ယေဇကျေလ 38:14Judson Bibleသို့ဖြစ်၍၊ အချင်းလူသား၊ ပရောဖက်ပြု၍ အရှင်ထာဝရဘုရား၏အမိန့်တော်ကို ဂေါဂအား ဆင့်ဆိုရမည်မှာ၊ ငါ၏လူ ဣသရေလအမျိုးသားတို့သည် ငြိမ်ဝပ်စွာနေသောအခါ သင်သည်သိ၍၊ အခန်းကိုကြည့်ပါ။ |
ကြာမြင့်စွာ ကာလလွန်ပြီးမှ သင်သည် အုပ်ချုပ်ရသောအခွင့် ရှိလိမ့်မည်။ ဓားဘေးနှင့်လွတ်၍ လူအမျိုးမျိုးထဲက နုတ်သောပြည်သား၊ ကြာမြင့်စွာ ဆိတ်ညံလျက်နေသော ဣသရေလတောင်တို့အပေါ်သို့၊ တစ်ဖန်ဆောင်ခဲ့သော ပြည်သားတို့ရှိရာသို့ နောင်ကာလ၌ သင်သည် စစ်ချီ၍လာလိမ့်မည်။ ထိုပြည်သားတို့သည် လူအမျိုးမျိုးထဲက နုတ်ဆောင်သောသူဖြစ်၍၊ တစ်ပြည်လုံး ငြိမ်ဝပ်လျက်ရှိနေသောအခါ၊
သို့သော်လည်း၊ ထာဝရဘုရားမိန့်တော်မူသည်ကား၊ ဖမ်းဆီးလုယက်ခြင်းငှာ ငါမထမီတိုင်အောင် ငါ့ကို ငံ့လင့်ကြလော့။ တိုင်းနိုင်ငံ ပြည်သားအမျိုးမျိုးတို့ကို စုဝေးစေ၍၊ ငါ့အမျက်၊ ငါ့ဒေါသအရှိန်ကို အကုန်အစင် သွန်းလောင်းမည်ဟု ငါအကြံရှိ၏။ ငါ့ဒေါသမီးသည် မြေတစ်ပြင်လုံးကို လောင်ရလိမ့်မည်။