Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ယေ​ဇ​ကျေ​လ 40:5

Judson Bible

အိမ်​တော်​ပြင်​ပတ်​လည်၌ တံ​တိုင်း​ရှိ၏။ ထို​သူ​သည် သံ​တောင်​အား​ဖြင့် အ​ရှည်​ခြောက်​တောင်​ရှိ​သော ကျူ​လုံး​ကို ကိုင်​လျက်၊ ထို​တံ​တိုင်း​ကို​တိုင်း၍ အ​ထု​ကျူ​တစ်​ပြန်၊ အ​မြင့်​လည်း ကျူ​တစ်​ပြန်​ရှိ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

10 ပူးပေါင်းရင်းမြစ်များ  

တောင်​ရိုး​တို့​သည် ယေ​ရု​ရှ​လင်​မြို့​ကို​ဝန်း​ရံ​သ​ကဲ့​သို့၊ ထာ​ဝ​ရ​ဘု​ရား​သည် မိ​မိ​လူ​တို့​ကို ယ​ခု​မှ​စ၍၊ ကာ​လ​အ​စဉ်​မ​ပြတ် ဝန်း​ရံ​တော်​မူ၏။

ထို​ကာ​လ၌ ယု​ဒ​ပြည်​မှာ သီ​ချင်း​ဆို​လ​တ္တံ့​သော စ​ကား​ဟူ​မူ​ကား၊ ငါ​တို့၌ ခိုင်​ခံ့​သော​မြို့​ရှိ၏။ ကယ်​တင်​ခြင်း ကျေး​ဇူး​ကို ပြ​အိုး၊ ရင်​တား​အ​ရာ၌ စီ​ရင်​ခန့်​ထား​တော်​မူ​လိမ့်​မည်။

သင်၏​ပြည်၌ အ​နိုင်​အ​ထက်​ပြု​ခြင်း​အ​သံ​ကို နောက်​တစ်​ဖန် မ​ကြား​ရ။ သင်၏​နယ်​အ​တွင်း​တွင် လု​ယူ ဖျက်​ဆီး​ခြင်း​မ​ရှိ​ရ။ သင်၏​မြို့​ရိုး​ကို ကယ်​တင်​ခြင်း​ဟူ၍​လည်း​ကောင်း၊ မြို့​တံ​ခါး​တို့​ကို ချီး​မွမ်း​ခြင်း​ဟူ၍​လည်း​ကောင်း သ​မုတ်​ရ​လိမ့်​မည်။

အိမ်​တော်​အ​ထက်​ပိုင်း​ပတ်​လည်၌ အ​မြင့်​ဆုံး​သော ထ​ရံ​အ​ခန်း​တို့​သည် ခြောက်​တောင်​ရှည်​သော ကျူ​တစ်​ပြန်​မျှ ကျယ်​ကြ၏။

အ​တွင်း​ဗိ​မာန်​တော်​ကို တိုင်း​ပြီး​သည်​နောက်၊ အ​ရှေ့​တံ​ခါး​ပြင်​သို့ ခေါ်​သွား၍၊

လေး​မျက်​နှာ​ကို​တိုင်း၍ ပတ်​လည်၌​ရှိ​သော တံ​တိုင်း​သည် သန့်​ရှင်း​သော​အ​ရပ်၊ မ​သန့်​ရှင်း​သော​အ​ရပ်​တို့​ကို ပိုင်း​ခြား​လျက်၊ အ​လျား အ​ပြန်​ငါး​ရာ၊ အ​နံ​လည်း အ​ပြန်​ငါး​ရာ​ရှိ၏။

ယဇ်​ပ​လ္လင်​အ​တိုင်း အ​ရှည်​ကား၊ သံ​တောင်​ဖြင့် တိုင်း​လျှင်၊ ဖိ​နပ်​အ​မြင့်​တစ်​တောင်၊ အ​ကျယ်​တစ်​တောင်၊ ပတ်​လည်​အ​နား​ပတ် အ​ကျယ်​တစ်​ထွာ​ရှိ၍၊ ယဇ်​ပ​လ္လင် ပြင်​ဘက်၌ တည်​ရ၏။

ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ ငါ​သည် မြို့​ကို​ကာ​သော မီး​မြို့​ရိုး​ဖြစ်​မည်။ မြို့​အ​လယ်၌​လည်း ငါ​သည် မြို့၏​ဘုန်း​အ​သ​ရေ​ဖြစ်​မည်။

အ​လွန်​ကြီး​မား​သော​လူ​မျိုး​မှ ဆင်း​သက်​သော ဗာ​ရှန်​ရှင်​ဘု​ရင် ဩ​ဃ​တစ်​ယောက်​တည်း​သာ ကျန်​ကြွင်း၏။ လူ​အ​တောင်​အား​ဖြင့် အ​လျား​ကိုး​တောင်၊ အ​နံ​လေး​တောင်​ရှိ​သော သူ၏​သံ​ခု​တင်​သည် အ​မ္မုန်​ပြည်၊ ရ​ဗ္ဗတ်​မြို့၌​ရှိ​သည်​မ​ဟုတ်​လော။

ကြီး​မြင့်​သော မြို့​ရိုး​လည်း​ရှိ၏။ အ​ရှေ့​ဘက်၌ တံ​ခါး​သုံး​ပေါက်၊ မြောက်​ဘက်၌ သုံး​ပေါက်၊ တောင်​ဘက်၌​သုံး​ပေါက်၊ အ​နောက်​ဘက်၌ သုံး​ပေါက်၊ တံ​ခါး တစ်​ဆယ်​နှစ်​ပေါက်​ရှိ၏။ ထို​တံ​ခါး တစ်​ဆယ်​နှစ်​ပေါက်၌ ကောင်း​ကင်​တ​မန် တစ်​ဆယ်​နှစ်​ပါး ရှိ၏။ ဣ​သ​ရေ​လ​အ​မျိုး တစ်​ဆယ်​နှစ်​မျိုး၏ နာ​မ​တို့​သည် ထို​တံ​ခါး​ပေါ်၌ ရေး​ထား​လျက်​ရှိ၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ