Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ယေ​ရ​မိ 2:3

Judson Bible

ထို​အ​ခါ ဣ​သ​ရေ​လ​အ​မျိုး​သည် ထာ​ဝ​ရ​ဘု​ရား​အ​ဖို့ သန့်​ရှင်း၏။ စီး​ပွား​တော်​အ​ဖို့ အ​ဦး​သီး​သော အ​သီး​ဖြစ်၏။ သူ​တို့​ကို လု​ယူ​သော​သူ အ​ပေါင်း​တို့​သည် အ​ပြစ်​ရှိ​ကြ၏။ ထို​သူ​တို့​အ​ပေါ်​မှာ ဘေး​ဥ​ပဒ်​ရောက်​ရ​သည်​ဟု ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

32 ပူးပေါင်းရင်းမြစ်များ  

အ​ဦး​မှည့်​သော​အ​သီး၊ အ​ဦး​ညှစ်​သော​အ​ရည်​ကို မ​ထိမ်​မ​ဝှက်​ဘဲ ဆက်​ကပ်​ရ​မည်။ အ​ဦး​ဖွား​သော သား​ယောက်ျား​ကို​လည်း ငါ့​အား​ဆက်​ကပ်​ရ​မည်။

လယ်​လုပ်၍ အ​သီး​အ​နှံ​ကို​သိမ်း​စ​ရှိ​သည်​ကာ​လ၊ သိမ်း​ပွဲ​ကို​လည်း​ကောင်း၊ လယ်​လုပ်၍ အ​သီး​အ​နှံ​ကို သို​ထား​သည်​ကာ​လ၊ နှစ်​လဲ​သော​အ​ခါ၊ သို​ထား​ပွဲ​ကို​လည်း​ကောင်း ခံ​ရ​မည်။

သင်၌ အ​မျက်​ထွက်​သော သူ​တို့​သည် ရှက်​ကြောက်​ခြင်း​နှင့် မျက်​နှာ​ပျက်​ခြင်း​ရှိ​ကြ​လိမ့်​မည်။ သင်၌ ရန်​ပြု​သော​သူ​တို့​သည် အ​ဘယ်​မျှ မ​ဟုတ်​သ​ကဲ့​သို့ ဖြစ်၍၊ ရှင်း​ရှင်း​ပျက်​စီး​ခြင်း​သို့ ရောက်​ကြ​လိမ့်​မည်။

ငါ​သည် ငါ၏​လူ​တို့​ကို​အ​မျက်​ထွက်​သော​ကြောင့်၊ ငါ၏​အ​မွေ​ကို​ရှုတ်​ချ၍ သင့်​လက်​သို့ အပ်​လိုက်၏။ သင်​သည် သ​နား​သော​စိတ်​မ​ရှိ။ အ​သက်​ကြီး​သူ​တို့​အ​ပေါ်​မှာ လေး​သော​ထမ်း​ပိုး​ကို တင်​လေ​ပြီ။

ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ ငါ​ပေး​သ​နား၍၊ ငါ၏​လူ ဣ​သ​ရေ​လ​အ​မျိုး​ပိုင်​ထိုက်​သော​အ​မွေ​ကို ထိ​ခိုက်​သော၊ ငါ၏​အိမ်​နီး​ချင်း​ဆိုး​အ​ပေါင်း​တို့​ကို၊ သူ​တို့​ပြည်​ထဲ​က ငါ​နုတ်​မည်။ သူ​တို့​အ​ထဲ​က​လည်း ယု​ဒ​အ​မျိုး​ကို ငါ​နုတ်​မည်။

အို ယာ​ကုပ်​အ​မျိုး​နှင့် ဣ​သ​ရေ​လ​အ​မျိုး​အ​နွယ်​အ​ပေါင်း​တို့၊ ထာ​ဝ​ရ​ဘု​ရား၏ နှုတ်​က​ပတ်​တော်​ကို နား​ထောင်​ကြ​လော့။

သို့​ရာ​တွင်၊ သင့်​ကို ကိုက်​စား​သော​သူ​အ​ပေါင်း​တို့​သည် ကိုက်​စား​ခြင်း၊ သင်၏​ရန်​သူ​အ​ပေါင်း​တို့​သည် သိမ်း​သွား​ခြင်း၊ သင့်​ကို လု​ယူ​ဖျက်​ဆီး​သော သူ​အ​ပေါင်း​တို့​သည် လု​ယူ​ဖျက်​ဆီး​ခြင်း​ကို ခံ​ရ​ကြ​မည်။

သူ​တို့​ကို တွေ့​ကြုံ​သ​မျှ​သော သူ​တို့​သည် ကိုက်​စား​ကြ​ပြီ။ ရန်​သူ​တို့​က၊ သူ​တို့​သည် တ​ရား​သော​ငြိမ်​ဝပ်​ရာ၊ ဘိုး​ဘေး​တို့​ခို​လှုံ​ရာ ထာ​ဝ​ရ​ဘု​ရား​ကို​ပြစ်​မှား​သော​ကြောင့်၊ ငါ​တို့​သည် ကိုက်​စား​သော်​လည်း မ​လွန်​ကျူး​ဟု ပြော​ဆို​ကြ​ပြီ။

ကိုယ်​သား​တို့​အား ပြော​ကြ​လော့။ သူ​တို့​သည် သူ​တို့​သား​တို့​အား ပြော​ကြ​စေ။ သူ​တို့​သား​တို့​သည်​လည်း ဆက်​နွယ်​သော အ​ခြား​သူ​တို့​အား ပြော​ကြ​စေ။

ဇိ​အုန်​မြို့၌ ငြိမ်​ဝပ်​စွာ​နေ​သော​သူ၊ ရှ​မာ​ရိ​တောင်​ပေါ်​မှာ စိုး​ရိမ်​ခြင်း​နှင့် ကင်း​လွတ်​လျက်​နေ​သော​သူ၊ လူ​မျိုး​တို့​တွင် အထွတ်​အ​မြတ်​ဟူ၍ ခေါ်​ဝေါ်​သော​သူ၊ ဣ​သ​ရေ​လ​အ​မျိုး​ဆည်း​ကပ်​သော​သူ​တို့​သည် အ​မင်္ဂ​လာ ရှိ​ကြ၏။

ထို​နောက် သူ​တို့​သည် သ​ဘော​ပြောင်း​လဲ​လျက် လွန်​ကျူး၍ အ​ပြစ်​ခံ​ရ​ကြ​လိမ့်​မည်။ မိ​မိ​တို့​တန်​ခိုး​သည် မိ​မိ​တို့​ဘု​ရား ဖြစ်​လေ​သည်​တ​ကား။

ငြိမ်​ဝပ်​စွာ​နေ​သော တစ်​ပါး​အ​မျိုး​သား​တို့​ကို အ​လွန်​အ​မျက်​ထွက်၏။ အ​ကြောင်း​မူ​ကား၊ ငါ​သည် ယေ​ရု​ရှ​လင်​မြို့​ကို အ​နည်း​ငယ် အ​မျက်​ထွက်​သော​အ​ခါ သူ​တို့​သည် ဝိုင်း၍ ညှဉ်း​ဆဲ​ကြ​ပြီ။

ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ သင်​တို့​ကို ဖျက်​ဆီး​သော​လူ​မျိုး​တို့​ရှိ​ရာ​သို့ ဘုန်း​ထင်​ရှား​ပြီး​မှ ငါ့​ကို စေ​လွှတ်​တော်​မူ၏။ သင်​တို့​ကို​ထိ​သော​သူ​သည် မျက်​ဆန်​တော်​ကို ထိ​သော​သူ​ဖြစ်၏။

ဣ​သ​ရေ​လ​အ​မျိုး​သား​ရွေး၍ ထာ​ဝ​ရ​ဘု​ရား​အား​ပူ​ဇော်​သ​မျှ အ​ကောင်း​ဆုံး​သော​ဆီ၊ အ​ကောင်း​ဆုံး​သော​စ​ပျစ်​ရည်၊ အ​ကောင်း​ဆုံး​သော​ဂျုံ​စ​ပါး​ကို သင်​တို့​အား​ငါ​ပေး​ပြီ။

အ​ဦး​နယ်​သော မုန့်​စိမ်း​သည် သန့်​ရှင်း​လျှင်၊ တစ်​ပုံ​လုံး သန့်​ရှင်း​လိမ့်​မည်။ အ​မြစ်​သန့်​ရှင်း​လျှင်၊ အ​ခက်​အ​လက်​များ​လည်း သန့်​ရှင်း​ကြ​လိမ့်​မည်။-

သူ​တို့​အိမ်၌​ရှိ​သော အ​သင်း​တော်​ကို​လည်း နှုတ်​ဆက်​ကြ​လော့။ အာ​ရှိ​ပြည်​တွင် ခ​ရစ်​အ​ဖို့ အ​ဦး​သီး​သော အ​သီး​ဖြစ်​သော ငါ့​ချစ်​သား​ဧ​ပဲ​နက်​ကို နှုတ်​ဆက်​ကြ​လော့။-

ဤ​က​မ္ဘာ​မ​တည်​မ​ရှိ​မီ ငါ​တို့​ကို ခ​ရစ်​တော်၌ ရွေး​ကောက်​တော်​မူ​သည်​နှင့်​အ​ညီ၊ ကောင်း​ကင်​ဘုံ​နှင့် ဆိုင်​သော​အ​ရာ​တို့၌ ခပ်​သိမ်း​သော ဓ​မ္မ​မင်္ဂ​လာ​တို့​ကို ခ​ရစ်​တော်​အား​ဖြင့် ငါ​တို့​အား ပေး​သ​နား​တော်​မူ​သော ငါ​တို့​သ​ခင်​ယေ​ရှု​ခ​ရစ်၏ ခ​မည်း​တော်​ဘု​ရား​သ​ခင်​သည် မင်္ဂ​လာ​ရှိ​တော်​မူ​စေ​သ​တည်း။-

သင်​တို့​သည် သင်​တို့၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ဖို့၊ သန့်​ရှင်း​သော​လူ​မျိုး ဖြစ်​ကြ၏။ ထာ​ဝ​ရ​ဘု​ရား​သည် မြေ​ကြီး​ပေါ်​မှာ​ရှိ​သ​မျှ​သော လူ​မျိုး​ထက်၊ ကိုယ်​တော်​ပိုင်​ထိုက်​သော​အ​မျိုး​ဖြစ်​စေ​ခြင်း​ငှာ သင်​တို့​ကို ရွေး​ချယ်​တော်​မူ​ပြီ။

ဖန်​ဆင်း​တော်​မူ​သော လူ​မျိုး​တ​ကာ​တို့​ထက် သင်၏​ဂုဏ်​အ​သ​ရေ ကျော်​စော​ကိ​တ္တိ​ကို လွန်​ကဲ​စေ​တော်​မူ​မည်​ဟူ၍​လည်း​ကောင်း က​တိ​တော်​ရှိ​သည်​အ​တိုင်း၊ သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​အ​ဖို့ သန့်​ရှင်း​သော​လူ​မျိုး​ဖြစ်​စေ​ခြင်း​ငှာ​လည်း​ကောင်း ယ​နေ့ ဝန်​ခံ​တော်​မူ​ပြီ​ဟု ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား ဟော​ပြော​လေ၏။

အ​ကြောင်း​မူ​ကား၊ သင်​သည် သင်၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​အ​ဖို့ သန့်​ရှင်း​သော​အ​မျိုး​ဖြစ်၏။ မြေ​ကြီး​ပေါ်​မှာ​ရှိ​သ​မျှ​သော လူ​မျိုး​ထက် သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား ပိုင်​ထိုက်​သော​အ​မျိုး​ဖြစ်​စေ​ခြင်း​ငှာ သင့်​ကို​ရွေး​ချယ်​တော်​မူ​ပြီ။

နိ​မ္မိ​တ​သ​တ္တ​ဝါ​တို့​တွင် ငါ​တို့​သည် အ​ဦး​သီး​သော​အ​သီး​ကဲ့​သို့ ဖြစ်​စေ​ခြင်း​ငှာ၊ သ​မ္မာ​တ​ရား​စ​ကား​အား​ဖြင့် မိ​မိ​အ​လို​တော်​အ​တိုင်း ငါ​တို့​ကို ဖြစ်​ဖွား​စေ​တော်​မူ၏။

သင်​တို့​မူ​ကား၊ မှောင်​မိုက်​ထဲ​မှ အံ့​ဖွယ်​သော အ​လင်း​တော်​သို့ ခေါ်​သွင်း​တော်​မူ​သော​သူ၏ ဂုဏ်​ကျေး​ဇူး​များ​ကို ဖော်​ပြ​စေ​ခြင်း​ငှာ၊ ရွေး​ချယ်​တော်​မူ​သော​အ​မျိုး ဖြစ်​ကြ၏။ မင်း​စည်း​စိမ်​ရှိ​သော ယဇ်​ပု​ရော​ဟိတ်​မျိုး၊ သန့်​ရှင်း​သော​လူ​မျိုး၊ ပိုင်​ထိုက်​တော်​မူ​သော အ​ပေါင်း​အ​သင်း ဖြစ်​ကြ၏။-

ထို​သူ​တို့​သည် က​ညာ​ဖြစ်၍ မေ​ထုန်​အ​မှု​နှင့် မ​ညစ်​ညူး​သော​သူ ဖြစ်​ကြ၏။ သိုး​သ​ငယ် သွား​လေ​ရာ​ရာ​အ​ရပ်​သို့ နောက်​တော်၌ လိုက်​သော​သူ ဖြစ်​ကြ၏။ လူ​တို့​အ​ထဲ​က ရွေး​နုတ်၍ ဘု​ရား​သ​ခင်​နှင့် သိုး​သ​ငယ်​အ​ဖို့ အ​ဦး​သီး​သော​အ​သီး ဖြစ်​ကြ၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ