Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ယေ​ရ​မိ 2:2

Judson Bible

အော်​ဟစ်​ရ​မည်​အ​ရာ​ဟူ​မူ​ကား၊ ထာ​ဝ​ရ​ဘု​ရား​က၊ လယ်​မ​လုပ်​သော​တော​အ​ရပ်၌ သင်​သည် ငါ့​နောက်​သို့ လိုက်​သော​အ​ခါ၊ အ​သက်​အ​ရွယ်​နု​ငယ်၍ ခံ​ရ​သော​ကျေး​ဇူး​ကို​လည်း​ကောင်း၊ ထိမ်း​မြား​ပေး​စား​ခြင်း​နှင့် ယှဉ်​သော ချစ်​ခြင်း​မေ​တ္တာ​ကို​လည်း​ကောင်း ငါ​အောက်​မေ့၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

39 ပူးပေါင်းရင်းမြစ်များ  

ငယ်​သော​အ​ရွယ်​မှ​စ၍၊ ကြိမ်​ဖန်​များ​စွာ ငါ့​ကို သူ​တစ်​ပါး​တို့​သည် ညှဉ်း​ဆဲ​ကြ​ပြီ​ဟူ​သော စ​ကား​နှင့်​ချီ၍၊ ဣ​သ​ရေ​လ​အ​မျိုး​ဆို​ရ​သော စ​ကား​ဟူ​မူ​ကား၊

ထို​သို့ အဲ​ဂု​တ္တု​လူ​တို့၌ ထာ​ဝ​ရ​ဘု​ရား​ပြု​တော်​မူ​သော​အ​မှု​ကြီး​ကို၊ ဣ​သ​ရေ​လ​လူ​တို့​သည်​မြင်၍၊ ထာ​ဝ​ရ​ဘု​ရား​ကို ကြောက်​ရွံ့​ကြ၏။ ထာ​ဝ​ရ​ဘု​ရား​နှင့် ကိုယ်​တော်၏​ကျွန်​မော​ရှေ​ကို ယုံ​ကြည်​ကြ၏။

တစ်​ဖန်​လည်း​မော​ရှေ​က၊ ထာ​ဝ​ရ​ဘု​ရား​သည် ညဉ့်​ဦး​ယံ၌ သင်​တို့​စား​စ​ရာ​အ​မဲ​သား​ကို​လည်း​ကောင်း၊ နံ​နက်​ယံ၌​ဝ​လောက်​အောင် မုန့်​ကို​လည်း​ကောင်း ပေး​တော်​မူ​သော​အ​ခါ၊ ဤ​စ​ကား​ပြည့်​စုံ​လိမ့်​မည်။ သင်​တို့​သည် အ​ပြစ်​တင်​လျက်​မြည်​တမ်း​ကြ​သော​အ​သံ​ကို ထာ​ဝ​ရ​ဘု​ရား​ကြား​တော်​မူ​ပြီ။ ငါ​တို့​သည် အ​ဘယ်​သို့​သော​သူ​ဖြစ်​သ​နည်း။ သင်​တို့​သည်​အ​ပြစ်​တင်​လျက် မြည်​တမ်း​ကြ​သော စ​ကား​သည်၊ ငါ​တို့​ကို​မ​ထိ​မ​ခိုက်၊ ထာ​ဝ​ရ​ဘု​ရား​ကို​ထိ​ခိုက်​သည်​ဟု ဆို​လေ​၏။

ပ​ညာ​သည် ပြင်​မှာ​ကြွေး​ကြော်၍၊ လမ်း​ခ​ရီး​တို့၌ မိ​မိ​စ​ကား​သံ​ကို လွှင့်​တတ်၏။

ဇိ​အုန်​သ​တို့​သ​မီး​တို့၊ လက်​ထပ်​မင်္ဂ​လာ​ဆောင်​သော​နေ့၊ နှ​လုံး​တော်​ရွှင်​လန်း​သော​နေ့၌ မယ်​တော်​တင်​သော ဦး​ရစ်​သ​ရ​ဖူ​ကို ဆောင်း​တော်​မူ​သော ရှော​လ​မုန်​မင်း​ကြီး​ကို သွား၍​ဖူး​မြင်​ကြ​လော့။

မု​ရန်၊ လော​ဗန်​အ​စ​ရှိ​သော ကုန်​သည်​ရောင်း​တတ်​သော နံ့​သာ​မှုန့်​မျိုး​ကို​မီး​ရှို့၍၊ ထ​သော မီး​ခိုး​တိုင်​သ​ဏ္ဌာန်​ရှိ​လျက် တော​ထဲ​က​လာ​သော ထို​သူ​ကား၊ အ​ဘယ်​သူ​ဖြစ်​ပါ​လိမ့်​မည်​နည်း။ ရှော​လ​မုန်​မင်း၏ ယာဉ်​ပျံ​တော်​ကို ကြ​ည့်​ကြ​လော့။ သူ​ရဲ​ခြောက်​ကျိပ်၊ ဣ​သ​ရေ​လ​အ​မျိုး​သား​သူ​ရဲ အ​ခြွေ​အ​ရံ​ရှိ​ကြ၏။

အ​သံ​မ​လျော့​ဘဲ ကြွေး​ကြော်​လော့။ တံ​ပိုး​သံ​ကဲ့​သို့ အ​သံ​ကို​လွှင့်၍၊ ယာ​ကုပ်​အ​မျိုး​သား​ဖြစ်​သော ငါ၏​လူ​တို့​အား၊ သူ​တို့​ဒု​စ​ရိုက်​အ​ပြစ်​ကို ဖော်​ပြ​လော့။

ထာ​ဝ​ရ​ဘု​ရား​က​လည်း၊ သင်​သည် ယု​ဒ​မြို့​များ​နှင့် ယေ​ရု​ရှ​လင်​မြို့​လမ်း​များ​တို့၌ ဟစ်​ကြော်​ရ​မည်​စ​ကား​ဟူ​မူ​ကား၊ သင်​တို့​သည် ဤ​ပ​ဋိ​ညာဉ်​စ​ကား​ကို နား​ထောင်၍ ကျင့်​ကြ​လော့။

ဟ​ရ​သိတ်​တံ​ခါး​ပြင်၊ ဟိ​န္နုံ​သား၏ ချိုင့်​သို့​သွား၍၊ ငါ​မိန့်​တော်​မူ​သည်​အ​တိုင်း ကြွေး​ကြော်​ရ​မည့်​စ​ကား​ဟူ​မူ​ကား၊

တစ်​ဖန် ထာ​ဝ​ရ​ဘု​ရား၏ နှုတ်​က​ပတ်​တော်​သည် ငါ့​ဆီ​သို့​ရောက်၍၊ သင်​သည် ယေ​ရု​ရှ​လင်​မြို့​သို့ သွား​ပြီး​လျှင်၊

သူ​တို့​က၊ ငါ​တို့​ကို အဲ​ဂု​တ္တု​ပြည်​မှ​ကယ်​နုတ်၍၊ တော​တစ်​လျှောက်​လုံး၊ လွင်​ပြင်၊ မြေ​တွင်း​နှင့် ပြည့်​စုံ​သော​ပြည်၊ သွေ့​ခြောက်၍ သေ​မင်း​အ​ရိပ် လွှမ်း​မိုး​သော​ပြည်၊ ခ​ရီး​သွား​သော​သူ၊ နေ​ရာ​ကျ​သော​သူ မ​ရှိ​သော ပြည်​တစ်​လျှောက်​လုံး​သို့ ပို့​ဆောင်​သော ထာ​ဝ​ရ​ဘု​ရား​သည် အ​ဘယ်​မှာ​ရှိ​တော်​မူ​သ​နည်း​ဟု မ​မေး​ကြ။

ယ​ခု​မှ​စ၍ သင်​က၊ အ​ကျွန်ုပ်​အ​ဘ၊ ကိုယ်​တော်​သည် အ​ကျွန်ုပ်​အ​သက်​ငယ်​စဉ်၊ စောင့်​မ​ပါ​ပြီ​ဟု ငါ့​အား အော်​ဟစ်​ပါ​စေ​သော။

ထာ​ဝ​ရ​ဘု​ရား​ကို ကိုး​ကွယ်​ခြင်း​ငှာ၊ ဤ​တံ​ခါး​တို့​အ​တွင်း​သို့​ဝင်​သော ယု​ဒ​အ​မျိုး​သား​အ​ပေါင်း​တို့၊ ထာ​ဝ​ရ​ဘု​ရား၏​နှုတ်​က​ပတ်​တော်​ကို နား​ထောင်​ကြ​လော့။

သင်​ပြု​သော စက်​ဆုပ်​ရွံ​ရှာ​ဖွယ်​အ​မှု၊ မ​တ​ရား​သော မေ​ထုန်​အ​မှု​အ​ပေါင်း​တို့​ကို​ပြု​စဉ်​တွင်၊ အ​ရွယ်​ငယ်​သော​အ​ခါ အ​ဝတ်​မ​ရှိ၊ အ​ချည်း​စည်း​ရှိ​ကြောင်း၊ ကိုယ်​အ​သွေး၌ လူး​လဲ​လျက်​နေ​ကြောင်း​ကို မ​အောက်​မေ့​ပါ​တ​ကား။

သို့​သော်​လည်း၊ ငါ​သည် သင့်​အ​သက်​ငယ်​စဉ်၊ ဖွဲ့​သော​ပ​ဋိ​ညာဉ်​ကို အောက်​မေ့၍၊ တစ်​ဖန် ထာ​ဝ​ရ​ပ​ဋိ​ညာဉ်​ကို​သင်​နှင့် ဖွဲ့​ဦး​မည်။

တစ်​ဖန် ငါ​သည်​လျှောက်​သွား၍ သင့်​ကို​မြင်​သော​အ​ခါ၊ သင်၌ ချစ်​လို​ဖွယ်​သော အ​ချိန်​အ​ရွယ်​ရှိ​သော​ကြောင့်၊ ငါ​သည် ကိုယ်​အ​ဝတ်​စွန်း​ကို ဖြန့်၍၊ သင်၌ အ​ချည်း​စည်း​ရှိ​ခြင်း​ကို ဖုံး​အုပ်၏။ ကျိန်​ဆို​ခြင်း​ကို​လည်း ပြု၍၊ သင်​နှင့် ပ​ဋိ​ညာဉ်​ဖွဲ့​သ​ဖြင့်၊ သင်​သည် ငါ၏​ခင်​ပွန်း ဖြစ်​လေ၏။

အ​သက်​ငယ်​စဉ်​အ​ခါ အဲ​ဂု​တ္တု​ပြည်၌ မှား​ယွင်း​သော​ကာ​လ​ကို အောက်​မေ့​သ​ဖြင့်၊ မှား​ယွင်း​ခြင်း​ကို အ​ထပ်​ထပ်​ပြု၏။

သူ​တို့​သည် အ​သက်​ငယ်​စဉ်​အ​ခါ၊ အဲ​ဂု​တ္တု​ပြည်၌ မ​တ​ရား​သော​မေ​ထုန်​ကို ပြု​ကြ၏။ ထို​ပြည်၌ သူ​တို့၏​သား​မြတ်​ကို ပွတ်​နယ်၍ အ​ပျို​မ​အ​သ​ရေ​ကို ရှုတ်​ချ​ကြ၏။

အ​သက်​ငယ်​စဉ်​အ​ခါ အဲ​ဂု​တ္တု​ပြည်၌ သူ​နှင့်​သင့်​နေ၍၊ အ​ပျို​မ​အ​သ​ရေ​ကို ရှုတ်​ချ​သ​ဖြင့်၊ အ​ထပ်​ထပ် မ​တ​ရား​သော​မေ​ထုန်​ကို ပြု​ကြ​သည်​နှင့်​အ​ညီ၊ အဲ​ဂု​တ္တု​မေ​ထုန်​ကို​လည်း မ​စွန့်​ပစ်၊ မှီ​ဝဲ​လျက်​နေ၏။

ဣ​သ​ရေ​လ​သည် အ​သက်​ငယ်​သော​အ​ခါ ငါ​သည် ချစ်၍ ငါ့​သား​ကို အဲ​ဂု​တ္တု​ပြည်​မှ ခေါ်​ခဲ့​ပြီ။

တော​တစ်​ဖက်၌ စ​ပျစ်​ဥ​ယျာဉ်​တို့​ကို​လည်း​ကောင်း၊ အာ​ခေါ်​ချိုင့်၌ မျှော်​လင့်​ရာ​တံ​ခါး​ကို​လည်း​ကောင်း ငါ​ပေး​မည်။ သူ​သည် အ​သက် ငယ်​စဉ်​ကာ​လ၊ အဲ​ဂု​တ္တု​ပြည်​မှ ထွက်​လာ​သော​အ​ခါ၊ သီ​ချင်း​ဆို​သ​ကဲ့​သို့၊ တော​တစ်​ဖက်​သို့ ရောက်​သော​အ​ခါ သီ​ချင်း​ဆို​ရ​လိမ့်​မည်။

အ​ခြား​တစ်​ပါး​သော သ​ခင်​တို့၏​ဘွဲ့​နာ​မ​များ​ကို သူ၏​နှုတ်​မှ ငါ​ပယ်၍၊ ထို​ဘွဲ့​နာ​မ​များ​ကို နောက်​တစ်​ဖန် မ​မှတ်​မိ​မ​မြွက်​ဆို​ရ။

သူ​သည် ရည်း​စား​တို့​ကို လိုက်​သော်​လည်း မ​မီ၊ ရှာ​သော်​လည်း မ​တွေ့​ဘဲ​နေ​ရ​သော​အ​ခါ၊ လင်​ဟောင်း​ထံ​သို့ ငါ​ပြန်​သွား​မည်။ ယ​ခု​နေ​ရာ​ထက် အ​ရင်​နေ​ရာ သာ၍​ကောင်း​သည်​ဟု ဆို​လိမ့်​မည်။

တံ​ပိုး​မှုတ်​လော့။ ရန်​သူ​သည် ရွှေ​လင်း​တ​ကဲ့​သို့ ထာ​ဝ​ရ​ဘု​ရား၏​အိမ်​တော်​သို့ လာ​လိမ့်​မည်။ အ​ကြောင်း​မူ​ကား၊ သူ​တို့​သည် ငါ့​ပ​ဋိ​ညာဉ်​ကို ဖျက်၍ ငါ့​တ​ရား​ကို လွန်​ကျူး​ကြ​ပြီ။

တော၌ စ​ပျစ်​သီး​ကဲ့​သို့ ဣ​သ​ရေ​လ​အ​မျိုး​ကို ငါ​တွေ့၏။ သီး​စ​သော သင်္ဘော​သ​ဖန်း​ပင်၌ အ​ဦး​ဆုံး​မှည့်​သော သင်္ဘော​သ​ဖန်း​သီး​ကဲ့​သို့ သင်​တို့​ဘိုး​ဘေး​များ​ကို ငါ​မြင်၏။ သူ​တို့​သည် ကိုယ်​အ​လို​အ​လျောက် ဗာ​လ​ပေ​ဂု​ရ​ဘု​ရား​ထံ​သို့​သွား၍၊ ထို​ရှက်​ဖွယ်​သော​အ​ရာ​အ​ဖို့ ကိုယ်​ကို အပ်​နှံ​သ​ဖြင့် တပ်​မက်​သည်​အ​တိုင်း စက်​ဆုပ်​ရွံ​ရှာ​ဖွယ်​သော အ​မှု​တို့​ကို ပြု​ကြ၏။

သင်​ထ၍ နိ​နေ​ဝေ​မြို့​ကြီး​သို့ သွား​ပြီး​လျှင်၊ ခြိမ်း​ခြောက်​သော​စ​ကား​နှင့် ကြွေး​ကြော်​လော့။ ထို​မြို့​ပြု​သော ဒု​စ​ရိုက်​အ​ပြစ်​သည် ငါ့​ရှေ့​သို့ တက်​လာ​ပြီ​ဟု မိန့်​တော်​မူ၏။

ကြား​စ​ရာ​နား ရှိ​သော​သူ​မည်​သည်​ကား ကြား​ပါ​စေ။-

လူ​အ​စု​အ​ဝေး၌​ပါ​သော သူ​တစ်​ယောက်​က၊ အ​ရှင်​ဘု​ရား၊ အ​ကျွန်ုပ်​အစ်​ကို​သည် အ​မွေ​ဥ​စ္စာ​ကို အ​ကျွန်ုပ်​အား ဝေ​ပေး​ပါ​မည်​အ​ကြောင်း အ​မိန့်​ရှိ​တော်​မူ​ပါ​ဟု လျှောက်​လျှင်၊-

သင်​တို့​ပြု​လေ​ရာ​ရာ၌ သင်​တို့၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် ကောင်​ချီး​ပေး​တော်​မူ​ပြီ။ ဤ​တော​ကြီး၌ သင်​တို့​လှည့်​လည်​သော အ​ကြောင်း​အ​ရာ​တို့​ကို သိ​တော်​မူ၏။ အ​နှစ်​လေး​ဆယ်​ပတ်​လုံး သင်​တို့၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည် သင်​တို့​နှင့်​အ​တူ​ရှိ​တော်​မူ​သည်​ဖြစ်၍၊ သင်​တို့၌​ဘာ​မျှ​မ​လို​ဟု ဆင့်​ဆို​ရ၏။

အ​ကယ်​စင်​စစ် ထို​လူ​မျိုး​ကို ချစ်​တော်​မူ၏။ မိ​မိ​သန့်​ရှင်း​သူ​အ​ပေါင်း​တို့​သည် အ​ထံ​တော်​ပါး​တွင်​ရှိ​ကြ၏။ သူ​တို့​သည် ခြေ​တော်​ရင်း၌​ပျပ်​ဝပ်၍ စ​ကား​တော်​တို့​ကို နား​ခံ​ကြ​လေ၏။

သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည် သင့်​ကို​နှိမ့်​ချ​စုံ​စမ်း၍၊ ပ​ညတ်​တော်​တို့​ကို ကျင့်​ချင်​သော​စိတ်​ရှိ​သည် မ​ရှိ​သည်​ကို သိ​မည်​အ​ကြောင်း၊ လွန်​ခဲ့​ပြီး​သော အ​နှစ်​လေး​ဆယ်​ပတ်​လုံး တော၌​ပို့​ဆောင်​တော်​မူ​သော လမ်း​ခ​ရီး​တစ်​လျှောက်​လုံး​ကို အောက်​မေ့​ရ​မည်။

မ​တ​ရား​သော​မေ​ထုန်၌​မှီ​ဝဲ​သော ယောက်ျား​မိန်း​မ​တို့၊ လော​ကီ​မိတ်​သ​ဟာ​ယ​သည် ဘု​ရား​သ​ခင်​နှင့် ဆန့်​ကျင်​ဘက်​ဖြစ်​သည်​ကို မ​သိ​ကြ​သ​လော။ ဤ​လော​က​နှင့် မိတ်​သ​ဟာ​ယ​ဖွဲ့​လို​သော​သူ​သည် ဘု​ရား​သ​ခင်၏ ရန်​သူ​ဖြစ်၏။-

သို့​သော်​လည်း၊ သင်​သည် ရှေ့​ဦး​စွာ​သော ချစ်​ခြင်း​မေ​တ္တာ​လျော့​ပြီ​ဟု သင်၌ အ​ပြစ်​တင်​စ​ရာ​ရှိ၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ