ရှင်မာကု 3:2Judson Bibleဥပုသ်နေ့၌ သူ၏ရောဂါကိုငြိမ်းစေမည် မငြိမ်းစေမည်ကို ထိုသူတို့သည် ကိုယ်တော်၌ အပြစ်တင်ခွင့်ကို ရှာ၍ ချောင်းကြည့်ကြ၏။- အခန်းကိုကြည့်ပါ။ |
လူများကဲ့ရဲ့ပြစ်တင်ခြင်းကို ကြားရ၏။ ခပ်သိမ်းသော အရပ်တို့၌ ကြောက်မက်ဖွယ်သော အကြောင်းရှိ၏။ သူတစ်ပါးတို့က သတင်းကို ကြားပြောကြလော့။ ငါတို့သည် တစ်ဆင့် ကြားပြောလိမ့်မည်ဟု ဆိုကြ၏။ ငါ၏အနားမှာ အစဉ်နေသော ငါ၏မိတ်ဆွေအပေါင်းတို့က၊ ငါတို့သည် သူ့ကိုနိုင်၍ အငြိုးထားသောစိတ်ပြေစေခြင်းငှာ၊ သူ့ကို သွေးဆောင်ကောင်း သွေးဆောင်လိမ့်မည်ဟု ဆိုကြ၏။