မုန့်နှင့်ရေ ခေါင်းပါးသဖြင့်၊ မြို့သားတို့သည် တညီတညွတ်တည်း မိန်းမောတွေဝေ၍၊ မိမိတို့အပြစ်ကြောင့် ပိန်ကြုံခြင်းသို့ ရောက်ရကြမည်ဟု မိန့်တော်မူ၏။
ကြာမြင့်စွာဝိုင်းထားသောကြောင့်၊ ရှမာရိမြို့၌ အလွန်အစာခေါင်းပါး၍၊ မြည်းခေါင်းတစ်လုံးကို ငွေရှစ်ဆယ်နှင့်လည်းကောင်း၊ ပဲကြမ်းတစ်ပြည်ကို ငွေငါးကျပ်နှင့်လည်းကောင်း ရောင်းရ၏။
ယုဒရှင်ဘုရင်ရှေ့မှာ ဖတ်ရသောကျမ်းစာ၌ ရေးထားသမျှသောအကျိန်စကား ပြည့်စုံစေခြင်းငှာ၊ ငါသည် ဤအရပ်၌လည်းကောင်း၊ ဤအရပ်သားတို့၌လည်းကောင်း ဘေးရောက်စေမည်။
ခေါင်းပေါင်း ပေါင်း၍ ခြေနင်းကို စီးရကြလိမ့်မည်။ ငိုကြွေးမြည်တမ်းခြင်းကို မပြုရကြ။ ကိုယ်အပြစ်ကြောင့် ပိန်ကြုံ၍ တစ်ယောက်ကိုတစ်ယောက် ညည်းတွားရကြလိမ့်မည်။
သို့ဖြစ်၍၊ အချင်းလူသား၊ ဣသရေလ အမျိုးသားတို့အား ဟောပြောရမည်မှာ၊ ငါတို့သည် ကိုယ်ပြုမိသော ဒုစရိုက်အပြစ်ကို ခံရသဖြင့် အားလျော့သည်ဖြစ်၍၊ အဘယ်သို့ အသက်ရှင်နိုင်ပါမည်နည်းဟု သင်တို့ဆိုကြသော်၊
သင်တို့၏အစာအာဟာရ အထောက်အပင့်ကို ငါပယ်ရှားသောအခါ၊ မိန်းမတစ်ကျိပ်တို့သည် သင်တို့၏မုန့်ကို မီးဖိုတစ်ဖို၌ဖုတ်ပြီးမှ၊ ထိုမုန့်ကိုချိန်ပေးသဖြင့် သင်တို့သည်ဝစွာမစားရကြ။
ကျန်ကြွင်းသောသင်တို့သည်၊ ရန်သူပြည်၌ကိုယ်အပြစ်၊ ဘိုးဘတို့အပြစ်ကိုခံလျက်၊ ဘိုးဘနှင့်တကွ အားလျော့ကြလိမ့်မည်။
ထိုသို့ မြို့နှစ်မြို့သုံးမြို့သားတို့သည် ရေသောက်ခြင်းငှာ မြို့တစ်မြို့သို့သွားရ၍ မဝရကြ။ သို့သော်လည်း၊ သင်တို့သည် ငါ့ထံသို့ ပြန်၍မလာကြဟု ထာဝရဘုရား မိန့်တော်မူ၏။