Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ယေ​ဇ​ကျေ​လ 4:16

Judson Bible

တစ်​ဖန်​တုံ၊ အ​ချင်း​လူ​သား၊ ယေ​ရု​ရှ​လင်​မြို့၌ မုန့်​အ​ထောက်​အ​ပင့်​ကို ငါ​ချိုး​မည်။ မြို့​သား​တို့​သည် မုန့်​ကို​ချိန်​လျက်၊ စိုး​ရိမ်​သော​စိတ်​နှင့် စား​ရ​ကြ​မည်။ ရေ​ကို​လည်း ခြင်​လျက်၊ မိန်း​မော​တွေ​ဝေ​ခြင်း​နှင့် သောက်​ရ​ကြ​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

18 ပူးပေါင်းရင်းမြစ်များ  

ထို​နှစ် စ​တု​တ္ထ​လ​ကိုး​ရက်​နေ့​တွင်၊ မြို့​ထဲ​မှာ အ​လွန်​အ​စာ​အာ​ဟာ​ရ​ခေါင်း​ပါး​သ​ဖြင့်၊ မြို့​သူ​မြို့​သား​တို့​သည် စား​စ​ရာ​မ​ရှိ​သော​အ​ခါ၊

ကြာ​မြင့်​စွာ​ဝိုင်း​ထား​သော​ကြောင့်၊ ရှ​မာ​ရိ​မြို့၌ အ​လွန်​အ​စာ​ခေါင်း​ပါး၍၊ မြည်း​ခေါင်း​တစ်​လုံး​ကို ငွေ​ရှစ်​ဆယ်​နှင့်​လည်း​ကောင်း၊ ပဲ​ကြမ်း​တစ်​ပြည်​ကို ငွေ​ငါး​ကျပ်​နှင့်​လည်း​ကောင်း ရောင်း​ရ၏။

တစ်​ဖန်​တုံ၊ ထို​ပြည်၌ မွတ်​သိပ်​ခြင်း​ဘေး​ကို​ခေါ်၍၊ အ​စာ​အာ​ဟာ​ရ​တည်း​ဟူ​သော အ​ထောက်​အ​ပင့်​ရှိ​သ​မျှ​ကို ချိုး​ဖျက်​တော်​မူ​သော​အ​ခါ၊

ကိုယ်​တော်၏​လူ​တို့​ကို ခက်​ထန်​စွာ​စီ​ရင်၍၊ မှိုင်​တွေ​ခြင်း စ​ပျစ်​ရည်​ကို​တိုက်​တော်​မူ​ပြီ။

အ​ကြောင်း​မူ​ကား၊ ကောင်း​ကင်​ဗိုလ်​ခြေ​သ​ခင်၊ အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​သည် မုန့်​အ​ထောက်​အ​ပင့်​နှင့် ရေ​အ​ထောက်​အ​ပင့် ရှိ​သ​မျှ​မှ​စ၍၊ ခပ်​သိမ်း​သော အ​ထောက်​အ​ပင့်​တို့​ကို ယေ​ရု​ရှ​လင်​မြို့​နှင့် ယု​ဒ​ပြည်​မှ ပယ်​ရှား​တော်​မူ၏။

ထို​နှစ်၊ စ​တု​တ္ထ​လ ကိုး​ရက်​နေ့​တွင်၊ မြို့​ထဲ​မှာ အ​လွန် အ​စာ​အာ​ဟာ​ရ​ခေါင်း​ပါး​သ​ဖြင့်၊ မြို့​သူ​မြို့​သား​တို့​သည် စား​စ​ရာ​မ​ရှိ​သော​အ​ခါ၊

သူ၏​လူ​အ​ပေါင်း​တို့​သည် ညည်း​တွား​လျက်၊ မုန့်​ကို​ရှာ​လျက် နေ​ကြ၏။ သေ​ဘေး​နှင့် လွတ်​ခြင်း​ငှာ မိ​မိ​စည်း​စိမ်​ကို စား​စ​ရာ​ဖို့ စွန့်​ရ၏။ အို​ထာ​ဝ​ရ​ဘု​ရား၊ အ​ကျွန်ုပ်​သည် ရှုတ်​ချ​ခြင်း​ကို ခံ​ရ​သော​ကြောင့် ကြည့်​ရှု​ဆင်​ခြင်​တော်​မူ​ပါ။

ငွေ​ပေး​မှ ရေ​ကို သောက်​ရ​ပါ၏။ ထင်း​ကို​လည်း ဝယ်​ရ​ပါ၏။

တော၌ ဓား​ဘေး​နှင့်​တွေ့၍ အ​သေ​ခံ​လျက် စား​စ​ရာ​ကို ရှာ​ရ​ကြ​ပါ၏။

အ​ချင်း​လူ​သား၊ ပြည်​သား​တို့​သည် အ​ထပ်​ထပ်​လွန်​ကျူး၍ ငါ့​ကို ပြစ်​မှား​သော​ကြောင့်၊ ငါ​သည် လက်​ကို​ဆန့်၍ မုန့်​အ​ထောက်​အ​ပင့်​ကို ချိုး​သ​ဖြင့်၊ အ​စာ​အာ​ဟာ​ရ​ကို​ခေါင်း​ပါး​စေ၍၊ ထို​ပြည်​မှ လူ​နှင့် တိ​ရ​စ္ဆာန်​တို့​ကို ပယ်​ဖြတ်​လျှင်၊

လူ၏​မ​စင်​အ​ရာ၌ နွား​ချေး​ကို ငါ​ပေး၏။ နွား​ချေး​နှင့် သင့်​မုန့်​ကို​ဖုတ်​ရ​မည်​ဟု မိန့်​တော်​မူ၏။

သင်​တို့​ကို ဖျက်​ဆီး​ခြင်း​ငှာ မွတ်​သိပ်​ခြင်း​ဘေး​တည်း​ဟူ​သော​မြား​ဆိုး​တို့​ကို ငါ​လွှတ်​လိုက်​သော အ​ခါ၌​လည်း​ကောင်း၊ သင်​တို့​တွင် မွတ်​သိပ်​ခြင်း​ဘေး​ကို တိုး​ပွား​စေ၍၊ မုန့်​အ​ထောက်​အ​ပင့်​ကို ငါ​ချိုး​သော​အ​ခါ၌​လည်း​ကောင်း၊

သင်​တို့၏​အ​စာ​အာ​ဟာ​ရ အ​ထောက်​အ​ပင့်​ကို ငါ​ပယ်​ရှား​သော​အ​ခါ၊ မိန်း​မ​တစ်​ကျိပ်​တို့​သည် သင်​တို့၏​မုန့်​ကို မီး​ဖို​တစ်​ဖို၌​ဖုတ်​ပြီး​မှ၊ ထို​မုန့်​ကို​ချိန်​ပေး​သ​ဖြင့် သင်​တို့​သည်​ဝ​စွာ​မ​စား​ရ​ကြ။

ထို​သို့ မြို့​နှစ်​မြို့​သုံး​မြို့​သား​တို့​သည် ရေ​သောက်​ခြင်း​ငှာ မြို့​တစ်​မြို့​သို့​သွား​ရ၍ မ​ဝ​ရ​ကြ။ သို့​သော်​လည်း၊ သင်​တို့​သည် ငါ့​ထံ​သို့ ပြန်၍​မ​လာ​ကြ​ဟု ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။

တ​တိ​ယ​တံ​ဆိပ်​ကို​ည​ဖွင့်​သော​အ​ခါ၊ တ​တိ​ယ​သ​တ္တ​ဝါ​က၊ လာ၍​ကြည့်​လော့​ဟု ဆို​သည်​ကို ငါ​ကြား၏။ ထို​အ​ခါ ငါ​ကြည့်​လျှင် မြင်း​နက်​တစ်​စီး​ရှိ၏။ မြင်း​စီး​သော​သူ​သည် ချိန်​ခွင်​ကို​ကိုင်၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ