ယေဇကျေလ 47:6Judson Bibleထိုသူက၊ အချင်းလူသား၊ ဤအရာကို မြင်သည်မဟုတ်လောဟု ပြောပြီးမှ တစ်ဖန်ငါ့ကိုခေါ်သွား၍ မြစ်နားသို့ပြန်စေ၏။ အခန်းကိုကြည့်ပါ။ |
တစ်ဖန်တုံ၊ အချင်းလူသား၊ ထိုအမှုကို မြင်ပြီလော။ ယုဒအမျိုးသည် ဤအရပ်၌ စက်ဆုပ်ရွံရှာဖွယ် အမှုတို့ကို ပြုသောအပြစ် ပေါ့သလော။ သူတို့သည် အဓမ္မမှုဖြင့် တစ်ပြည်လုံးကို ပြည့်စေ၍ ငါ၏အမျက်ကို အထပ်ထပ် နှိုးဆော်ကြပြီ။ သစ်ခက်ကိုလည်း မိမိတို့နှာခေါင်းဝ၌ ကပ်၍ကိုင်ကြ၏။
တစ်ဖန်တုံ၊ အချင်းလူသား၊ ငါသည် ငါ၏ သန့်ရှင်းရာဌာနနှင့် ဝေးစွာသွားစေခြင်းငှာ သူတို့ပြုကြသောအမှု၊ ဤအရပ်၌ ဣသရေလအမျိုးပြုသော၊ အလွန် စက်ဆုပ်ရွံရှာဖွယ်သော အမှုတို့ကို မြင်ပြီလော။ တစ်ဖန် လှည့်၍သွားဦးလော့။ သာ၍ကြီးသော ရွံရှာဖွယ်အမှုတို့ကို မြင်လိမ့်မည်ဟု မိန့်တော်မူလျက်၊