Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ရှင်မာကု 3:3

Judson Bible

ကိုယ်​တော်​က​လည်း၊ အ​လယ်၌ မတ်​တတ်​နေ​လော့​ဟု လက်​တစ်​ဖက်​သေ​သော​သူ​အား မိန့်​တော်​မူ​ပြီး​မှ၊-

အခန်းကိုကြည့်ပါ။ ကော်ပီ

12 ပူးပေါင်းရင်းမြစ်များ  

မြေ​ကြီး​ပေါ်​မှာ တ​ရား​တော်​ကို မ​တည်​စေ​မီ​တွင် အား​မ​လျော့၊ စိတ်​လည်း မ​ပျက်​ရ။ သူ၏​တ​ရား​ကို​လည်း၊ တစ်​ကျွန်း​တစ်​နိုင်​ငံ​သား​တို့​သည် မျှော်​လင့်​ကြ​လိမ့်​မည်။

အ​မိန့်​တော်​ထုတ်၍ တံ​ဆိပ်​ခတ်​ကြောင်း​ကို ဒံ​ယေ​လ​သည် ကြား​သိ​သော်​လည်း၊ မိ​မိ​အိမ်​သို့​သွား၍ ယေ​ရု​ရှ​လင်​မြို့​သို့ မျက်​နှာ​ပြု​ရာ အ​ထက်​ခန်း​ပြ​တင်း​ပေါက် ပွင့်​လျက်​ပင်၊ အ​ထက်​ပြု​လေ့​ရှိ​သည်​အ​တိုင်း၊ တစ်​နေ့​သုံး​ကြိမ် ဒူး​ထောက်​လျက် ဘု​ရား​သ​ခင်​ကို ဆု​တောင်း၍ ဂုဏ်​ကျေး​ဇူး​တော်​ကို ချီး​မွမ်း​လေ၏။

လူ​အ​ချို့​တို့​က၊ ဥ​ပုသ်​နေ့၌ ရော​ဂါ​ကို ငြိမ်း​စေ​အပ်​သ​လော​ဟု ကိုယ်​တော်၌ အ​ပြစ်​တင်​ခွင့်​ကို ရှာ၍ မေး​လျှောက်​ကြ၏။-

ဥ​ပုသ်​နေ့၌ သူ၏​ရော​ဂါ​ကို​ငြိမ်း​စေ​မည် မ​ငြိမ်း​စေ​မည်​ကို ထို​သူ​တို့​သည် ကိုယ်​တော်၌ အ​ပြစ်​တင်​ခွင့်​ကို ရှာ၍ ချောင်း​ကြည့်​ကြ၏။-

ဥ​ပုသ်​နေ့၌ ကျေး​ဇူး​ပြု​အပ်​သ​လော၊ သူ့​အ​ကျိုး​ကို ဖျက်​ဆီး​အပ်​သ​လော၊ အ​သက်​ကို ကယ်​အပ်​သ​လော၊ သတ်​အပ်​သ​လော​ဟု ပ​ရိ​သတ်​တို့​အား မေး​တော်​မူ​လျှင်၊ ထို​သူ​တို့​သည် တိတ်​ဆိတ်​စွာ​နေ​ကြ၏။-

ကိုယ်​တော်​သည် သူ​တို့​အ​ကြံ​အ​စည်​ကို​သိ​လျှင်၊ လက်​သေ​သော​သူ​အား၊ ထ​လော့။ အ​လယ်၌ မတ်​တတ်​နေ​လော့​ဟု မိန့်​တော်​မူ​သည်​အ​တိုင်း ထို​သူ​သည်​ထ၍ မတ်​တတ်​နေ၏။-

ငါ့​ကို စေ​လွှတ်​တော်​မူ​သော​သူ၏​အ​မှု​ကို နေ့​အ​ချိန်၌​ရှိ​စဉ်​တွင် ငါ​ပြု​ရ​မည်။ အ​ဘယ်​သူ​မျှ အ​မှု​မ​ပြု​နိုင်​သော အ​ချိန်​တည်း​ဟူ​သော ည​အ​ချိန်​လာ​သေး၏။-

ထို​ကြောင့် ငါ​ချစ်​သော​ညီ​အစ်​ကို​တို့၊ သင်​တို့​သည် သ​ခင်​ဘု​ရား၏​အ​မှု​တော်​ကို ဆောင်​ရွက်၍ အ​ကျိုး​ကြီး​သည်​ကို သိ​မှတ်​သ​ဖြင့် တည်​ကြည်​သော​စိတ်​နှင့် ပြည့်​စုံ၍၊ မ​ရွေ့​လျော့ မ​တိမ်း​ယိမ်း​ဘဲ​လျက်၊ သ​ခင်​ဘု​ရား၏ အ​မှု​တော်​ကို ကြိုး​စား​အား​ထုတ်​ကြ​လော့။

ငါ​တို့​သည်​အား​မ​လျော့၊ စိတ်​မ​ပျက်​ဘဲ ကောင်း​သော​အ​ကျင့်​ကို ကျင့်​ကြ​ကုန်​အံ့။ ထို​သို့​တည်​ကြည်၍ ကျင့်​လျှင် အ​ချိန်​တန်​သော​ကာ​လ၌ အ​သီး​အ​နှံ​ကို ရိတ်​ရ​ကြ​လိမ့်​မည်။-

သ​ခင်​ဘု​ရား၌ ညီ​အစ်​ကို​အ​များ​တို့​သည် ငါ​ခံ​ရ​သော ချည်​နှောင်​ခြင်း​ကြောင့် ယုံ​မှား​သော​စိတ်​နှင့် ကင်း​လွတ်၍ ကြောက်​ရွံ့​ခြင်း မ​ရှိ​ဘဲ၊ နှုတ်​က​ပတ်​တ​ရား​တော်​ကို သာ၍ ဟော​ပြော​ဝံ့​ကြ၏။-

ထို​သို့​ခ​ရစ်​တော်​သည် ကိုယ်​ခ​န္ဓာ​တော်၌ ငါ​တို့​အ​တွက် ခံ​တော်​မူ​သည်​မှန်​သော​ကြောင့်၊ သင်​တို့​လည်း ထို​သို့​သော​သ​ဘော​ကို လက်​နက်​ပြု၍ သုံး​စွဲ​ကြ​လော့။ အ​ကြောင်း​မူ​ကား၊ ကိုယ်​ခ​န္ဓာ၌​ခံ​သော​သူ​သည် ဒု​စ​ရိုက်​တို့​နှင့် လွတ်​ငြိမ်း​သည်​ဖြစ်၍၊-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ