Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ယေ​ရ​မိ 51:9

Judson Bible

ငါ​တို့​သည် ဗာ​ဗု​လုန်​မြို့၏​အ​နာ​ကို ပျောက်​စေ​ခြင်း​ငှာ​ပြု​သော်​လည်း၊ အ​နာ​မ​ပျောက်​နိုင်။ သူ့​ကို​စွန့်​ပစ်၍၊ အ​သီး​အ​သီး ငါ​တို့​နေ​ရင်း​ပြည်​သို့ သွား​ကြ​ကုန်​အံ့။ သူ​ခံ​ရ​သော​အ​ပြစ်​သည် ကောင်း​ကင်​တိုင်​အောင် ရောက်၍၊ မိုး​တိမ်​ကို ထိ​လျက်​ရှိ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

13 ပူးပေါင်းရင်းမြစ်များ  

ဩ​ဒက်​အ​မည်​ရှိ​သော ထာ​ဝ​ရ​ဘု​ရား၏​ပ​ရော​ဖက်​တစ်​ပါး​ရှိ၍၊ ရှ​မာ​ရိ​မြို့​သို့ ပြန်​လာ​သော​တပ်​ကို ဆီး​ကြို​လျက်၊ ဘိုး​ဘေး​တို့၏ ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည် ယု​ဒ​ပြည်​ကို​အ​မျက်​တော်​ထွက်​သော​ကြောင့်၊ သင်​တို့​လက်၌ အပ်​တော်​မူ​သ​ဖြင့်၊ သင်​တို့​သည် မိုး​ကောင်း​ကင်​သို့​ထိ​သော ဒေါ​သ​အ​ဟုန်​နှင့် သူ​တို့​ကို သတ်​ကြ​ပြီ​တ​ကား။

အို အ​ကျွန်ုပ်​ဘု​ရား​သ​ခင်၊ ကိုယ်​တော်​သို့ မ​မျှော်​မ​ကြည့်​ဝံ့၊ ရှက်​ကြောက်၍ မျက်​နှာ​နီ​ပါ၏။ အ​ကျွန်ုပ်​ဘု​ရား​သ​ခင်၊ အ​ကျွန်ုပ်​တို့ ပြု​မိ​သော ဒု​စ​ရိုက်​တို့​သည် အ​ကျွန်ုပ်​တို့ ခေါင်း​ပေါ်​မှာ အ​ထပ်​ထပ်​လွှမ်း​မိုး၍၊ ကြီး​စွာ​သော အ​ပြစ်​သည် မိုး​ကောင်း​ကင်​သို့ မီ​ပါ၏။

ပြည်​သား​တို့​သည် ကြောက်၍ ပြေး​သော​ဒ​ရယ်​မ၊ ထိန်း​သိမ်း​သူ​မ​ရှိ​သော သိုး​များ​ကဲ့​သို့​ဖြစ်၍၊ အ​သီး​အ​သီး မိ​မိ​အ​မျိုး​သား​ချင်း​တို့​ကို မျက်​နှာ​ပြု၍၊ အ​သီး​အ​သီး မိ​မိ​ပြည်​သို့ ပြေး​ကြ​လိမ့်​မည်။

သင်​နှင့် ဝိုင်း​ညီ၍ အ​မှု​ဆောင်​ရွက်​သော​သူ၊ သင်​ငယ်​သော အ​ရွယ်​မှ​စ၍ သင်​နှင့် ဖောက်​ကား​ရောင်း​ဝယ်​သော​သူ​တို့​သည် သင်၌ ထို​သို့​ဖြစ်​ကြ၍၊ ကိုယ်​စီ​ကိုယ်​စီ မိ​မိ​နေ​ရာ​အ​ရပ်​သို့​လွှဲ​သွား​သ​ဖြင့်၊ သင့်​ကို ကယ်​တင်​သော​သူ တစ်​စုံ​တစ်​ယောက်​မျှ မ​ရှိ​ရ။

လူ​များ​တို့​သည် ထိ​မိ၍ တစ်​ယောက်​အ​ပေါ်​မှာ တစ်​ယောက်​လဲ​စေ​ခြင်း​ငှာ ပြု​တော်​မူ​သည်​ဖြစ်၍၊ သူ​တို့​က၊ ထ​ကြ​ကုန်​အံ့။ ညှဉ်း​ဆဲ​တတ်​သော​ဓား​ကြောင့် ကိုယ်​အ​မျိုး၊ ကိုယ်​နေ​ရင်း​ပြည်​သို့ ပြန်​ကြ​ကုန်​အံ့​ဟု ပြော​ဆို​ကြ၏။

သူ​ငှား​တို့​သည် သူ၏​အ​လယ်၌ ဆူ​အောင်​ကျွေး​သော နွား​ကဲ့​သို့​ဖြစ်​သော်​လည်း၊ ပျက်​စီး​ခြင်း​နေ့၊ ဆုံး​မ​ခြင်း​ကို ခံ​ရ​သော​အ​ချိန် ရောက်​သော​ကြောင့်၊ သူ​တို့​သည် မ​ရပ်​မ​နေ၊ ကျော​ကို​လှည့်၍ တ​ညီ​တ​ညွတ်​တည်း ပြေး​သွား​ကြ၏။

ဗာ​ဗု​လုန်​မြို့​၌ မျိုး​စေ့​ကြဲ​သော​သူ​နှင့် စ​ပါး​ရိတ်​သော​သူ​တို့​ကို ပယ်​ဖြတ်​ကြ​လော့။ ညှဉ်း​ဆဲ​တတ်​သော ဓား​ကို​ကြောက်​သော​ကြောင့်၊ အ​သီး​အ​သီး​တို့​သည် မိ​မိ​တို့​လူ​မျိုး​နေ​ရာ​သို့​ပြန်​သွား၍၊ မိ​မိ​တို့​ပြည်​သို့ ပြေး​ကြ​လိမ့်​မည်။

အ​သီး​အ​နှံ သိမ်း​ရာ​ကာ​လ​လွန်​ပြီ။ နွေ​ကာ​လ​ကုန်​ပြီ။ ငါ​တို့​သည် ကယ်​တင်​ခြင်း​သို့ မ​ရောက်​ကြ။

သူ​တို့​သည် ငါ့​ထံ​မှ​ထွက်၍ လည်​သော​ကြောင့် အ​မင်္ဂ​လာ​ရှိ​ကြ၏။ ငါ့​ကို​ပြစ်​မှား​သော​ကြောင့် ဖျက်​ဆီး​ဖို့​ရာ ဖြစ်​ကြ၏။ သူ​တို့​ကို ငါ​ရွေး​နုတ်​သော်​လည်း၊ ငါ့​တစ်​ဖက်၌ မု​သား​စ​ကား​ကို ပြော​ကြ၏။

အ​ခြား​သော ကောင်း​ကင်​အ​သံ​ကား၊ ငါ၏​လူ​မျိုး​တို့၊ သူ၏ အ​ပြစ်​တို့​ကို ဆက်​ဆံ​ခြင်း​နှင့်​လည်း​ကောင်း၊ သူ၏ ဘေး​ဒဏ်​များ​ကို ခံ​ခြင်း​နှင့်​လည်း​ကောင်း၊ ကင်း​လွတ်​အံ့​သော​ငှာ၊ သူ၏​အ​ထဲ​က ထွက်​ကြ​လော့။-

သူ၏​အ​ပြစ်​တို့​သည် ကောင်း​ကင်​ဘုံ​တိုင်​အောင် မီ​ကြ​သည်​ဖြစ်၍၊ သူ၏​မ​တ​ရား​သော​အ​မှု​တို့​ကို ဘု​ရား​သ​ခင် သ​တိ​ရ​တော်​မူ​ပြီ။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ