ယေဇကျေလ 9:8Judson Bibleထိုသို့ သူတို့သည် ကွပ်မျက်ကြသောအခါ၊ ငါနေရစ်စဉ်တွင် ပျပ်ဝပ်၍၊ အို အရှင်ထာဝရဘုရား၊ ယေရုရှလင်မြို့အပေါ်သို့ အမျက်တော်ကိုသွန်းလောင်း၍၊ ကျန်ကြွင်းသမျှသော ဣသရေလအမျိုးကို ဖျက်ဆီးတော်မူမည်လောဟု ကြွေးကြော်၍ လျှောက်လေ၏။ အခန်းကိုကြည့်ပါ။ |
ဒါဝိဒ်သည် မျှော်ကြည့်၍၊ ထာဝရဘုရား၏ ကောင်းကင်တမန်သည် ယေရုရှလင်မြို့အပေါ်မှာ ဓားကိုမိုးလျက် မိုးကောင်းကင်နှင့် မြေကြီးကြားမှာ ရပ်နေသည်ကိုမြင်လျှင်၊ ကိုယ်တိုင်မှစ၍ ဣသရေလအမျိုးသား အသက်ကြီးသူတို့သည် လျှော်တေအဝတ်ကို ဝတ်လျက် မြေပေါ်မှာ ပျပ်ဝပ်လျက်နေကြ၏။
ကိုယ်တော်သည် ယုဒပြည်ကို အကုန်အစင်ပယ်တော်မူသလော။ ဇိအုန်မြို့ကို စက်ဆုပ်ရွံရှာတော်မူသလော။ ချမ်းသာမရအောင် အကျွန်ုပ်တို့ကို အဘယ်ကြောင့် ဒဏ်ခတ်တော်မူသနည်း။ အကျွန်ုပ်တို့သည် ငြိမ်သက်ခြင်းကိုမျှော်လင့်သော်လည်း၊ ကောင်းကျိုးကို မရကြပါ။ ချမ်းသာကို မျှော်လင့်သော်လည်း၊ ဘေးနှင့်သာတွေ့ရကြပါ၏။