Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ယေ​ဇ​ကျေ​လ 45:4

Judson Bible

ထို​သန့်​ရှင်း​သော​မြေ​သည် ထာ​ဝ​ရ​ဘု​ရား၏ အ​မှု​တော်​ကို​ဆောင်​ခြင်း​ငှာ အ​ထံ​တော်​သို့​ချဉ်း​ကပ်၍၊ သန့်​ရှင်း​ရာ​ဌာ​န၏​အ​မှု​စောင့်၊ ယဇ်​ပု​ရော​ဟိတ်​တို့​အ​ဖို့ ဖြစ်​ရ​မည်။ သူ​တို့​အိမ်​ဆောက်​စ​ရာ​နှင့် သန့်​ရှင်း​ရာ​ဌာ​န တည်​စ​ရာ​ဖို့ သန့်​ရှင်း​သော​မြေ​ဖြစ်​ရ​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

10 ပူးပေါင်းရင်းမြစ်များ  

တောင်​ဘက်​သို့​မျက်​နှာ​ပြု​သော ဤ​အ​ခန်း​ကား၊ အိမ်​တော်​အ​မှု​ကို​ဆောင်​သော ယဇ်​ပု​ရော​ဟိတ် နေ​စ​ရာ​ဖို့၊

မြောက်​ဘက်​သို့​မျက်​နှာ​ပြု​သော ဤ​အ​ခန်း​ကား၊ ယဇ်​ပ​လ္လင်​အ​မှု​ကို​ဆောင်​သော ယဇ်​ပု​ရော​ဟိတ် နေ​စ​ရာ​ဖို့ ဖြစ်၏။ ထို​သူ​တို့​ကား၊ ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​သို့ ချဉ်း​ကပ်၍ အ​မှု​တော်​ကို​ဆောင်​စေ​ခြင်း​ငှာ၊ လေ​ဝိ​သား​တို့​တွင်​ရွေး​ကောက်​သော ဇာ​ဒုတ်​သား​ပေ​တည်း​ဟု ငါ့​အား​ပြော​ဆို၏။

အ​မှု​တော်​ကို​ဆောင်၍ ငါ့​ထံ​သို့ ချဉ်း​ကပ်​သော လေ​ဝိ​အ​မျိုး၊ ဇာ​ဒုတ်​သား ယဇ်​ပု​ရော​ဟိတ်​တို့​အား အ​ပြစ်​ဖြေ​ရာ​ယဇ်​ဖို့၊ ပျို​သော​နွား​ထီး​တစ်​ကောင်​ကို အပ်​ရ​မည်။

ထို​အ​ရာ​သည် ယဇ်​ပု​ရော​ဟိတ်​တို့၏​အ​မွေ​ဥ​စ္စာ​ဖြစ်​ရ​မည်။ ငါ​သည် သူ​တို့​အ​မွေ​ဥ​စ္စာ​ဖြစ်၏။ ဣ​သ​ရေ​လ​ပြည်၌ သူ​တို့​အား အ​မွေ​မြေ​ကို မ​ပေး​ရ။ ငါ​သည် သူ​တို့၏​အ​မွေ​မြေ​ဖြစ်၏။

သင်​တို့​သည် မြေ​ကို အ​မွေ​ခံ​ခြင်း​ငှာ စာ​ရေး​တံ​ချ၍ ပိုင်း​ခြား​သော​အ​ခါ၊ သန့်​ရှင်း​သော​မြေ​တစ်​ကွက်​ကို ထာ​ဝ​ရ​ဘု​ရား​အား ပူ​ဇော်​ရ​ကြ​မည်။ ထို​အ​ကွက်​သည် အ​လျား​ကျူ​လုံး​အ​ပြန် နှစ်​သောင်း​ငါး​ထောင်၊ အ​နံ တစ်​သောင်း​ရှိ​ရ​မည်။ နယ်​နိ​မိတ်​ရှိ​သ​မျှ​သည်​လည်း သန့်​ရှင်း​ရ​မည်။

ထို​သို့ အ​လျား​နှစ်​သောင်း​ငါး​ထောင်၊ အ​နံ တစ်​သောင်း​ကို​တိုင်း​ပြီး​မှ အ​လွန်​သန့်​ရှင်း​သော​အ​ရပ်​နှင့် သန့်​ရှင်း​သော​ဌာ​န​တည်​ရာ ဖြစ်​ရ​မည်။

ယု​ဒ​ခ​ရိုင်​အ​နား၊ အ​ရှေ့​ဘက်​မှ​သည် အ​နောက်​ဘက်​တိုင်​အောင် သင်​တို့​ပူ​ဇော်​ရ​သော မြေ​ကွက်​ရှိ​ရ​မည်။ ထို​မြေ​အ​နံ​ကား၊ ကျူ​လုံး​အ​ပြန် နှစ်​သောင်း​ငါး​ထောင်၊ အ​လျား​ကား အ​ရှေ့​ဘက်​မှ​သည် အ​နောက်​ဘက်​တိုင်​အောင် ခ​ရိုင်​အ​လျား​နှင့် ညီ​ရ​မည်။ ထို​မြေ​အ​တွင်း၌ သန့်​ရှင်း​ရာ​ဌာ​န​ရှိ​ရ​မည်။

တစ်​ဖန် မော​ရှေ​က၊ အ​ဘယ်​သူ​သည် ထာ​ဝ​ရ​ဘု​ရား၏​လူ ဖြစ်​သည်​ကို​လည်း​ကောင်း၊ အ​ဘယ်​သူ သန့်​ရှင်း​သည်​ကို​လည်း​ကောင်း၊ အ​ဘယ်​သူ​ကို ချဉ်း​ကပ်​စေ​မည်​ကို​လည်း​ကောင်း၊ နက်​ဖြန်​နေ့၌ ထာ​ဝ​ရ​ဘု​ရား​ပြ​တော်​မူ​မည်။ ရွေး​ကောက်​တော်​မူ​သော​သူ​ကို​လည်း အ​နီး​အ​ပါး​သို့ ချဉ်း​ကပ်​စေ​တော်​မူ​မည်။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ