Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ယေ​ဇ​ကျေ​လ 9:9

Judson Bible

ထာ​ဝ​ရ​ဘု​ရား​က​လည်း၊ ဣ​သ​ရေ​လ​အ​မျိုး​နှင့် ယု​ဒ​အ​မျိုး၏​အ​ပြစ်​သည် အ​လွန်​တ​ရာ​ကြီး၏၊ တစ်​ပြည်​လုံး​သည် လူ​အ​သက်​ကို သတ်​ခြင်း​အ​ပြစ်​နှင့် ပြည့်၏။ မြို့​သည်​လည်း ဖောက်​ပြန်​ခြင်း​အ​ပြစ်​နှင့် ပြည့်၏။ သူ​တို့​က၊ ထာ​ဝ​ရ​ဘု​ရား​သည် မြေ​ကြီး​ကို စွန့်​ပစ်​လေ​ပြီ။ ထာ​ဝ​ရ​ဘု​ရား​မ​မြင်​ဟု ဆို​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

34 ပူးပေါင်းရင်းမြစ်များ  

မ​နာ​ရှေ​သည် ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ဒု​စ​ရိုက်​ကို​ပြု၍ ယု​ဒ​အ​မျိုး​ကို​ပြစ်​မှား​စေ​သော အ​ပြစ်​မှ​တစ်​ပါး အ​ပြစ်​မ​ရှိ​သော သူ​အ​များ​တို့​ကို​သတ်၍ ယေ​ရု​ရှ​လင်​မြို့​တစ်​ဖက်​မှ တစ်​ဖက်​တိုင်​အောင် သူ​တို့​အ​သွေး​နှင့် ပြည့်​စေ​ခြင်း​ငှာ​ပြု၏။

သို့​ဖြစ်၍​သင်​က၊ ဘု​ရား​သ​ခင်​သည် အ​ဘယ်​သို့​သိ​တော်​မူ​မည်​နည်း။ ထူ​သော​တိမ်​တိုက်​ကွယ်​လျက်​နှင့် စီ​ရင်​တော်​မူ​နိုင်​မည်​လော။

ထို​သူ​က၊ ဘု​ရား​သ​ခင်​သည် မေ့​လျော့​တော်​မူ၏။ မျက်​နှာ​ကို လွှဲ​တော်​မူ၏။ မြင်​တော်​မ​မူ​ဟု အောက်​မေ့​တတ်​ပါ၏။

သို့​ရာ​တွင်၊ ထာ​ဝ​ရ​ဘု​ရား​သည်​မ​မြင်၊ ယာ​ကုပ်​အ​မျိုး၏​ဘု​ရား​သ​ခင်​သည် မ​မှတ်​တတ်​ဟု ဆို​ကြ​ပါ၏။

ဆိုး​ယုတ်​သော​အ​မျိုး၊ ဒု​စ​ရိုက်​ဝန်​ကို ထမ်း​ရွက်​သော​လူ​စု၊ မ​တ​ရား​သ​ဖြင့်​ပြု​သော​အ​နွယ်၊ ဖောက်​ပြန်​သော သား​သ​မီး​ပါ​တ​ကား။ ထာ​ဝ​ရ​ဘု​ရား​ကို စွန့်​ကြ​ပြီ။ ဣ​သ​ရေ​လ​အ​မျိုး​၏​သန့်​ရှင်း​သော​ဘု​ရား​ကို မ​ရို​မ​သေ​ပြု​၍ ပယ်​ကြ​ပြီ။ ကျော​ခိုင်း​၍ ခွာ​သွား​ကြ​ပြီ။

ထာ​ဝ​ရ​ဘု​ရား မ​သိ​စေ​ခြင်း​ငှာ၊ နက်​နဲ​သော​အ​ကြံ​ကို ကြံ၍၊ မှောင်​မိုက်​ထဲ​မှာ အ​မှု​ကို​ပြု​လျက်၊ ငါ​တို့​ကို အ​ဘယ်​သူ​မြင်​သ​နည်း။ ငါ​တို့​ကို အ​ဘယ်​သူ​သိ​သ​နည်း​ဟု ပြော​ဆို​တတ်​သော​သူ​တို့​သည် အ​မင်္ဂ​လာ​ရှိ​ကြ၏။

သင်​သည် ကိုယ်​ပြု​သော အ​ဓ​မ္မ​အ​မှု​ကို ကိုး​စား​ပြီ။ ငါ့​ကို အ​ဘယ်​သူ​မျှ​မ​မြင်​ဟု ဆို​ပြီ။ သင့်​ဉာဏ်​နှင့် သင့်​ပ​ညာ​အ​တတ်​သည်၊ သင်၏​စိတ်​ကို မှောက်​လှန်​သည်​ဖြစ်၍၊ သင်​က​ငါ​ရှိ၏၊ ငါ​မှ​တစ်​ပါး အ​ဘယ်​သူ​မျှ​မ​ရှိ​ဟု အောက်​မေ့​ပြီ။

ထို​မှ​တစ်​ပါး၊ အ​နိုင်​အ​ထက်​ပြု​သည်​ကို သင်​မ​တွေ့။ အ​ပြစ်​မ​ရှိ​သော ဆင်း​ရဲ​သား​တို့​ကို အ​သေ​သတ်၍၊ သွန်း​သော အ​သွေး​သည် သင်၏​အ​ဝတ်​စွန်း၌ ထင်​ရှား၏။

သင်၏​မျက်​စိ​နှင့် သင်၏​နှ​လုံး​မူ​ကား၊ လော​ဘ​လွန်​ကျူး​ခြင်း၊ အ​ပြစ်​မ​ရှိ​သော​သူ​ကို သတ်​ခြင်း၊ ညှဉ်း​ဆဲ​နှိပ်​စက်​ခြင်း​မှ​တစ်​ပါး၊ အ​ဘယ်​အ​မှု​ကို​မျှ မ​မှတ်​တတ်။

သူ​ပြစ်​မှား​သော အ​ပြစ်​များ​ပြား​သော​ကြောင့် ထာ​ဝ​ရ​ဘု​ရား​သည် ဒဏ်​ခတ်​တော်​မူ​သ​ဖြင့်၊ သူ​နှင့် ဆန့်​ကျင်​ဘက်​ပြု​သော သူ​တို့​သည် အ​စိုး​ရ၍၊ သူ၏​ရန်​သူ​တို့​သည် ကောင်း​စား​ကြ​ပြီ။ သူ၏​သား​သ​မီး​တို့​ကို​လည်း ရန်​သူ​သိမ်း​သွား​ကြ​ပြီ။

သံ​ကြိုး​ကို လုပ်​လော့။ အ​ကြောင်း​မူ​ကား၊ ပြည်​သည် လူ​အ​သက်​ကို သတ်​ခြင်း​အ​ပြစ်​နှင့် ပြည့်၏။ မြို့​သည်​လည်း ညှဥ်း​ဆဲ​နှိပ်​စက်​ခြင်း​နှင့် ပြည့်၏။

တစ်​ဖန်​တုံ၊ အ​ချင်း​လူ​သား၊ ဣ​သ​ရေ​လ​အ​မျိုး အ​သက်​ကြီး​သူ အ​သီး​အ​သီး​တို့​သည် မှောင်​မိုက်​ထဲ​မှာ ပုံ​ရေး​သော​အ​ခန်း​တို့၌ ပြု​သော​အ​မှု​ကို မြင်​ပြီ​လော။ သူ​တို့​က၊ ထာ​ဝ​ရ​ဘု​ရား​မ​မြင်။ ထာ​ဝ​ရ​ဘု​ရား​သည် မြေ​ကြီး​ကို စွန့်​ပစ်​လေ​ပြီ​ဟု ဆို​ကြ၏။

တစ်​ဖန်​တုံ၊ အ​ချင်း​လူ​သား၊ ထို​အ​မှု​ကို မြင်​ပြီ​လော။ ယု​ဒ​အ​မျိုး​သည် ဤ​အ​ရပ်၌ စက်​ဆုပ်​ရွံ​ရှာ​ဖွယ် အ​မှု​တို့​ကို ပြု​သော​အ​ပြစ် ပေါ့​သ​လော။ သူ​တို့​သည် အ​ဓ​မ္မ​မှု​ဖြင့် တစ်​ပြည်​လုံး​ကို ပြည့်​စေ၍ ငါ၏​အ​မျက်​ကို အ​ထပ်​ထပ် နှိုး​ဆော်​ကြ​ပြီ။ သစ်​ခက်​ကို​လည်း မိ​မိ​တို့​နှာ​ခေါင်း​ဝ၌ ကပ်၍​ကိုင်​ကြ၏။

သို့​ဖြစ်၍ တ​ရား​လျော့​ပါ၏။ တ​ရား​သ​ဖြင့် စီ​ရင်​ဆုံး​ဖြတ်​ခြင်း မ​ရှိ​ပါ။ မ​တ​ရား​သော​သူ​တို့​သည် ဖြောင့်​မတ်​သော​သူ​တို့​ကို ဝိုင်း​သော​ကြောင့်၊ မ​တ​ရား​သ​ဖြင့် စီ​ရင်​ဆုံး​ဖြတ်​ကြ​ပါ၏။

ထို​ကာ​လ၌ ငါ​သည် မီး​ခွက်​ကို​ကိုင်၍ ယေ​ရု​ရှ​လင်​မြို့​ကို စစ်​ကြော​မည်။ ထာ​ဝ​ရ​ဘု​ရား​သည် ကျေး​ဇူး​ကို​လည်း​မ​ပြု၊ အ​ပြစ်​ကို​လည်း မ​ပေး​ဟု အောက်​မေ့​လျက်၊ မိ​မိ​တို့ အ​နည်​အ​ဖတ်​ပေါ်၌ နေ​ရာ​ကျ​သော သူ​တို့​ကို ငါ​စစ်​ကြော​မည်။

ထို​ကြောင့်၊ အာ​ဗေ​လ၏ အ​သွေး​မှ​စ၍၊ ယဇ်​ပ​လ္လင်​နှင့် အိမ်​တော်၏​အ​ကြား၌ သတ်​ခဲ့​ပြီး​သော ဇာ​ခ​ရိ၏​အ​သွေး​တိုင်​အောင် က​မ္ဘာ​ဦး​မှ​စ၍ သွန်း​ပြီး​သော ပ​ရော​ဖက်​အ​ပေါင်း​တို့၏ အ​သွေး​ကြောင့် ယ​ခု​ဖြစ်​သော လူ​တို့​သည် စစ်​ကြော​ခြင်း​ကို ခံ​ရ​ကြ​မည်။-

အ​ကြောင်း​မူ​ကား၊ ငါ​သေ​သော​နောက်၊ သင်​တို့​သည် လုံး​လုံး​ဖောက်​ပြန်၍ ငါ​မှာ​ထား​သော​လမ်း​မှ လွှဲ​သွား​ကြ​လိမ့်​မည်​ကို ငါ​သိ၏။ နောင်​ကာ​လ​တွင်၊ ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ဒု​စ​ရိုက်​ကို​ပြု၍ ကိုယ်​လက်​နှင့် လုပ်​ဆောင်​သော​အား​ဖြင့် အ​မျက်​တော်​ကို နှိုး​ဆော်​သော​ကြောင့်၊ သင်​တို့​သည် ဘေး​ဥ​ပဒ်​နှင့် တွေ့​ကြုံ​ကြ​လိမ့်​မည်​ဟု သ​တိ​ပေး​လေ၏။

သူ​တို့​သည် ယို​ယွင်း​ကြ​ပြီ။ ဘု​ရား​သ​ခင်၏​သား​မ​ဟုတ်၊ အ​ညစ်​အ​ကြေး​ကပ်​ကြ၏။ သ​ဘော​ကောက်၍ ဖောက်​ပြန်​သော​အ​မျိုး​ဖြစ်​ကြ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ