှိ​ကြ​သည်​ဖြစ်၍၊ ဘု​ရား​သ​ခင်၏​သား​တော် ယေ​ရှု​ခ​ရစ်၏ အ​သွေး​တော်​သည်၊ ငါ​တို့​အ​ပြစ်​ရှိ​သ​မျှ​ကို ဆေး​ကြော​တော်​မူ၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ