Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ယေ​ရ​မိ 9:4

Judson Bible

လူ​တိုင်း မိ​မိ​အ​ပေါင်း​အ​ဖော်​ကို သ​တိ​ပြု​လော့။ မိ​မိ​ညီ​အစ်​ကို​ကို မ​ယုံ​ကြ​နှင့်။ ညီ​အစ်​ကို​တိုင်း မိ​မိ​ညီ​အစ်​ကို​အ​ရာ​ကို ဆက်​ဆက်​လု​ယူ​မည်။ အ​ပေါင်း​အ​ဖော်​ရှိ​သ​မျှ​တို့​သည် သူ့​အ​သ​ရေ​ကို ဖျက်​မြဲ​ဖျက်​ကြ​လိမ့်​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

28 ပူးပေါင်းရင်းမြစ်များ  

နောင်၌ သင်၏​အ​မည်​ကို​ယာ​ကုပ်​ဟူ၍ မ​ခေါ်​ရ။ ဣ​သ​ရေ​လ​ဟူ၍​ခေါ်​ရ​မည်။ အ​ကြောင်း​မူ​ကား၊ သင်​သည်​ဘု​ရား​သ​ခင်​နှင့်​လည်း​ကောင်း၊ လူ​နှင့်​လည်း​ကောင်း၊ မင်း​ကဲ့​သို့​ပြိုင်၍ နိုင်​လေ​ပြီ​ဟု မိန့်​တော်​မူ၏။

မိ​မိ​အိမ်​နီး​ချင်း၏​အ​သ​ရေ​ကို တိတ်​ဆိတ်​စွာ​ဖျက်​သော​သူ​ကို ငါ​ပယ်​ဖြတ်​မည်။ မျက်​နှာ​ထောင်​လွှား၍ စိတ်​မြင့်​သော​သူ​ကို သည်း​မ​ခံ။

သူ​တစ်​ပါး၏​အ​သ​ရေ​ကို ပျက်​စေ​ခြင်း​ငှာ​ပြော​ဆို​ခြင်း၊ ကိုယ်​နှင့်​စပ်​ဆိုင်​သော​သူ၏ အ​ကျိုး​ကို​ပြစ်​မှား​ခြင်း၊ ကိုယ်​နှင့်​စပ်​ဆိုင်​သော​သူ​ကို​လည်း ကဲ့​ရဲ့​ခြင်း​ကို​ရှောင်​ထ​သော၊

အ​ငြိုး​ဖွဲ့​သော​သ​ဘော​ကို မု​သား​နှုတ်​ခမ်း​ဖြင့် ဖုံး​ထား​သော​သူ၊ သူ့​အ​သ​ရေ​ပျက်​အောင် ပြော​တတ်​သော​သူ​သည် မိုက်​သော​သ​ဘော​ရှိ၏။

အိမ်​နီး​ချင်း​တစ်​ဖက်၌ မ​မှန်​သော​သက်​သေ​ကို ခံ​သော​သူ​သည် တုတ်၊ ဓား၊ သံ​ချွန်​နှင့်​တူ၏။

သူ​တို့​သည် သူ​တစ်​ပါး၌ အ​ပြစ်​မ​ပြု​ရ​လျှင် မ​အိပ်​တတ်။ တစ်​စုံ​တစ်​ယောက်​သော​သူ​ကို မ​လဲ​စေ​လျှင် အိပ်၍​မ​ပျော်​တတ်။

ဒု​စ​ရိုက်​နှင့်​ဆိုင်​သော မုန့်​ကို​စား၍ ညှဉ်း​ဆဲ​ခြင်း​နှင့်​ဆိုင်​သော စ​ပျစ်​ရည်​ကို သောက်​တတ်​ကြ၏။

ထာ​ဝ​ရ​ဘု​ရား​မုန်း​တော်​မူ​သော​အ​ရာ ခြောက်​ပါး​မ​က၊ စက်​ဆုပ်​ရွံ​ရှာ​တော်​မူ​သော​အ​ရာ ခု​နစ်​ပါး​ဟူ​မူ​ကား၊

မု​သား​စ​ကား​ကို​ပြော၍ မ​မှန်​သော​သက်​သေ​တစ်​ပါး၊ အ​ပေါင်း​အ​ဖော်​ချင်း ရန်​တွေ့​စေ​ခြင်း​ငှာ ပြု​တတ်​သော​သူ တစ်​ပါး​တည်း။

ထာ​ဝ​ရ​ဘု​ရား​ကို ပြစ်​မှား​ခြင်း၊ ငြင်း​ပယ်​ခြင်း​ကို​ပြု၍၊ ငါ​တို့၏​ဘု​ရား​သ​ခင်​ကို စွန့်​ကြ​ပြီ။ ညှဉ်း​ဆဲ​သော​စ​ကား၊ ပုန်​ကန်​သော​စ​ကား​ကို ပြော​ခြင်း၊ မ​ဟုတ်​မ​မှန်​သော​စ​ကား​ကို အောက်​မေ့၍၊ စိတ်​နှ​လုံး​ထဲ​က မြွက်​ဆို​ခြင်း​ကို ပြု​ကြ​ပြီ။

ဤ​လူ​မျိုး​ကို လမ်း​ပြ​သော​သူ​တို့​သည် လမ်း​လွဲ​စေ​ခြင်း​ငှာ ပြ​ကြ၏။ လိုက်​သော​သူ​တို့​သည်​လည်း ပျက်​စီး​ခြင်း​သို့​ရောက်​ကြ​လိမ့်​မည်။

သင်၏​ညီ​အစ်​ကို၊ အ​ဘ၏​အိမ်​သူ​အိမ်​သား​တို့​ပင် သင့်​ကို​သ​စ္စာ​ဖျက်၍၊ သင့်​နောက်​သို့ အော်​ဟစ်​လျက် လိုက်​ကြ၏။ သူ​တို့​သည် ကောင်း​သော​စ​ကား​ကို ပြော​သော်​လည်း​မ​ယုံ​နှင့်။

ထို​သူ​အ​ပေါင်း​တို့​သည် အ​လွန်​ဖောက်​ပြန်​သော​သူ၊ ကုန်း​တိုက်​တတ်​သော​သူ ဖြစ်​ကြ၏။ ကြေး​ဝါ​နှင့် သံ​သက်​သက်၊ ဖျက်​တတ်​သော အ​ရာ​သက်​သက် ဖြစ်​ကြ၏။

သူ​တို့​လျှာ​သည် သေ​စေ​တတ်​သော​မြား ဖြစ်၏။ ပ​ရိ​ယာယ်​စ​ကား​ကို ပြော​တတ်၏။ အ​ပေါင်း​အ​ဖော်​ချင်း​တို့​သည် နှုတ်​ဖြင့် လော​က​ဝတ်​စ​ကား​ကို​ပြော၍၊ နှ​လုံး​ဖြင့် ချောင်း​မြောင်း​တတ်​ကြ၏။

သင့်​အ​လယ်၌ လူ​အ​သက်​ကို သတ်​လို၍ ကုန်း​တိုက်​သော​သူ၊ တောင်​ပေါ်​မှာ စား​သော​သူ၊ အ​ဓ​မ္မ​အ​မှု​ကို​ပြု​သော​သူ ရှိ​ကြ၏။

သူ့​အ​သ​ရေ​ပျက်​သော သ​တင်း​ကို​ကြား​ပြော​ခြင်း​ငှာ၊ ကိုယ်​အ​မျိုး​သား​ချင်း​တို့​တွင် မ​လှည့်​လည်​ရ။ ကိုယ်​နှင့်​စပ်​ဆိုင်​သော​သူ​ကို သေ​စေ​ခြင်း​ငှာ မ​ကြံ​စည်​ရ။ ငါ​သည် ထာ​ဝ​ရ​ဘု​ရား​ဖြစ်၏။

ခပ်​သိမ်း​သော​ငါ​တို့၌ တစ်​ပါး​တည်း​သော​အ​ဘ ရှိ​သည်​မ​ဟုတ်​လော။ တစ်​ပါး​တည်း​သော ဘု​ရား​သ​ခင်​သည် ငါ​တို့​ကို ဖန်​ဆင်း​တော်​မူ​သည် မ​ဟုတ်​လော။ ဘိုး​ဘေး​တို့​နှင့် ဖွဲ့​တော်​မူ​သော ပ​ဋိ​ညာဉ်​ကို​ရှုတ်​ချ၍၊ ငါ​တို့​သည် အ​ဘယ်​ကြောင့် တစ်​ယောက်​ကို​တစ်​ယောက် သ​စ္စာ​ဖျက်​ကြ​သ​နည်း။

လူ​တို့​ကို သ​တိ​ပြု​ကြ။ အ​ကြောင်း​မူ​ကား၊ သင်​တို့​ကို လွှတ်​ရုံး​သို့ အပ်​နှံ​ကြ​လိမ့်​မည်။ တ​ရား​ဇ​ရပ်​တို့၌ ရိုက်​ကြ​လိမ့်​မည်။-

ထို​အ​ခါ ညီ​အစ်​ကို​ချင်း တစ်​ယောက်​ကို​တစ်​ယောက် သေ​စေ​ခြင်း​ငှာ အပ်​ကြ​လိမ့်​မည်။ အ​ဘ​သည်​လည်း သား​ကို အပ်​လိမ့်​မည်။ သား​သ​မီး​တို့​သည်​လည်း မိ​ဘ​ကို ရန်​ဘက်​ပြု၍ သေ​စေ​ကြ​လိမ့်​မည်။-

သင်​တို့​မိ​ဘ၊ ညီ​အစ်​ကို၊ ပေါက်​ဖော်၊ အ​ဆွေ​ခင်​ပွန်း​တို့​သည် သင်​တို့​ကို အပ်​နှံ​ကြ​လိမ့်​မည်။ အ​ချို့​တို့​ကို​လည်း သတ်​ကြ​လိမ့်​မည်။-

ဤ​အ​မှု​အ​ရာ၌ လွန်​ကျူး၍ ညီ​အစ်​ကို​ကို ပ​ရိ​ယာယ်​အား​ဖြင့် မ​ပြစ်​မှား​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ အ​လို​တော်​ရှိ၏။ ငါ​တို့​သည် အ​ထက်​က ဟော​ပြော၍ သ​စ္စာ​ပေး​နှင့်​သည်​အ​တိုင်း၊ သ​ခင်​ဘု​ရား​သည် ထို​သို့​သော ပြစ်​မှား​ခြင်း​ကို ခံ​သော​သူ​အ​ပေါင်း​တို့​ဘက်၌ တ​ရား​စီ​ရင်​တော်​မူ​လိမ့်​မည်။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ