ထရံအခန်းတို့သည် ကျန်ကြွင်းသောအရပ်သို့ဖွင့်၍ မြောက်ဘက်သို့လည်းကောင်း၊ တောင်ဘက်သို့လည်းကောင်း မျက်နှာပြုကြ၏။ ကျန်ကြွင်းသောအရပ်သည် ပတ်လည်၌ အနံငါးတောင်ရှိ၏။
ထိုနောက်၊ အိမ်တော်ထရံကိုတိုင်း၍ အထုခြောက်တောင်ရှိ၏။ အိမ်တော်ပတ်လည် ထရံအခန်းတို့သည် အနံ လေးတောင်စီရှိ၏။
ထရံအခန်းပြင်ဘက်၌ ကာသောထရံသည် အထုငါးတောင်ရှိ၏။ ကျန်ကြွင်းသောအရပ်သည် ထရံအခန်းတို့နှင့် ဆိုင်၏။
ထိုအခန်းများရှေ့မှာ တစ်တောင်ကျယ်သော လမ်းနှင့်တကွ အတွင်းဘက်သို့ဝင်၍၊ အနံ ဆယ်တောင်ရှိသော စင်္ကြံရှိ၏။ အခန်းတံခါးတို့သည် မြောက်ဘက်သို့ မျက်နှာပြုကြ၏။