Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ယေ​ရ​မိ 9:5

Judson Bible

အ​ပေါင်း​အ​ဖော်​ရှိ​သ​မျှ​တို့​သည် တစ်​ယောက်​ကို​တစ်​ယောက် လှည့်​စား​ကြ​လိမ့်​မည်။ သ​စ္စာ​စ​ကား​ကို မ​ပြော​ဘဲ မု​သား​စ​ကား​ကို ပြော​ခြင်း​ငှာ မိ​မိ​တို့​လျှာ​ကို သွန်​သင်​ကြ​ပြီ။ မ​တ​ရား​သော​အ​မှု​ကို ပြု​သော​အား​ဖြင့် ကိုယ်​ကို​ကိုယ် ပင်​ပန်း​စေ​ကြ​ပြီ။

အခန်းကိုကြည့်ပါ။ ကော်ပီ

32 ပူးပေါင်းရင်းမြစ်များ  

အိမ်​တံ​ခါး​နား​မှာ​ရှိ​သော​သူ​အ​ကြီး​အ​ငယ်​တို့​ကို၊ မျက်​စိ​ကန်း​စေ​ခြင်း​ငှာ ဒဏ်​ခတ်​သ​ဖြင့်၊ သူ​တို့​သည်​တံ​ခါး​ကို​ရှာ၍ ပင်​ပန်း​ခြင်း​သို့ ရောက်​ကြ၏။

သင်​ပြော​သော မု​သား​စ​ကား​ကြောင့် သူ​တစ်​ပါး​တို့​သည် တိတ်​ဆိတ်​စွာ​နေ​ရ​မည်​လော။ သင်​ကဲ့​ရဲ့​သော​အ​ခါ အ​ဘယ်​သူ​သည် အ​ရှက်​မ​ကွဲ​ဘဲ​နေ​ရ​မည်​နည်း။

သင်​သည် ကိုယ်​နှုတ်​ဖြင့် ကိုယ်​အ​ပြစ်​ကို​ဖော်​ပြ၏။ ပ​ရိ​ယာယ်​ပြု​သော သူ၏​စ​ကား​ကို​သုံး​တတ်၏။

သူ​တို့​သည်​မြွေ​ကဲ့​သို့ မိ​မိ​တို့​လျှာ​ကို​သွေး​တတ်​ကြ​ပါ၏။ သူ​တို့​နှုတ်​ခမ်း​အ​ထဲ​မှာ မြွေ​ဆိုး​အ​ဆိပ်​အ​တောက်​ရှိ​ပါ၏။

သင်၏​နှုတ်​ကို​ဒု​စ​ရိုက်၌​အပ်​နှံ၍၊ သင်၏​လျှာ​ဖြင့် မု​သား​ကို စီ​ရင်​တတ်၏။

သင်​သည် သု​စ​ရိုက်​ထက် ဒု​စ​ရိုက်​ကို​လည်း​ကောင်း၊ ဖြောင့်​မတ်​သော​စ​ကား​ထက် မု​သား​စ​ကား​ကို​လည်း​ကောင်း သာ၍​နှစ်​သက်​တတ်၏။

ထို​သူ​တို့​သည် မိ​မိ​တို့​လျှာ​ကို ဓား​ကဲ့​သို့ သွေး​တတ်​ကြ၏။

ထို​သူ​သည် ဒု​စ​ရိုက်​ဖွား​သော ဝေ​ဒ​နာ​ကို​ခံ​ရ၏။ မ​ကောင်း​သော​အ​ကြံ​အ​စည်​ကို ပ​ဋိ​သ​န္ဓေ​ယူ၍၊ စိတ်​ပျက်​ခြင်း​ကို ဖွား​မြင်​တတ်၏။

ဖြောင့်​မတ်​သော​သူ၏​အ​ကြံ​သည် ဖြောင့်၏။ မ​တ​ရား​သော​သူ​ပေး​သော အ​ကြံ​မူ​ကား မု​သား​ဖြစ်၏။

သူ​တို့​သည် သူ​တစ်​ပါး၌ အ​ပြစ်​မ​ပြု​ရ​လျှင် မ​အိပ်​တတ်။ တစ်​စုံ​တစ်​ယောက်​သော​သူ​ကို မ​လဲ​စေ​လျှင် အိပ်၍​မ​ပျော်​တတ်။

ဒု​က္ခ​ကို ဒု​စ​ရိုက်​ဖြင့်​ဆွဲ​သော​သူ၊ လှည်း​ကြိုး​ဖြင့် ဆွဲ​သ​ကဲ့​သို့၊ အ​ပြစ်​ကို ဆွဲ​ငင်​သော​သူ​တို့​သည် အ​မင်္ဂ​လာ​ရှိ​ကြ၏။

ဝေး​စွာ​ခ​ရီး​သွား၍ ပင်​ပန်း​သော်​လည်း စိတ်​မ​ပျက်။ ကြိုး​စား၍ အ​သက်​လွတ်​သော​ကြောင့် အား​လျော့​ခြင်း​မ​ရှိ။

သူ​တို့​သည် ဂျုံ​စ​ပါး​မျိုး​စေ့​ကို ကြဲ၍ ဆူး​ပင်​ကို​သာ ရိတ်​ရ​ကြ၏။ ပင်​ပန်း​စွာ​ကြိုး​စား​သော်​လည်း ကျေး​ဇူး​မ​ရှိ​ကြ။ ထာ​ဝ​ရ​ဘု​ရား၏ အ​မျက်​တော်​အ​ရှိန်​ကြောင့်၊ မိ​မိ​တို့​ခံ​ရ​သော​အ​ကျိုး​ကို ထောက်၍ ရှက်​ကြ​လိမ့်​မည်။

သင်၏​ညီ​အစ်​ကို၊ အ​ဘ၏​အိမ်​သူ​အိမ်​သား​တို့​ပင် သင့်​ကို​သ​စ္စာ​ဖျက်၍၊ သင့်​နောက်​သို့ အော်​ဟစ်​လျက် လိုက်​ကြ၏။ သူ​တို့​သည် ကောင်း​သော​စ​ကား​ကို ပြော​သော်​လည်း​မ​ယုံ​နှင့်။

အဲ​သ​ယော​ပိ​လူ​သည် မိ​မိ​အ​ရေ၏​အ​ဆင်း​ကို​လည်း​ကောင်း၊ ကျား​သစ်​သည် မိ​မိ​အ​ကွက်​အ​ကျား​တို့​ကို​လည်း​ကောင်း ပြောင်း​လဲ​နိုင်​သ​လော။ ပြောင်း​လဲ​နိုင်​လျှင်၊ ဒု​စ​ရိုက်​ကို ပြု​လေ့​ရှိ​သော​သူ​တို့​သည်၊ သု​စ​ရိုက်​ကို​ပြု​ခြင်း​ငှာ တတ်​နိုင်​ကြ​လိမ့်​မည်။

အ​ကယ်​စင်​စစ် ငါ၏​လူ​တို့​သည် ထိုင်း​မှိုင်း၍ ငါ့​ကို​မ​သိ​ကြ။ မိုက်​သော​သူ​ငယ်​ဖြစ်၍ ဉာဏ်​မ​ရှိ​ကြ။ မ​ကောင်း​သော​အ​မှု​တို့၌ လိ​မ္မာ​ကြ၏။ ကောင်း​သော​အ​မှု​တို့​ကို မ​ပြု​တတ်​ကြ။

ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​ကား၊ ဒု​ကြီး​သော ဗာ​ဗု​လုန်​မြို့​ရိုး​တို့​ကို အ​ကုန်​အ​စင်​ဖြို​ဖျက်၍၊ မြင့်​သော​မြို့​တံ​ခါး​တို့​ကို​လည်း မီး​ရှို့​ကြ​လိမ့်​မည်။ လူ​အ​မျိုး​မျိုး​တို့​သည် အ​ချည်း​နှီး​လုပ်​ဆောင်၍၊ မီး၌​ပင်​ပန်း​ခြင်း​ကို ခံ​ရ​ကြ​ပြီ။

ဗာ​ဗု​လုန်​မြို့​သည် ဤ​သို့​နစ်​ရ​လိမ့်​မည်။ ငါ​ရောက်​စေ​သော ဘေး​ဥ​ပဒ်​ထဲ​က နောက်​တစ်​ဖန် မ​ထ​မြောက်​ရ။ မြို့​သူ​မြို့​သား​တို့​သည် အား​ကုန်​လျက် နေ​ရ​ကြ​လိမ့်​မည်​ဟု၊ မြွက်​ဆို​ရ​မည်​အ​ကြောင်း​ကို၊ ယေ​ရ​မိ​သည် မှာ​ထား​လေ၏။ ဤ​ရွေ့​ကား၊ ယေ​ရ​မိ​စ​ကား​ပေ​တည်း။

သို့​ဖြစ်၍ သင်​က​လည်း၊ ဤ​လူ​မျိုး​သည် မိ​မိ​တို့​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား၏​စ​ကား​တော်​ကို နား​မ​ထောင်၊ ဆုံး​မ၍ မ​နိုင်​သော​အ​မျိုး ဖြစ်၏။ သ​စ္စာ​စ​ကား​ကို​မ​ပြော၊ သ​စ္စာ​ပျက်​သော​အ​မျိုး​ဖြစ်​သည်​ဟု သူ​တို့​အား​ပြော​ဆို​ရ​မည်။

သူ​တို့​သည် မိ​မိ​တို့​လျှာ​တည်း​ဟူ​သော လေး​ကို မု​သား​နှင့်​တင်​ကြ၏။ သ​စ္စာ​တ​ရား​ကို အ​မှီ​မ​ပြု​ဘဲ မြေ​ကြီး​ပေါ်​မှာ လူ​ကြီး​ဖြစ်​ကြ၏။ အ​ကယ်​စင်​စစ် ဆိုး​သော​အ​မှု​အ​ပေါ်​မှာ ဆိုး​သော​အ​မှု​ကို ထပ်၍​ပြု​ကြ၏။ ငါ့​ကို​လည်း မ​သိ​မ​မှတ်​ကြ​ဟု ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။

သူ​တို့​လျှာ​သည် သေ​စေ​တတ်​သော​မြား ဖြစ်၏။ ပ​ရိ​ယာယ်​စ​ကား​ကို ပြော​တတ်၏။ အ​ပေါင်း​အ​ဖော်​ချင်း​တို့​သည် နှုတ်​ဖြင့် လော​က​ဝတ်​စ​ကား​ကို​ပြော၍၊ နှ​လုံး​ဖြင့် ချောင်း​မြောင်း​တတ်​ကြ၏။

ကြိုး​စား၍​ပင်​ပန်း​သော်​လည်း၊ များ​စွာ​သော သံ​ချေး​မ​ထွက်​တတ်။ မီး​အား​ဖြင့် မ​ကုန်​တတ်။

မြို့​သား​သူ​ဌေး​တို့​သည် အ​နိုင်​အ​ထက်​ပြု၍ ရ​တတ်​ကြ၏။ ဆင်း​ရဲ​သား​တို့​သည်​လည်း မု​သား​ကို သုံး​တတ်​ကြ၏။ သူ​တို့​နှုတ်၌ ရှိ​သော​လျှာ​သည် မု​သား​ဖြစ်၏။

အို ငါ၏​လူ​မျိုး၊ သင့်​ကို အ​ဘယ်​သို့ ငါ​ပြု​ဖူး​သ​နည်း။ အ​ဘယ်​သို့ ညှဉ်း​ဆဲ​ဖူး​သ​နည်း။ ငါ့​တစ်​ဖက်၌ သက်​သေ​ခံ​လော့။

လူ​များ​တို့​သည် မီး​ထဲ​မှာ လုပ်​ဆောင်၍၊ အ​မျိုး​မျိုး​တို့​သည် အ​ချည်း​နှီး​သော အ​မှု၌ ပင်​ပန်း​စေ​ခြင်း​ငှာ၊ ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား စီ​ရင်​တော်​မူ​ပြီ။

ခပ်​သိမ်း​သော​ငါ​တို့၌ တစ်​ပါး​တည်း​သော​အ​ဘ ရှိ​သည်​မ​ဟုတ်​လော။ တစ်​ပါး​တည်း​သော ဘု​ရား​သ​ခင်​သည် ငါ​တို့​ကို ဖန်​ဆင်း​တော်​မူ​သည် မ​ဟုတ်​လော။ ဘိုး​ဘေး​တို့​နှင့် ဖွဲ့​တော်​မူ​သော ပ​ဋိ​ညာဉ်​ကို​ရှုတ်​ချ၍၊ ငါ​တို့​သည် အ​ဘယ်​ကြောင့် တစ်​ယောက်​ကို​တစ်​ယောက် သ​စ္စာ​ဖျက်​ကြ​သ​နည်း။

ထို​ကြောင့် မု​သား​စ​ကား​ကို​ပယ်​ရှား၍၊ မှန်​သော​စ​ကား​ကို​သာ အ​ချင်း​ချင်း တစ်​ယောက်​နှင့်​တစ်​ယောက် ပြော​ကြ​လော့။ အ​ကြောင်း​မူ​ကား၊ ငါ​တို့​သည် အ​ချင်း​ချင်း အင်္ဂါ​ချင်း​ဖြစ်​ကြ၏။-

ယော​ရှု​လက်​ထက် ကာ​လ၌ ဖြစ်​သော​သူ​အ​ပေါင်း​တို့​သည်​လည်း၊ ဘိုး​ဘေး​တို့ စု​ဝေး​ရာ​သို့​ရောက်​ကြ၏။ ထာ​ဝ​ရ​ဘု​ရား​ကို​လည်း​ကောင်း၊ ဣ​သ​ရေ​လ​အ​မျိုး​အ​ဖို့ ပြု​တော်​မူ​သော​အ​မှု​တို့​ကို​လည်း​ကောင်း မ​သိ​သော နောင်​ကာ​လ​အ​မျိုး​သား​တို့​သည် ပေါ်​လာ​ကြ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ