အလျား နှစ်သောင်းငါးထောင်၊ အနံ တစ်သောင်းရှိသော အကွက်သည် အိမ်တော်အမှုစောင့်လေဝိလူတို့နေရာ အခန်းနှစ်ဆယ် တည်ဆောက်စရာဖို့ ဖြစ်ရမည်။
ထိုနောက်၊ ငါ့ကို ပြင်တံတိုင်းထဲသို့ သွင်း၍ အခန်းများကို ငါမြင်၏။ ကျောက်ခင်းလည်းရှိ၏။ ကျောက်ခင်းအပေါ်မှာ အခန်းသုံးဆယ်ရှိ၏။
ထိုသန့်ရှင်းသော ပူဇော်သကာသည် ယဇ်ပရောဟိတ်ဖို့ ဖြစ်၍ မြောက်ဘက်၌ နှစ်သောင်းငါးထောင်၊ အနောက်ဘက်၌ အနံတစ်သောင်း၊ အရှေ့ဘက်၌ အနံတစ်သောင်း၊ တောင်ဘက်၌ အလျားနှစ်သောင်းငါးထောင်ကျယ်၍၊ ထာဝရဘုရား၏ သန့်ရှင်းရာဌာနသည် ထိုအကွက်အလယ်၌ ရှိရမည်။
ယဇ်ပုရောဟိတ် မြေအနားမှာလေဝိလူနေရာ မြေကွက်သည် အလျား နှစ်သောင်းငါးထောင်၊ အနံ တစ်သောင်းရှိရမည်။
ပူဇော်သော မြေကွက်ပေါင်းကား၊ အလျား နှစ်သောင်းငါးထောင်၊ အနံ နှစ်သောင်းငါးထောင်ကျယ်၍၊ မြို့နယ်ပါလျက် သန့်ရှင်းသော ထိုစတုရန်းမြေကို ပူဇော်ရမည်။
ဣသရေလအမျိုးသားတို့ကို အဲဂုတ္တုပြည်မှနုတ်ဆောင်သောအခါ၊
သင်သည် ဣသရေလအမျိုးသားတို့အား ဆင့်ဆိုရမည်မှာ၊ သူတို့သည် အမွေခံသောမြေ၌ လေဝိသားတို့နေစရာဖို့ မြို့တို့ကိုလည်းကောင်း၊ မြို့ပတ်လည်နယ်တို့ကိုလည်းကောင်း ပေးရကြမည်။