Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ယေ​ရ​မိ 27:4

Judson Bible

ထို​သံ​တ​မန်​တို့​အား​လည်း၊ သင်​တို့​သည် သင်​တို့​အ​ရှင်​များ​တို့​အား ဆင့်​ဆို​ရ​မည်​မှာ၊ ဣ​သ​ရေ​လ​အ​မျိုး၏​ဘု​ရား​သ​ခင်၊ ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​ကား၊

အခန်းကိုကြည့်ပါ။ ကော်ပီ

8 ပူးပေါင်းရင်းမြစ်များ  

ထို​နောက်​မှ၊ မော​ရှေ​နှင့် အာ​ရုန်​သည် ဖာ​ရော​ဘု​ရင်​ထံ​သို့​ဝင်၍၊ ဣ​သ​ရေ​လ​အ​မျိုး၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘုရား​က၊ ငါ၏​လူ​တို့​သည် တော၌​ငါ့​အ​ဖို့ ပွဲ​ခံ​စေ​ခြင်း​ငှာ​လွှတ်​ရ​မည်​ဟု မိန့်​တော်​မူ​ကြောင်း​ကို လျှောက်​၏။

ထာ​ဝ​ရ​ဘု​ရား​မူ​ကား၊ မှန်​သော​ဘု​ရား၊ အ​သက်​ရှင်​သော​ဘု​ရား၊ နိ​စ္စ​ထာ​ဝ​ရ​ဘု​ရင်​ဖြစ်​တော်​မူ၏။ အ​မျက်​တော်​ထွက်​လျှင် မြေ​ကြီး​တုန်​လှုပ်​ရ၏။ လူ​အ​မျိုး​မျိုး​တို့​သည် အ​မျက်​တော်​ကို​မ​ခံ​နိုင်​ကြ။

ယာ​ကုပ်​အ​မျိုး၏​အ​ဖို့​သည် ထို​သို့​သော​အ​ရာ​နှင့် တူ​တော်​မ​မူ။ ခပ်​သိမ်း​သော​အ​ရာ​တို့​ကို ဖန်​ဆင်း​သော​ဘု​ရား ဖြစ်​တော်​မူ၏။ ဣ​သ​ရေ​လ​အ​မျိုး​သည် အ​မွေ​ခံ​တော်​မူ​ရာ​ဖြစ်၏။ နာ​မ​တော်​သည် ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား​ပေ​တည်း။

သင်​တို့​အ​လယ်​သို့ ငါ​စေ​လွှတ်​သော​ဓား​ကြောင့် သောက်၍​ယစ်​မူး​ကြ။ အော့​အန်​ကြ၊ လဲ​ကြ၊ နောက်​တစ်​ဖန် မ​ထ​ကြ​နှင့်​ဟု ဣ​သ​ရေ​လ​အ​မျိုး၏​ဘု​ရား​သ​ခင်၊ ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​ကြောင်း​ကို သူ​တို့​အား ဆင့်​ဆို​လော့။

ယု​ဒ​ရှင်​ဘု​ရင်​ဇေ​ဒ​ကိ​ထံ၊ ယေ​ရု​ရှ​လင်​မြို့​သို့​ရောက်​လာ​သော သံ​တ​မန်​တို့​တွင်၊ ထို​ကြိုး​နှင့် ထမ်း​ပိုး​တို့​ကို ဧ​ဒုံ​မင်း၊ မော​ဘ​မင်း၊ အ​မ္မုန်​မင်း၊ တု​ရု​မင်း၊ ဇိ​ဒုန်​မင်း​သို့​ပေး​လိုက်​လော့။

ငါ​သည် မ​ဟာ​တန်​ခိုး​နှင့် လက်​ရုံး​ကို​ဆန့်​လျက် မြေ​ကြီး​ကို​လည်း​ကောင်း၊ မြေ​ကြီး​ပေါ်​မှာ​ရှိ​သော လူ​နှင့် တိ​ရ​စ္ဆာန်​တို့​ကို​လည်း​ကောင်း ဖန်​ဆင်း​သည်​ဖြစ်၍၊ ငါ​သည် ပေး​လို​သော​သူ​တို့​အား​ပေး၏။

ဣ​သ​ရေ​လ​အ​မျိုး၏​ဘု​ရား​သ​ခင်၊ ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​ကား၊ ဤ​လူ​မျိုး​ရှိ​သ​မျှ​တို့​သည် ဗာ​ဗု​လုန်​ရှင်​ဘု​ရင် နေ​ဗု​ခဒ်​နေ​ဇာ၏​အ​စေ​ကို​ခံ​စေ​ခြင်း​ငှာ၊ သူ​တို့​လည်​ပင်း​ပေါ်​မှာ သံ​ထမ်း​ပိုး​ကို ငါ​တင်​ပြီ။ ထို​သူ​တို့​သည် ထို​မင်း၏​အ​စေ​ကို ခံ​ရ​ကြ​မည်။ တော​တိ​ရ​စ္ဆာန်​များ​ကို​လည်း၊ သူ၌​ငါ​အပ်​ပေး​ပြီ​ဟု မိန့်​တော်​မူ၏။

ယာ​ကုပ်​အ​မျိုး၏​အ​ဖို့​ဖြစ်​သော​ဘု​ရား​သည် ထို​သို့​သော​အ​ရာ​နှင့် တူ​တော်​မ​မူ။ ခပ်​သိမ်း​သော​အ​ရာ​တို့​ကို ဖန်​ဆင်း​သော​ဘု​ရား ဖြစ်​တော်​မူ၏။ ဣ​သ​ရေ​လ​အ​မျိုး​သည် အ​မွေ​ခံ​တော်​မူ​ရာ​ဖြစ်၏။ နာ​မ​တော်​သည် ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား​ပေ​တည်း။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ