အိမ်တော်ပတ်လည်၌ ထရံအခန်းတို့သည် အိမ်တော်တံတိုင်းအခန်းတို့နှင့် အတောင်နှစ်ဆယ်ကွာလျက်ရှိကြ၏။
ထိုနောက်၊ ငါ့ကို ပြင်တံတိုင်းထဲသို့ သွင်း၍ အခန်းများကို ငါမြင်၏။ ကျောက်ခင်းလည်းရှိ၏။ ကျောက်ခင်းအပေါ်မှာ အခန်းသုံးဆယ်ရှိ၏။
မီးရှို့သော ယဇ်ကောင်ကို ရေနှင့် ဆေးကြောစရာအခန်းများ၊ အခန်းဝင်ဝများတို့သည် ထိုတံခါးမုခ်၌ ရှိကြ၏။
ထိုနောက်မှ မြောက်လမ်းဖြင့် ပြင်တံတိုင်းထဲသို့ ခေါ်သွား၍၊ အိမ်တော်မြောက်ဘက်၊ လွတ်လပ်သော အရပ်ရှေ့မှာရှိသော အခန်းများကို ပြလေ၏။
အတောင်နှစ်ဆယ်ရှိသော အတွင်းတံတိုင်းရှေ့၊ ပြင်တံတိုင်း ကျောက်ခင်းရှေ့တွင် တစ်ဖက်တစ်ချက်၌ နံရံအခန်း သုံးဆင့်ရှိ၏။