Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ယေ​ဇ​ကျေ​လ 47:7

Judson Bible

ပြန်​စဉ်​အ​ခါ မြစ်​နား​နှစ်​ဖက်၌ များ​စွာ​သော အ​ပင်​တို့​ကို ငါ​မြင်၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

9 ပူးပေါင်းရင်းမြစ်များ  

တစ်​ဖန်​ရှော​လ​မုန်​မင်း​ကြီး​သည် ဧ​ဒုံ​ပြည်​တွင်၊ ဧ​ဒုံ​ပင်​လယ်​ကမ်း​နား၌၊ ဧ​လုတ်​မြို့​နှင့်​နီး​စပ်​သော ဧ​ဇ​ယုန်​ဂါ​ဗာ​မြို့​မှာ သင်္ဘော​တို့​ကို​တည်​လုပ်၏။

အောက်​သို့​ကျ​သော ဧ​လိ​ယ​ဝတ်​လုံ​ကို ကောက်၍ ပြန်​လေ၏။ ယော်​ဒန်​မြစ်​နား​မှာ​ရပ်၍၊

မော​ရှေ​သည် ထာ​ဝ​ရ​ဘု​ရား​အား​အော်​ဟစ်၍ ထာ​ဝ​ရ​ဘု​ရား​သည် သစ်​ပင်​တစ်​ပင်​ကို​ပြ​တော်​မူ၏။ ထို​အ​ပင်​ကို​ရေ​ထဲ​သို့​ချ​ပြီး​လျှင်၊ ရေ​သည်​ချို​လေ​၏။ ထို​အ​ရပ်၌ သူ​တို့​ကို​စုံ​စမ်း၍ စီ​ရင်​ထုံး​ဖွဲ့​တော်​မူ​သည်​ကား၊

ငါ၏ သန့်​ရှင်း​ရာ​ဌာ​န​ကို တင့်​တယ်​စေ​ခြင်း​ငှာ၊ လေ​ဗ​နုန်​ဘုန်း​နှင့်​တ​ကွ ထင်း​ရှူး​ပင်၊ တ​ဒေ​ရ​ပင်၊ တာ​ရှု​ရ​ပင်​တို့​သည် သင့်​ထံ​သို့ တ​ညီ​တ​ညွတ်​တည်း ရောက်​လာ​ကြ​လိမ့်​မည်။ ငါ​သည် ငါ၏​ခြေ​တင်​ရာ​အ​ရပ်​ကို ဘုန်း​ပွင့်​စေ​မည်။

သင်၏​လူ​အ​ပေါင်း​တို့​သည် ဖြောင့်​မတ်၍၊ ပြည်​တော်​ကို အ​စဉ်​အ​မြဲ အ​မွေ​ခံ​သ​ဖြင့်၊ ငါ၏​ဘုန်း​ပွင့်​စေ​ခြင်း​ငှာ၊ ငါ့​ကိုယ်​တိုင်​စိုက်၍ ပြု​စု​သော​ပျိုး​ပင် ဖြစ်​ရ​ကြ​လိမ့်​မည်။

စိတ်​မ​သာ​ညည်း​တွား​သော ဇိ​အုန်​မြို့​သား​တို့​အ​ဖို့​စီ​ရင်၍၊ ပြာ​အ​ရာ၌ ပေါင်း​သ​ရ​ဖူ၊ ဝမ်း​နည်း​ခြင်း​အ​ရာ၌ ဝမ်း​မြောက်​ခြင်း​ဆီ၊ ညှိုး​ငယ်​သော စိတ်​သ​ဘော​အ​ရာ၌ ချီး​မွမ်း​ခြင်း​အ​ဝတ်​တန်​ဆာ​ကို သူ​တို့​အား​ပေး​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ ငါ့​ကို စေ​လွှတ်​တော်​မူ​ပြီ။ ထို​သူ​တို့​သည် ဖြောင့်​မတ်​ခြင်း​သ​ပိတ်​ပင်၊ ဘုန်း​အ​သ​ရေ​တော်​ဖို့ ထာ​ဝ​ရ​ဘု​ရား စိုက်​ပျိုး​တော်​မူ​သော​အ​ပင်​ဟူ၍ သ​မုတ်​ခြင်း​ကို ခံ​ရ​ကြ​လိမ့်​မည်။

မြစ်​ကမ်း​နား​နှစ်​ဖက်၌ စား​စ​ရာ​ကောင်း​သော အ​ပင်​အ​မျိုး​မျိုး ပေါက်​ကြ​လိမ့်​မည်။ အ​ရွက်​လည်း မ​ညှိုး​မ​နွမ်း​ရ။ အ​သီး​လည်း မ​ပြတ်​ရ။ လ​တိုင်း​အ​စဉ် နု​သော​အ​သီး​ကို သီး​လိမ့်​မည်။ အ​ကြောင်း​မူ​ကား၊ သန့်​ရှင်း​ရာ​ဌာ​န​ထဲ​က​ထွက်​သ​တည်း။ အ​သီး​သည် စား​စ​ရာ​ဖို့​ဖြစ်၏။ အ​ရွက်​သည် အ​နာ​ရော​ဂါ​ငြိမ်း​စ​ရာ​ဖို့ ဖြစ်​သည်​ဟု ငါ့​အား​ပြော​ဆို၏။

မြို့​လမ်း​မ​အ​လယ်၌​လည်း​ကောင်း၊ ထို​မြစ်​နှစ်​ဖက်၌​လည်း​ကောင်း၊ အ​သက်​ပင်​ရှိ၏။ ထို​အ​သက်​ပင်​သည် အ​သီး​တစ်​ဆယ်​နှစ်​မျိုး​ကို သီး​တတ်၏။ မိ​မိ​အ​သီး​ကို​လည်း လ​တိုင်း​ပေး​တတ်၏။ အ​ရွက်​သည်​လည်း လူ​အ​မျိုး​မျိုး​တို့၏ အ​နာ​ရော​ဂါ​ငြိမ်း​စ​ရာ​ဖို့ ဖြစ်၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ