Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ယေ​ဇ​ကျေ​လ 40:4

Judson Bible

ထို​သူ​က၊ အ​ချင်း​လူ​သား၊ စေ့​စေ့​ကြည့်​ရှု​လော့။ စေ့​စေ့​နား​ထောင်​လော့။ ငါ​ပြ​လ​တ္တံ့​သ​မျှ​တို့​ကို နှ​လုံး​သွင်း​လော့။ သင့်​အား ငါ​ပြ​အံ့​သော​ငှာ သင့်​ကို​ဤ​အ​ရပ်​သို့​ဆောင်​ခဲ့​တော်​မူ​ပြီ၊ မြင်​သ​မျှ​တို့​ကို​လည်း ဣ​သ​ရေ​လ​အ​မျိုး​အား ပြ​ရ​မည်​ဟု​ဆို၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

15 ပူးပေါင်းရင်းမြစ်များ  

ငါ​နင်း​နယ်၍ ငါ့​တ​လင်း​ပြင်​မှ ထွက်​သော​စ​ပါး၊ ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား၊ ဣ​သ​ရေ​လ​အ​မျိုး၏​ဘု​ရား​သ​ခင် မိန့်​တော်​မူ​သည်​ကို ငါ​ကြား​ရ​သည်​အ​တိုင်း၊ သင်​တို့​အား​ငါ​ဆင့်​ဆို​သ​တည်း။

ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ ဗိ​မာန်​တော်၌ ကိုး​ကွယ်​အံ့​သော​ငှာ ရောက်​လာ​သော ယု​ဒ​မြို့​သူ ရွာ​သား​အ​ပေါင်း​တို့​အား ဆင့်​ဆို​စေ​ခြင်း​ငှာ၊ ငါ​သည်​သင်၌ မှာ​ထား​သ​မျှ​သော စ​ကား​တို့​ကို ဗိ​မာန်​တော် တံ​တိုင်း​ထဲ​မှာ ရပ်​လျက်၊ သူ​တို့​အား ပြန်​ပြော​လော့။ တစ်​ခွန်း​ကို​မျှ မ​ထိမ်​မ​ဝှက်​နှင့်။

ထို​ဗျာ​ဒိတ်​ရူ​ပါ​ရုံ​ကို ငါ​သည်​မြင်​သော​အ​ခါ ပျပ်​ဝပ်​လျက်​နေ၏။ တစ်​ဦး​သော​သူ​က​လည်း၊ အ​ချင်း​လူ​သား၊ မတ်​တတ်​နေ​လော့။ သင့်​အား ငါ​ပြော​မည်​ဟု ငါ့​အား​ဆို​သံ​ကို ငါ​ကြား၏။

အ​ချင်း​လူ​သား၊ ငါ့​ကို​ပုန်​ကန်​တတ်​သော အ​မျိုး​တည်း​ဟူ​သော၊ ယ​နေ့​တိုင်​အောင် ဘိုး​ဘေး​တို့​နှင့်​တ​ကွ ငါ​တို့​အ​စဉ်​ပုန်​ကန်၍၊ ပြစ်​မှား​သော ဣ​သ​ရေ​လ​အ​မျိုး​သား​တို့ ရှိ​ရာ​သို့ သင့်​ကို​ငါ​စေ​လွှတ်​မည်။

အ​ချင်း​လူ​သား၊ သင့်​ကို ဣ​သ​ရေ​လ​အ​မျိုး​တွင် ကင်း​စောင့်​အ​ရာ၌ ငါ​ခန့်​ထား​သော​ကြောင့်၊ ငါ​သ​တိ​ပေး​သော စ​ကား​ကို​နား​ထောင်၍ သူ​တို့​အား ဆင့်​ဆို​လော့။

အ​ချင်း​လူ​သား၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ကိုယ်​ဒု​စ​ရိုက်​အ​ပြစ်​ကြောင့် ရှက်​ကြောက်​စေ​ခြင်း​ငှာ အိမ်​တော်​ကို​ပြ​လော့။ အိမ်​တော်​ပုံ​ကို သူ​တို့​တိုင်း​ကြ​စေ​လော့။

ထာ​ဝ​ရ​ဘု​ရား​က​လည်း၊ အ​ချင်း​လူ​သား၊ စေ့​စေ့​ကြည့်​ရှု၍ မှတ်​လော့။ ထာ​ဝ​ရ​ဘု​ရား၏ အိမ်​တော်​အ​ဖို့ ငါ​စီ​ရင်​ထုံး​ဖွဲ့​ချက် ပ​ညတ်​တ​ရား​ရှိ​သ​မျှ​တို့​ကို နား​ထောင်​လော့။ အိမ်​တော်​ဝင်​ရာ​တံ​ခါး​ဝ​နှင့် သန့်​ရှင်း​ရာ​ဌာ​န​မှ ထွက်​ရာ​တံ​ခါး​ဝ​ရှိ​သ​မျှ​တို့​ကို စေ့​စေ့​မှတ်​လော့။

ထို​သူ​က၊ အ​ချင်း​လူ​သား၊ ဤ​အ​ရာ​ကို မြင်​သည်​မ​ဟုတ်​လော​ဟု ပြော​ပြီး​မှ တစ်​ဖန်​ငါ့​ကို​ခေါ်​သွား၍ မြစ်​နား​သို့​ပြန်​စေ၏။

မှောင်​မိုက်၌ သင်​တို့​အား ငါ​ပြော​သော​အ​ရာ​များ​ကို သင်​တို့​သည် အ​လင်း၌ ကြား​ပြော​ကြ​လော့။ သင်​တို့​နား​အ​ပါး၌ ပြော၍ ကြား​သော​အ​ရာ​များ​ကို အိမ်​မိုး​ပေါ်​မှာ ဟစ်​ကြော်​ကြ​လော့​ဟု မိန့်​တော်​မူ၏။

ကြား​စ​ရာ​နား​ရှိ​သော​သူ မည်​သည်​ကား ကြား​ပါ​စေ​ဟု မိန့်​တော်​မူ၏။-

ဘု​ရား​သ​ခင်၏​အ​လို​တော်​ကို သင်​တို့​အား အ​ကုန်​အ​စင် ဟော​ပြော​ပြ​သ​ခြင်း​အ​မှု​ကို ငါ​သည်​မ​လွှဲ​မ​ရှောင်​ဘဲ ပြု​ခဲ့​ပြီ။

အ​ကြောင်း​မူ​ကား၊ သင်​တို့၌ ငါ​အပ်​ပေး​သော အ​ရာ​ကို သ​ခင်​ဘု​ရား​ထံ၌ ငါ​ခံ​ရ​ပြီ။ ခံ​ရ​သော​အ​ရာ​ဟူ​မူ​ကား၊ သ​ခင်​ယေ​ရှု​သည် ရန်​သူ​လက်​သို့ အပ်​နှံ​ခြင်း​ကို​ခံ​သော နေ့​ည​မှာ မုန့်​ကို​ယူ၍၊-

သင်​တို့​အား ယ​နေ့​ငါ​သက်​သေ​ခံ​သ​မျှ​သော စ​ကား​တို့​ကို နှ​လုံး​သွင်း​ကြ​လော့။ သင်​တို့​သား​သ​မီး​တို့​သည် ဤ​ပ​ညတ်​တ​ရား စ​ကား​တော်​အ​လုံး​စုံ​တို့​ကို စောင့်​ရှောက်​စေ​ခြင်း​ငှာ၊ သူ​တို့​အား ထပ်​ဆင့်၍ မှာ​ထား​ရ​ကြ​မည်။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ