Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ယေ​ရ​မိ 51:10

Judson Bible

ထာ​ဝ​ရ​ဘု​ရား​သည် ငါ​တို့​ဖြောင့်​မတ်​ကြောင်း​ကို ဖော်​ပြ​တော်​မူ​ပြီ။ လာ​ကြ​လော့။ ငါ​တို့​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​အ​မှု​တော်​ကို ဇိ​အုန်​မြို့၌ ကြား​ပြော​ကြ​ကုန်​အံ့။

အခန်းကိုကြည့်ပါ။ ကော်ပီ

18 ပူးပေါင်းရင်းမြစ်များ  

ငါ​မ​သေ​ရ​သေး။ အ​သက်​ရှင်၍ ထာ​ဝ​ရ​ဘု​ရား၏ အ​မှု​တော်​တို့​ကို ကြား​ပြော​ရ​ဦး​မည်။

သင်၏ ဖြောင့်​မတ်​ခြင်း​အ​ကြောင်း​ကို အ​လင်း​ကဲ့​သို့​လည်း​ကောင်း၊ တ​ရား​သ​ဖြင့်​ပြု​ခြင်း​အ​ရာ​ကို မွန်း​တည့်​ရောင်​ခြည် ကဲ့​သို့​လည်း​ကောင်း၊ ဖော်​ပြ​တော်​မူ​မည်။

လူ​အ​ပေါင်း​တို့​သည်​လည်း ကြောက်​ရွံ့၍၊ ဘု​ရား​သ​ခင် စီ​ရင်​တော်​မူ​ကြောင်း​ကို နား​လည်​သ​ဖြင့် အ​မှု​တော်​ကို ကြား​ပြော​ကြ​လိမ့်​မည်။

ဘု​ရား​သ​ခင်​ကို ကြောက်​ရွံ့​သော​သူ​အ​ပေါင်း​တို့၊ လာ၍ နား​ထောင်​ကြ​လော့။ ငါ့​ဝိ​ညာဉ်​အ​ဖို့ အ​ဘယ်​သို့ ကျေး​ဇူး​ပြု​တော်​မူ​သည်​ကို ငါ​ကြား​ပြော​မည်။

သို့​ဖြစ်၍ ဂုဏ်​ကျေး​ဇူး​တော်​အ​ပေါင်း​ကို ဇိ​အုန်​မြို့​တံ​ခါး​ဝ​မှာ အ​ကျွန်ုပ်​ပြ​ညွှန်​ပါ​မည်။ ကယ်​တင်​တော်​မူ​ခြင်း​ကျေး​ဇူး​ကို အ​မှီ​ပြု၍ ဝမ်း​မြောက်​ပါ​မည်။

ထို​သူ​တို့​သည် ကြွေး​ကြော်၍ ရွှင်​လန်း​စွာ သီ​ချင်း​ဆို​ကြ​လိမ့်​မည်။ ထာ​ဝ​ရ​ဘု​ရား​ကို ချီး​မွမ်း​သော​အ​သံ​နှင့် ပင်​လယ်​တစ်​ဖက်​မှ မြည်​ကြ​လိမ့်​မည်။

စစ်​မှု​ကို ထမ်း​ရ​သော​အ​ချိန်​စေ့​ပြီ။ သင်၏​အ​ပြစ်​လည်း ပြေ​ရှင်း​ပြီ​ဟု ယေ​ရု​ရှ​လင်​မြို့​အား နှစ်​သိမ့်​စေ​သော​စ​ကား​ကို ပြော၍ ကြွေး​ကြော်​ကြ​လော့။ အ​ကြောင်း​မူ​ကား၊ ထာ​ဝ​ရ​ဘု​ရား၏​လက်​တော်၌ မိ​မိ​အ​ပြစ်​အ​တွက် နှစ်​ဆ​ခံ​ရ​ပြီ။

သို့​ဖြစ်၍၊ ထာ​ဝ​ရ​ဘု​ရား ကယ်​လွှတ်​တော်​မူ​သော​သူ​တို့​သည် ပြန်​လာ၍ သီ​ချင်း​ဆို​လျက်၊ ထာ​ဝ​ရ​ဝမ်း​မြောက်​ခြင်း သ​ရ​ဖူ​ကို ဆောင်း​လျက်၊ ဇိ​အုန်​မြို့​သို့ ရောက်​ကြ​လိမ့်​မည်။ ဝမ်း​မြောက်​ရွှင်​လန်း​ခြင်း အ​ခွင့်​ကို​ရ​ကြ၍၊ ဝမ်း​နည်း​ခြင်း​နှင့် ညည်း​တွား​ခြင်း​သည် ပြေး​သွား​ရ​လိမ့်​မည်။

ငါ​တို့​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား၏​အ​မျက်​တော်​ပြေ​ခြင်း၊ ဗိ​မာန်​တော်​ကို ဖျက်​ဆီး​သော​အ​ပြစ်​နှင့် အ​လျောက် ဒဏ်​ပေး​ခြင်း​သ​တင်း​ကို ဇိ​အုန်​မြို့၌ ကြား​ပြော​အံ့​သော​ငှာ၊ ဗာ​ဗု​လုန်​ပြည်​မှ ပြေး​လွတ်​သော​သူ​တို့၏ အ​သံ​ကို ကြား​ရ၏။

သို့​ဖြစ်၍၊ ထာ​ဝ​ရ​ဘု​ရား​သည် ဗာ​ဗု​လုန်​မြို့​တစ်​ဖက်၌ ကြံ​စည်​တော်​မူ​သော​အ​ကြံ၊ ခါ​လ​ဒဲ​ပြည်​တစ်​ဖက်၌ ကြံ​စည်​တော်​မူ​သော အ​ကြံ​အ​စည်​တို့​ကို နား​ထောင်​ကြ​လော့။ အ​ကယ်​စင်​စစ် ရန်​သူ​သည် အား​မ​ရှိ​သော​ထို​သိုး​တို့​ကို လု​ယက်​လိမ့်​မည်။ အ​ကယ်​စင်​စစ် သူ​တို့​ရှိ​ရာ​သို့ လာ၍၊ ကျက်​စား​ရာ​အ​ရပ်​ကို ဖျက်​ဆီး​လိမ့်​မည်။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ