Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ယေ​ဇ​ကျေ​လ 47:8

Judson Bible

ထို​သူ​က​လည်း၊ ဤ​ရေ​သည် အ​ရှေ့​သို့​စီး၍ တော​ကို​လျှောက်​ပြီး​မှ၊ အိုင်​ထဲ​သို့​ဝင်​တတ်​သော​အား​ဖြင့် အိုင်​ရေ​သည် ချို​လိမ့်​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

17 ပူးပေါင်းရင်းမြစ်များ  

မော​ရှေ​သည် ထာ​ဝ​ရ​ဘု​ရား​အား​အော်​ဟစ်၍ ထာ​ဝ​ရ​ဘု​ရား​သည် သစ်​ပင်​တစ်​ပင်​ကို​ပြ​တော်​မူ၏။ ထို​အ​ပင်​ကို​ရေ​ထဲ​သို့​ချ​ပြီး​လျှင်၊ ရေ​သည်​ချို​လေ​၏။ ထို​အ​ရပ်၌ သူ​တို့​ကို​စုံ​စမ်း၍ စီ​ရင်​ထုံး​ဖွဲ့​တော်​မူ​သည်​ကား၊

တော​နှင့် လွင်​ပြင်​သည် ဝမ်း​မြောက်​လိမ့်​မည်။ ဆိတ်​ညံ​သော အ​ရပ်​သည်​လည်း ရွှင်​လန်း၍၊ နှင်း​ပွင့်​ကဲ့​သို့ အ​ပွင့်​ပွင့်​လိမ့်​မည်။

ခြေ​ဆွံ့​သော​သူ​တို့​သည် ဒ​ရယ်​ကဲ့​သို့ ခုန်​ကြ​လိမ့်​မည်။ စ​ကား​အ​သော​သူ​တို့​သည် သီ​ချင်း​ဆို​ကြ​လိမ့်​မည်။ အ​ကြောင်း​မူ​ကား၊ တော၌​စမ်း​ရေ​ထွက်၍၊ လွင်​ပြင်၌ မြစ်​ရေ​စီး​လိမ့်​မည်။

တံ​လျှပ်​သည် ရေ​ကန်​ဖြစ်​လိမ့်​မည်။ သွေ့​ခြောက်​သော​မြေ​သည် စမ်း​ရေ​တွင်း​ဖြစ်​လိမ့်​မည်။ မြေ​ခွေး​အိပ်​ရာ​နေ​ရာ၌ ကျူ​ပင်​နှင့် ဂ​မာ​ပင်​အ​စား၊ မြက်​ပင်​ပေါက်​လိမ့်​မည်။

မြေ​ခွေး​နှင့် ကု​လား​အုတ်​ငှက်​မှ​စ၍၊ တော​သား​ရဲ​တို့​သည် ငါ၏​ဂုဏ်​ကျေး​ဇူး​ကို ချီး​မွမ်း​ကြ​လိမ့်​မည်။ အ​ကြောင်း​မူ​ကား၊ ငါ​ရွေး​ကောက်​သော​သူ၊ ငါ၏​လူ​တို့​သောက်​စ​ရာ​ဖို့ တော၌​ရေ​များ​ကို​လည်း​ကောင်း၊ လွင်​ပြင်၌ မြစ်​တို့​ကို​လည်း​ကောင်း ငါ​ပေး​မည်။

ထွက်​ကြ​လော့​ဟု ချုပ်​ထား​သော​သူ​တို့​အား​လည်း​ကောင်း၊ ပေါ်​လာ​ကြ​လော့​ဟု မှောင်​မိုက်​ထဲ​မှာ​နေ​သော သူ​တို့​အား​လည်း​ကောင်း ပြော​စေ​မည်​အ​ကြောင်း၊ လူ​မျိုး​အား ပ​ဋိ​ညာဉ်​တ​ရား​ကို ပြု​စ​ရာ​ဖို့ သင့်​ကို​ခန့်​ထား​မည်။ သို့​ဖြစ်၍၊ ထို​သူ​တို့​သည် လမ်း​ခ​ရီး​တို့​အ​နား​မှာ စား​ရ၍၊ မြင့်​သော​အ​ရပ်​ရပ်​တို့၌ ကျက်​စား​ရာ​ကို တွေ့​ရ​ကြ​လိမ့်​မည်။

ငို​ကြွေး​လျက် လာ​ကြ​လိမ့်​မည်။ ဆု​တောင်း​ပ​တ္ထ​နာ​ပြု​လျက်​ရှိ​သော ထို​သူ​တို့​ကို ငါ​ပို့​ဆောင်​မည်။ မြစ်​နား​မှာ​လျှောက်​သော​လမ်း၊ ထိ​မိ၍ မ​လဲ​ရ​သော​လမ်း​ဖြောင့်​တို့၌ ငါ​သွေး​ဆောင်​မည်။ အ​ကြောင်း​မူ​ကား၊ ငါ​သည် ဣ​သ​ရေ​လ​အ​မျိုး၏​အ​ဘ​ဖြစ်၏။ ဧ​ဖ​ရိမ်​အ​မျိုး​သည် ငါ၏ သား​ဦး​ဖြစ်၏။

နေ​ထွက်​ရာ​အ​ရပ်​မှ​သည် နေ​ဝင်​ရာ​အ​ရပ်​တိုင်​အောင် တစ်​ပါး​အ​မျိုး​သား​တို့​တွင် ငါ၏​နာ​မ​တော်​သည် ကြီး​မြတ်​ရ​လိမ့်​မည်။ ခပ်​သိမ်း​သော​အ​ရပ်​တို့၌ နံ့​သာ​ပေါင်း​ကို ငါ၏​နာ​မ​တော်​အား​မီး​ရှို့၍၊ သန့်​ရှင်း​သော ပူ​ဇော်​သ​ကာ​ကို ဆက်​ကပ်​ရ​ကြ​လိမ့်​မည်။ ငါ၏​နာ​မ​တော်​သည် တစ်​ပါး​အ​မျိုး​သား​တို့​တွင် ကြီး​မြတ်​ရ​လိမ့်​မည်​ဟု ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။

အ​ကြောင်း​မူ​ကား၊ ဤ​လူ​မျိုး​သည် မျက်​စိ​မ​မြင်၊ နား​မ​ကြား၊ စိတ်​နှ​လုံး​မ​သိ၊ အ​ကျင့်​မ​ပြောင်း​လဲ၊ သူ​တို့ အ​နာ​ရော​ဂါ​ကို ငါ​မ​ငြိမ်း​စေ​ရ​သည် တိုင်​အောင်၊ သူ​တို့​စိတ်​နှ​လုံး​သည် မိုက်​လျက်၊ နား​သည်​ထိုင်း​လျက်၊ ကိုယ်​မျက်​စိ​ကို​ပိတ်​လျက် ရှိ​ကြ၏ ဟူ​သော​စ​ကား​သည် ဤ​လူ​တို့၌ ပြည့်​စုံ​ခြင်း​သို့​ရောက်​သ​တည်း။-

အ​ကြောင်း​မူ​ကား၊ အ​ချိန်​တန်​လျှင် ကောင်း​ကင်​တ​မန်​သည် ရေ​ကန်​သို့​ဆင်း​သက်၍ ရေ​ကို လှုပ်​ရှား​တတ်၏။ ထို​သို့​ရေ​လှုပ်​ရှား​သည်​နောက်၊ ရှေ့ ဦး​စွာ ဝင်​သော​သူ​သည် မိ​မိ၌​စွဲ​သ​မျှ​သော​အ​နာ​ရော​ဂါ​နှင့် ကင်း​လွတ်​ခြင်း​သို့ ရောက်​တတ်၏။

လွင်​ပြင်​နှင့်​တ​ကွ ယော်​ဒန်​မြစ်​နား၊ ဂင်္နေ​သ​ရက်​အ​ရပ်​မှ လွင်​ပြင်​နှင့်​ဆိုင်​သော သော​ဒုံ​အိုင်​အ​ရှေ့၊ အာ​ဇုတ်​ဝိ​သ​ဂါ​မြို့​တိုင်​အောင်၊ မြေ​တစ်​လျှောက်​လုံး​ကို​လည်း​ကောင်း ငါ​ပေး၏။

ယော်​ဒန်​မြစ်​အ​ရှေ့​ဘက် လွင်​ပြင်​နှင့်​တ​ကွ လွင်​ပြင်​နှင့်​ဆိုင်​သော​အိုင်​နား၊ အာ​ဇုတ်​ပိ​သ​ဂါ​မြို့​တိုင်​အောင်​လည်း​ကောင်း သိမ်း​ယူ​ကြ၏။

မြစ်​ညာ​က စီး​လာ​သော​ရေ​သည် တန့်​ရပ်၍ ဝေး​သော​အ​ရပ်၊ ဇာ​ရ​တန်​မြို့​နား​မှာ​ရှိ​သော အာ​ဒံ​မြို့​တိုင်​အောင် ပုံ့​ပုံ့​ကြွ​လျက်​နေ၏။ လွင်​ပြင်​အိုင်​တည်း​ဟူ​သော သော​ဒုံ​အိုင်​သို့ စီး​သွား​သော​ရေ​သည်​လည်း အ​ကုန်​အ​စင်​ပြတ်၍၊ လူ​များ​တို့​သည် ယေ​ရိ​ခေါ​မြို့​သို့ ရှေ့​ရှု​ကူး​ကြ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ