Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ယေ​ဇ​ကျေ​လ 38:13

Judson Bible

ရှေ​ဘ​ပြည်​သား၊ ဒေ​ဒန်​ပြည်​သား၊ တာ​ရှု​ကုန်​သည်​များ၊ ခြင်္သေ့​ပျို​အ​ပေါင်း​တို့​က၊ ကိုယ်​တော်​သည် သူ့​ဥ​စ္စာ​ကို လု​ယူ​ခြင်း​ငှာ လာ​သ​လော။ သူ့​ဥ​စ္စာ​ကို​ဝေ​ငှ၍ ရွှေ​ငွေ​ကို​လည်း​ကောင်း၊ တိ​ရ​စ္ဆာန်​များ​နှင့် ဥ​စ္စာ​များ​ကို​လည်း​ကောင်း သိမ်း​သွား​လျက်၊ များ​စွာ လု​ယက်​ဖျက်​ဆီး​ခြင်း​ငှာ အ​ပေါင်း​အ​သင်း​ကို စု​ဝေး​စေ​ပြီ​လော​ဟု မေး​မြန်း​ကြ​လိမ့်​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

17 ပူးပေါင်းရင်းမြစ်များ  

ငါ့​ဝိ​ညာဉ်​သည် ခြင်္သေ့​စု​ထဲ​မှာ​နေ​ရ၏။ ဒေါ​သ​မီး​လောင်​လျက်​ရှိ​သော လူ​သား​တို့​တွင် ငါ​အိပ်​ရ၏။ သူ​တို့​သွား​တို့​သည် လှံ​နှင့်​မြား ဖြစ်​ကြ၏။ သူ​တို့​လျှာ​သည်​လည်း ထက်​သော​သန်​လျက်​ဖြစ်၏။

အ​ဓ​မ္မ​လူ​မျိုး​ရှိ​ရာ​သို့ သူ့​ကို​ငါ​စေ​လွှတ်​မည်။ ငါ့​အ​မျက်​ခံ​ရာ​လူ​စု​ကို လု​ယူ​ဖျက်​ဆီး၍၊ လမ်း၌ ရွှံ့​ကို​ကဲ့​သို့ ကျော်​နင်း​စေ​ခြင်း​ငှာ၊ သူ့​ကို​ငါ​မှာ​ထား​မည်။

သင်၏ သင်္ဘော​ရွက်​ကြိုး​များ ပြုတ်​လျက်​ရှိ၏။ ရွက်​တိုင်​ကို ခိုင်​ခံ့​စွာ​မ​ချည်၊ ရွက်​ကို​လည်း မ​ဖြန့်​နိုင်။ သို့​ဖြစ်၍၊ များ​စွာ​သော​ဥ​စ္စာ​ကို လု​ယူ​ဝေ​ငှ​ရ၏။ ခြေ​ဆွံ့​သော​သူ​ပင် လု​ယူ​ရာ ဥ​စ္စာ​ကို လု​ယူ​ရ၏။

သင်၏​ပြည် တစ်​လျှောက်​လုံး၌ သင်​ပြု​သော​အ​ပြစ်​များ​ကြောင့်၊ သင်၏​ဥ​စ္စာ​ဘ​ဏ္ဍာ​ကို အ​ဖိုး​မ​ခံ​ဘဲ လု​ယူ​သော သူ​တို့​လက်​သို့ ငါ​ပေး​မည်။

ဣ​သ​ရေ​လ​သည် အ​ရပ်​ရပ်​သို့​လွင့်​ပြေး​ရ​သော သိုး​ဖြစ်၏။ ခြင်္သေ့​တို့​သည် နှောင့်​ယှက်​ကြ​ပြီ။ အာ​ရှု​ရိ​ရှင်​ဘု​ရင်​သည် ရှေ့​ဦး​စွာ ကိုက်​စား​ပြီ။ နောက်​မှ ဗာ​ဗု​လုန်​ရှင်​ဘု​ရင်​နေ​ဗု​ခဒ်​နေ​ဇာ​သည် သူ၏​အ​ရိုး​တို့​ကို ချိုး​ဖဲ့​ပြီ။

ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ မြို့​သား​တို့​သည် ခြင်္သေ့​ကဲ့​သို့ ဟောက်​သော​အ​သံ၊ ခြင်္သေ့​သ​ငယ်​ကဲ့​သို့ မြည်​သော​အ​သံ​ကို တ​ညီ​တည်း ပြု​ကြ​လိမ့်​မည်။

အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ ဧ​ဒုံ​ပြည်​ကို​ငါ​တိုက်၍ လူ​နှင့် တိ​ရ​စ္ဆာန်​တို့​ကို​ပယ်​ဖြတ်​မည်။ တေ​မန်​မြို့​မှ​စ၍ လူ​ဆိတ်​ညံ​စေ​မည်။ ဒေ​ဒန်​မြို့​တိုင်​အောင် ဓား​ဖြင့်​ဆုံး​ရ​ကြ​လိမ့်​မည်။

သင်၌​ကုန်​သွယ်​ရန်​ဥ​စ္စာ​များ​သော​ကြောင့်၊ တာ​ရှု​မြို့​သည် ငွေ၊ သံ၊ သံ​ဖြူ၊ ခဲ​တို့​ကို သင့်​ဝိုင်း​သို့​ယူ​ခဲ့၍ သင်​နှင့် ကုန်​သွယ်​ခြင်း​ကို ပြု​လေ၏။

ဒေ​ဒန်​မြို့​သား​တို့​သည်​လည်း သင်​နှင့်​ကုန်​သွယ်​ကြ၏။ များ​စွာ​သော တစ်​ကျွန်း​တစ်​နိုင်​ငံ​အ​ရပ်​သား​တို့​သည် သင်​လုပ်​သော​ဥ​စ္စာ​ကို​ဝယ်၍၊ ဦး​ချို၊ ဆင်​စွယ်၊ သစ်​သား​နက်​ကို​ပြန်​ပေး​ကြ၏။

ဒေ​ဒန်​မြို့​သည် မြင်း​စီး​သူ​ရဲ​သုံး​စ​ရာ ချော​သော​အ​ထည်​မျိုး​ကို​ရောင်း၍ သင်​နှင့်​ကုန်​သွယ်၏။

တာ​ရှု​သင်္ဘော​သား​တို့​သည် သင်၏​ကုန်​ကို​ဆောင်​လျက် သွား​လာ​သ​ဖြင့်၊ သင်​သည် ပင်​လယ်​အ​လယ်၌ ကြွယ်​ဝ၍ အ​လွန်​ဘုန်း​ကြီး​လေ၏။

အ​ချင်း​လူ​သား၊ သင်​သည် အဲ​ဂု​တ္တု​ရှင်​ဘု​ရင် ဖာ​ရော​မင်း​အ​တွက် မြည်​တမ်း​ခြင်း​ကို​ပြု၍ ပြော​ဆို​ရ​မည်​မှာ၊ သင်​သည် လူ​မျိုး​တို့​တွင် ခြင်္သေ့​ပျို​ကဲ့​သို့ ဖြစ်၏။ အိုင်၌​နေ​သော မိ​ကျောင်း​ကဲ့​သို့​လည်း​ဖြစ်၍၊ မြစ်​တို့​ကို ကူး​သွား​လျက်၊ ခြေ​ဖြင့် ရေ​ကို​လှုပ်​ရှား​လျက် မြစ်​ရေ​ကို နောက်​စေ၏။

သင်​တို့ သား​သ​မီး​များ​ကို​လည်း ယု​ဒ​အ​မျိုး​သား​တို့၌​ငါ​ရောင်း၍၊ သူ​တို့​သည် တစ်​ဖန်​ဝေး​သော​အ​မျိုး၊ ရှေ​ဘ​ပြည်​သား​တို့၌ ရောင်း​လိုက်​ကြ​လိမ့်​မည်။ ထို​သို့ ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​ပြီ။

သိုး​ထိန်း​တို့​သည် မိ​မိ​တို့​အ​သ​ရေ​ပျက်​သော​ကြောင့်၊ မြည်​တမ်း​သော​အ​သံ​ကို ပြု​ကြ၏။ ယော်​ဒန်​မြစ်၏ ဂုဏ်​အ​သ​ရေ​ပျက်​သော​ကြောင့်၊ ခြင်္သေ့​ပျို​ဟောက်​သော​အ​သံ​ကို ကြား​ရ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ