အသီးအသီး ဒိုင်းလွှားကိုင်၍ သံခမောက်လုံးကို ဆောင်းသော ပေရသိပြည်သား၊ ကုရှပြည်သား၊ ဖုတပြည်သား၊
ဟာမသားကား၊ ကုရှ၊ မိဇရိမ်၊ ဖုတ၊ ခါနာန်တည်း။
ကုရှသည် သားနိမ်ရောဒကိုလည်းရသေး၏။ ထိုသားသည် မြေကြီးပေါ်မှာ အဦးစွမ်းနိုင်သောသူဖြစ်၏။
ဟာမသားကား ကုရှ၊ မိဇရိမ်၊ ဖုတ၊ ခါနာန်တည်း။
ဓားဘေးနှင့် လွတ်သောသူတို့ကို၊ ဗာဗုလုန်မြို့သို့ သိမ်းသွား၍၊ သူတို့သည် ပေရသိနိုင်ငံ မတည်မီတိုင်အောင် ရှင်ဘုရင်ထံ၊ သားတော်မြေးတော်ထံ၌ ကျွန်ခံလျက်နေရကြ၏။
ယေရမိဆင့်ဆိုသော ထာဝရဘုရား၏ အမိန့်တော်ကို ပြည့်စုံစေခြင်းငှာ၊ ပေရသိရှင်ဘုရင် ကုရုနန်းစံ ပထမနှစ်တွင်၊ ထာဝရဘုရား နှိုးဆော်တော်မူသောအားဖြင့်၊ ထိုရှင်ဘုရင်သည် အမိန့်တော်စာကို ထုတ်ပြီးလျှင်၊ ပေရသိနိုင်ငံအရပ်ရပ်တို့၌ ကြော်ငြာစေ၍၊
ပေရသိလူ၊ လုဒလူ၊ ဖုတလူတို့သည် သင်၏တပ်သား၊ စစ်သူရဲ လုပ်ကြ၏။ ဒိုင်း၊ လွှား၊ သံခမောက်လုံးတို့ကို ပြင်ဆင်၍၊ သင်၏ဂုဏ်အသရေကို ထင်ရှားစေကြ၏။
ဓားဘေးသည် အဲဂုတ္တုပြည်သို့ ရောက်သဖြင့်၊ သူရဲတို့သည် လဲ၍သေကြသောအခါ၊ အဲသယောပိပြည် သည် ပူပန်လိမ့်မည်။ အလုံးအရင်းကိုပယ်ရှား၍ မူလအမြစ်ကို ဖြိုဖျက်ကြလိမ့်မည်။
အဲသယောပိပြည် သား၊ ဖုတပြည်သား၊ လုဒပြည်သား၊ အမျိုးမစစ်သောလူရှိသမျှ၊ ခုဘအမျိုးသား၊ မိတ်သဟာယဖွဲ့သော ပြည်သားတို့သည်၊ အဲဂုတ္တုပြည်သားတို့နှင့်တကွ ဓားဖြင့်လဲ၍ သေကြလိမ့်မည်။
ချိုနှစ်ချောင်းနှင့် ပေါ်လာသောသိုးသည် မေဒိရှင်ဘုရင်၊ ပေရသိရှင်ဘုရင် ဖြစ်၏။
အဲသယောပိပြည် နှင့် အဲဂုတ္တုပြည်သည် သူ၏လက်နက်ဖြစ်၏။ ရေတွက်၍ မကုန်နိုင်။ ဖုတပြည်နှင့် လိဗုပြည်လည်း သူ၏လက်နက်အဝင် ဖြစ်၏။