Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ယေ​ဇ​ကျေ​လ 38:4

Judson Bible

သင့်​ကို ငါ​ပြန်​လာ​စေ​မည်။ သင့်​ပါး​ရိုး​ကို သံ​ချိတ်​နှင့်​ချိတ်​ပြီး​လျှင်၊ သင်​မှ​စ၍ ထူး​ဆန်း​သော လက်​နက်​စုံ အ​မျိုး​မျိုး​ကို​ဆောင်​သော​သူ၊ ဒိုင်း​လွှား​ပါ၍ ဓား​ကို လက်​စွဲ​သော​လူ အ​လုံး​အ​ရင်း​များ​နှင့် မြင်း၊ မြင်း​စီး​သူ​ရဲ ဗိုလ်​ခြေ​အ​ပေါင်း​တို့​ကို ငါ​ဆောင်​ခဲ့​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

14 ပူးပေါင်းရင်းမြစ်များ  

ငါ၌​သင်၏​အ​မျက်​ဟုန်း​ခြင်း၊ စော်​ကား​ခြင်း​ကို ငါ​ကြား​ရ​သော​ကြောင့်၊ သင့်​ကို​နှာ​ရှုပ်​တပ်၍ ဇက်​ခွံ့​ပြီး​မှ၊ သင်​လာ​သော​လမ်း​ဖြင့် ပြန်​စေ​မည်။

ထို​မှ​တစ်​ပါး၊ ဒါ​ဝိဒ်​ရှိ​ရာ တော​ရဲ​တိုက်​သို့ ထွက်​သွား​သော​သူ၊ ခွန်​အား​ကြီး၍ ဒိုင်း​လွှား​ဆောင်​လျက် စစ်​တိုက်​ခြင်း​ငှာ တတ်​စွမ်း​နိုင်​သော​သူ၊ ခြင်္သေ့​ကဲ့​သို့ မျက်​နှာ​ရဲ၍ တောင်​ပေါ်​မှာ ဒ​ရယ်​ကဲ့​သို့ လျင်​မြန်​သော​သူ ဂဒ်​အ​မျိုး​သား​ဟူ​မူ​ကား၊

အာ​မ​ဇိ​မင်း​သည် ယု​ဒ​လူ​တို့​ကို​စု​ဝေး​စေ၍ ယု​ဒ​လူ​နှင့် ဗင်္ယာ​မိန်​လူ​တို့​တွင်၊ အ​ဆွေ​အ​မျိုး​အ​လိုက် လူ​တစ်​ထောင်​အုပ်၊ တစ်​ရာ​အုပ်​တို့​ကို ခန့်​ထား၏။ အ​သက်​နှစ်​ဆယ်​လွန်၍၊ လှံ​နှင့်​ဒိုင်း​ကို ကိုင်​တတ်​သော စစ်​သူ​ရဲ​ကောင်း​တို့​သည်၊ စာ​ရင်း​ဝင်​သည်​အ​တိုင်း သုံး​သိန်း​ရှိ​ကြ၏။

ငါ၌ သင်၏​အ​မျက်​ဟုန်း​ခြင်း၊ စော်​ကား​ခြင်း​ကို ငါ​ကြား​ရ​သော​ကြောင့်၊ သင့်​ကို နှာ​ရှုတ်​တပ်၍ ဇက်​ခွံ့​ပြီး​မှ၊ သင်​လာ​သော​လမ်း​ဖြင့် ပြန်​စေ​မည်။

ရ​ထား​များ၊ မြင်း​များ​နှင့်​တ​ကွ၊ စစ်​သူ​ရဲ​အ​လုံး​အ​ရင်း​တို့​ကို ဆောင်​ခဲ့​တော်​မူ​ထ​သော၊ သူ​တို့​ကို မ​ထ​နိုင်​အောင် တစ်​ပြိုင်​နက်​တည်း အိပ်​စေ၍၊ မီး​စာ​သေ​သ​ကဲ့​သို့၊ ငြိမ်း​စေ​တော်​မူ​သော ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​ကား၊

မြင်း​များ​တို့၊ တက်​ကြ​လော့။ ရ​ထား​များ​တို့၊ ဟုန်း​ဟုန်း​မြည်​ကြ​လော့။ သူ​ရဲ​များ​တည်း​ဟူ​သော၊ ဒိုင်း​လွှား​ကို ကိုင်​တတ်​သော ကု​ရှ​အ​မျိုး၊ ဖု​တ​အ​မျိုး​သား၊ လေး​ကို​ကိုင်၍ ပစ်​တတ်​သော လု​ဒိ​အ​မျိုး​သား​တို့​သည် ထွက်​သွား​ကြ​စေ။

တင့်​တယ်​သော အ​ဝတ်​ကို​ဝတ်​သော မိ​မိ​အိမ်​နီး​ချင်း အာ​ရှု​ရိ​အ​မျိုး​သား​ဗိုလ်​မင်း၊ ဝန်​မင်း၊ ချစ်​ဖွယ်​သော​လူ​ပျို၊ မြင်း​စီး​သူ​ရဲ​တို့​ကို တပ်​မက်၏။

သင့်​ပါး​ရိုး​ကို သံ​ချိတ်​နှင့်​ချိတ်၍၊ သင့်​မြစ်၌​နေ​သော ငါး​တို့​ကို သင့်​အ​ကြေး​တို့၌ ငါ​ကပ်​စေ​မည်။ သင့်​မြစ်​များ​အ​လယ်​ထဲ​က သင့်​ကို​ငါ​နုတ်၍ မြစ်၌​ရှိ​သ​မျှ​သော ငါး​တို့​သည် သင့်​အ​ကြေး​တို့၌ ကပ်​ကြ​လိမ့်​မည်။

မြင်း​စီး​သော​သူ အ​လုံး​အ​ရင်း​အ​ပေါင်း၊ အား​ကြီး​သော စစ်​သူ​ရဲ​အ​ပေါင်း​တို့​နှင့်​တ​ကွ မြောက်​မျက်​နှာ​မှ​ချီ​လာ​မည်။

အ​ရှင်​ထာ​ဝ​ရ​ဘု​ရား၏​အ​မိန့်​တော်​ကို ဆင့်​ဆို​ရ​မည်​မှာ၊ ရော​ရှ၊ မေ​ရှက်၊ တု​ဗ​လ​ပြည်​တို့​ကို အ​စိုး​ရ​သော အို ဂေါ​ဂ​မင်း၊ သင့်​တစ်​ဖက်၌ ငါ​နေ၏။

သင့်​ကို ငါ​လှည့်၍ သွေး​ဆောင်​မည်။ မြောက်​မျက်​နှာ​မှ ချီ​လာ၍ ဣ​သ​ရေ​လ​တောင်​တို့​အ​ပေါ်​သို့ ရောက်​စေ​မည်။

ထို​သို့​စား​ပွဲ၌ မြင်း၊ မြင်း​စီး​သူ​ရဲ၊ ခွန်​အား​ကြီး​သော​သူ၊ စစ်​တိုက်​သော​သူ​အ​မျိုး​မျိုး​တို့​ကို ဝ​စွာ​စား​ရ​ကြ​လိမ့်​မည်​ဟု အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။

အ​မှု​ကုန်​ရ​သည်​ကာ​လ၌ တောင်​ရှင်​ဘု​ရင်​သည် ထို​မင်း​ကို တိုက်​လိမ့်​မည်။ မြောက်​ရှင်​ဘု​ရင်​သည်​လည်း ရ​ထား​များ၊ မြင်း​စီး​သူ​ရဲ​များ၊ သင်္ဘော​များ​တို့​နှင့်​တ​ကွ လေ​ပွေ​ကဲ့​သို့ တိုက်​လာ​လျက်၊ ထို​ပြည်​တို့​ကို ဝင်၍ ချင်း​နင်း​လွှမ်း​မိုး​လိမ့်​မည်။

အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​သည် မိ​မိ​သန့်​ရှင်း​ခြင်း ပါ​ရ​မီ​တော်​ကို တိုင်​တည်၍ ကျိန်​ဆို​တော်​မူ​သည်​အ​တိုင်း၊ သင်​တို့​ကို ငါး​မျှား​နှင့်​လည်း​ကောင်း၊ သင်​တို့​သား​မြေး​တို့​ကို ပိုက်​ကွန်​နှင့်​လည်း​ကောင်း ဖမ်း​ဆီး​ယူ​သွား​ရ​သော​ကာ​လ ရောက်​လိမ့်​မည်။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ