Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ရှင်မာကု 3:24

Judson Bible

တိုင်း​နိုင်​ငံ​သည် မိ​မိ​နှင့် မ​သင့်​မ​တင့် ကွဲ​ပြား​လျှင် မ​တည်​နိုင်​ရာ။-

အခန်းကိုကြည့်ပါ။ ကော်ပီ

15 ပူးပေါင်းရင်းမြစ်များ  

ထို​အ​ခါ ဗင်္ယာ​မိန်​အ​မျိုး ဗိ​ခ​ရိ၏​သား​ရှေ​ဘ အ​မည်​ရှိ​သော အ​ဓ​မ္မ​လူ​တစ်​ယောက်​ရှိ၏။ ထို​သူ​သည် တံ​ပိုး​မှုတ်၍၊ အို​ဣ​သ​ရေ​လ အ​မျိုး၊ ငါ​တို့​သည် ဒါ​ဝိဒ်၌​တစ်​ဖို့​ကို​မျှ မ​ဆိုင်။ ယေ​ရှဲ၏​သား​ကို အ​မွေ​မ​ခံ​ထိုက်။ လူ​အ​ပေါင်း​တို့၊ ကိုယ်​နေ​ရာ​သို့ သွား​ကြ​ဟု​ဆို​သ​ဖြင့်၊

ဒါ​ဝိဒ်​က​လည်း၊ အ​ဗ​ရှ​လုံ​ပြု​သည်​ထက် ဗိ​ခ​ရိ​သား​ရှေ​ဘ​သည် သာ၍ အ​ပြစ်​ပြု​လိမ့်​မည်။ သင့်​သ​ခင်၏​ကျွန်​တို့​ကို ခေါ်၍ ထို​သူ​ကို​လိုက်​လော့။ သို့​မ​ဟုတ်​သူ​သည် ခိုင်​ခံ့​သော​မြို့ တစ်​စုံ​တစ်​မြို့​ထဲ​သို့​ဝင်၍ ငါ​တို့​လက်​မှ လွတ်​လိမ့်​မည်​ဟု အ​ဘိ​ရှဲ​အား မိန့်​တော်​မူ​သည်​အ​တိုင်း၊

ထို​ပြည်​တွင် ဣ​သ​ရေ​လ​တောင်​တို့​အ​ပေါ်၌ လူ​တစ်​မျိုး​တည်း​ဖြစ်​စေ၍၊ ရှင်​ဘု​ရင်​တစ်​ပါး​တည်း​သာ​လျှင် ထို​သူ​အ​ပေါင်း​တို့​ကို စိုး​စံ​ရ​လိမ့်​မည်။ နောက်​တစ်​ဖန် သူ​တို့​သည် လူ​နှစ်​မျိုး​မ​ဖြစ်​ရ။ နှစ်​တိုင်း​နှစ်​ပြည် ကွဲ​ပြား​လျက်​မ​ရှိ​ရ။

ထို​အ​ခါ ယု​ဒ​အ​မျိုး​နှင့် ဣ​သ​ရေ​လ​အ​မျိုး​ဖွဲ့​သော မိတ်​သ​ဟာ​ယ​ကို ဖျက်​လို၍၊ အ​နှောင်​အ​ဖွဲ့​အ​မည်​ရှိ​သော အ​ခြား​တောင်​ဝှေး​ကို ငါ​ချိုး၏။

ယေ​ရှု​သည် ထို​သူ​တို့၏​စိတ်​ကို သိ​တော်​မူ​သည်​ဖြစ်၍၊ တိုင်း​နိုင်​ငံ​မည်​သည်​ကား၊ မိ​မိ​နှင့် မ​သင့်​မ​တင့် ကွဲ​ပြား​လျှင် ပျက်​စီး​ခြင်း​သို့ ရောက်​လိမ့်​မည်။ မြို့​ရွာ​ဖြစ်​စေ၊ အိမ်​ဖြစ်​စေ၊ မိ​မိ​နှင့်​မ​သင့်​မ​တင့် ကွဲ​ပြား​လျှင် မ​တည်​နိုင်​ရာ။-

ကိုယ်​တော်​သည် သူ​တို့​ကို​ခေါ်၍ ဥ​ပ​မာ​ကို ဆောင်​တော်​မူ​လျက်၊ စာ​တန်​သည် စာ​တန်​ကို အ​ဘယ်​သို့ နှင်​ထုတ်​နိုင်​သ​နည်း။-

အိမ်​သည်​လည်း မိ​မိ​နှင့် မ​သင့်​မ​တင့် ကွဲ​ပြား​လျှင် မ​တည်​နိုင်​ရာ။-

ကိုယ်​တော်​သည် အ​ကျွန်ုပ်​ကို​စေ​လွှတ်​တော်​မူ​သည်​ကို လော​ကီ​သား​တို့​သည် ယုံ​ကြ​မည်​အ​ကြောင်း ထို​သူ​အ​ပေါင်း​တို့​သည် တစ်​လုံး​တစ်​ဝ​တည်း​ဖြစ်​လျက်၊ အ​ဘ၊ ကိုယ်​တော်​သည် အ​ကျွန်ုပ်၌​ရှိ​တော်​မူ၍ အ​ကျွန်ုပ်​သည်​လည်း ကိုယ်​တော်၌​ရှိ​သ​ကဲ့​သို့၊ ထို​သူ​အ​ပေါင်း​တို့​သည် ငါ​တို့၌ တစ်​လုံး​တစ်​ဝ​တည်း​ဖြစ်​စေ​ခြင်း​ငှာ ဆု​တောင်း​ပါ၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ