အိမ်သည်လည်း မိမိနှင့် မသင့်မတင့် ကွဲပြားလျှင် မတည်နိုင်ရာ။-
အဘသည် မိမိသားအပေါင်းတို့တွင်၊ ယောသပ်ကိုသာ၍ချစ်ကြောင်းကို၊ အစ်ကိုတို့သည် သိမြင်သောအခါ၊ သူ့ကိုမုန်း၍ မေတ္တာစကားကိုသူ့အား မပြောနိုင်ကြ။
ညီအစ်ကိုတို့သည် သဘောတူလျက် ပေါင်းဖော်ကြသည်အရာမှာ အလွန်ကောင်းပေ၏။ အလွန်တင့်တယ် လျောက်ပတ်ပေ၏။
တိုင်းနိုင်ငံသည် မိမိနှင့် မသင့်မတင့် ကွဲပြားလျှင် မတည်နိုင်ရာ။-
စာတန်သည် မိမိတစ်ဖက်၌ ထ၍ မိမိနှင့် မသင့်မတင့်ကွဲပြားလျှင် မတည်နိုင်ဘဲ ဆုံးခြင်းသို့ ရောက်လိမ့်မည်။-
သို့မဟုတ် အချင်းချင်းကိုက်စားလျှင် အချင်းချင်း ဖျက်ဆီးမည်ဟု စိုးရိမ်၍ သတိရှိကြလော့။
အကြောင်းမူကား၊ ဂုဏ်ပြိုင်ခြင်း၊ ရန်တွေ့ခြင်းရှိလျှင်၊ မငြိမ်မဝပ်ရုန်းရင်းခတ်ခြင်း၊ ဆိုးညစ်စွာ ပြုမူခြင်း အမျိုးမျိုးရှိတတ်၏။-