Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ယေ​ဇ​ကျေ​လ 3:12

Judson Bible

ထို​အ​ခါ ဝိ​ညာဉ်​တော်​သည် ငါ့​ကို​ချီ၍၊ ထာ​ဝ​ရ​ဘု​ရား​ကျိန်း​ဝပ်​တော်​မူ​ရာ အ​ရပ်​မှ ဘုန်း​တော်​သည် မင်္ဂ​လာ​ရှိ​စေ​သ​တည်း​ဟု၊ ငါ့​နောက်၌ ကြီး​စွာ​သော လှုပ်​ရှား​ခြင်း​အ​သံ​ကို ငါ​ကြား၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

27 ပူးပေါင်းရင်းမြစ်များ  

အ​ကျွန်ုပ်​သည် ကိုယ်​တော်​ထံ​မှ ထွက်​သွား၍ အာ​ဟပ်​မင်း​ထံ​မှာ​လျှောက်​စဉ်​တွင်၊ ထာ​ဝ​ရ​ဘု​ရား၏​ဝိ​ညာဉ်​တော်​သည် အ​ကျွန်ုပ်​မ​သိ​သော​အ​ရပ်​သို့ ကိုယ်​တော်​ကို ဆောင်​သွား​တော်​မူ​လျှင်၊ အာ​ဟပ်​မင်း​သည် ကိုယ်​တော်​ကို​မ​တွေ့​နိုင်​သော​အ​ခါ အ​ကျွန်ုပ်​ကို သတ်​ပါ​လိမ့်​မည်။ ကိုယ်​တော်​ကျွန်​မူ​ကား၊ အ​သက်​ငယ်​စဉ်​ကာ​လ​မှ​စ၍ ထာ​ဝ​ရ​ဘု​ရား​ကို​ရို​သေ​ပါ​ပြီ။

သူ​တို့​က​လည်း၊ ကိုယ်​တော်​ကျွန်​တို့၌ ခွန်​အား​ကြီး​သော​သူ ငါး​ကျိပ်​ရှိ​ပါ၏။ သူ​တို့​သည်​သွား၍ ကိုယ်​တော်၏​သ​ခင်​ကို ရှာ​မည်​အ​ကြောင်း၊ အ​ခွင့်​ပေး​တော်​မူ​ပါ။ ထာ​ဝ​ရ​ဘု​ရား၏​ဝိ​ညာဉ်​တော်​သည် သူ့​ကို​ချီ​ယူ၍ တစ်​စုံ​တစ်​ခု​သော တောင်​ပေါ်၌​ဖြစ်​စေ၊ ချိုင့်​ထဲ​သို့​ဖြစ်​စေ ချ​ကောင်း​ချ​တော်​မူ​လိမ့်​မည်​ဟု အ​ခွင့်​တောင်း​လျှင်၊ မ​စေ​လွှတ်​ကြ​နှင့်​ဟု ဧ​လိ​ရှဲ​သည် မြစ်​တား​သော်​လည်း၊

ကောင်း​ကင်​တ​မန်​အ​ပေါင်း​တို့၊ ထာ​ဝ​ရ​ဘု​ရား​ကို ချီး​မွမ်း​ကြ​လော့။ ကောင်း​ကင်​ဗိုလ်​ခြေ​အ​ပေါင်း​တို့ ချီး​မွမ်း​ကြ​လော့။

အို​ထာ​ဝ​ရ​ဘု​ရား၊ အိမ်​တော်​တည်​ရာ​ကို​လည်း​ကောင်း၊ ဘုန်း​တော်​ထင်​ရှား​သော အ​ရပ်​ဌာ​န​ကို​လည်း​ကောင်း အ​ကျွန်ုပ်​နှစ်​သက်​ပါ၏။

သူ​တို့​က​လည်း၊ ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား​သည် သန့်​ရှင်း​တော်​မူ၏။ သန့်​ရှင်း​တော်​မူ၏။ သန့်​ရှင်း​တော်​မူ၏။ မြေ​ကြီး​လုံး​သည် ဘုန်း​တော်​နှင့် ပြည့်​လေ၏​ဟု တစ်​ပါး​ကို​တစ်​ပါး ကြွေး​ကြော်၍ မြွက်​ဆို​ကြ၏။

ထာ​ဝ​ရ​ဘု​ရား၏ ဘုန်း​တော်​သည် ခေ​ရု​ဗိမ်​အ​ပေါ်​က အိမ်​တော်​တံ​ခါး​ခုံ​အ​ထက်​သို့ တက်​ရွှေ့၍၊ အိမ်​တော်​သည် မိုး​တိမ်​နှင့်​ပြည့်၏။ တံ​တိုင်း​သည်​လည်း၊ ထာ​ဝ​ရ​ဘု​ရား၏ ဘုန်း​တော်​အ​ရောင်​နှင့် ပြည့်၏။

ထို​နောက် ဝိ​ညာဉ်​တော်​သည် ငါ့​ကို​ချီ၍၊ အ​ရှေ့​ဘက်​သို့​မျက်​နှာ​ပြု​သော ထာ​ဝ​ရ​ဘု​ရား၏​အိမ်​တော် အ​ရှေ့​တံ​ခါး​သို့ ဆောင်​သွား၍၊ တံ​ခါး​ဝ၌ လူ​နှစ်​ကျိပ်​ငါး​ယောက် ရှိ၏။ သူ​တို့​တွင် မင်း​ပြု​သော​သူ၊ အ​ဇု​ရ​သား​ယာ​ဇ​ညာ၊ ဗေ​နာ​ယ​သား ပေ​လ​တိ​တို့​ကို ငါ​မြင်၏။

ထို​သို့​ဆို​သော​အ​ခါ ဝိ​ညာဉ်​တော်​သည် ငါ့​အ​ထဲ​သို့​ဝင်၍ မတ်​တတ်​နေ​စေ​သ​ဖြင့်၊ ငါ​နှင့်​ပြော​သော​သူ၏ စ​ကား​ကို ငါ​ကြား​သည်​ကား၊

သိမ်း​သွား​ခြင်း​ကို ခံ​ရ​သော သင်၏​အ​မျိုး​သား​ချင်း​တို့ ရှိ​ရာ​သို့​သွား၍၊ အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​ဟု၊ သူ​တို့​နား​ထောင်​သည် ဖြစ်​စေ၊ နား​မ​ထောင်​သည် ဖြစ်​စေ၊ ဟော​ပြော​လော့​ဟု မိန့်​တော်​မူ၏။

ဝိ​ညာဉ်​တော်​သည် ငါ့​ကို​ချီ​သွား​တော်​မူ၍၊ ငါ​သည်​ခါး​သော​စိတ်၊ ပူ​ပန်​သော​စိတ်​နှင့် လိုက်​ရ၏။ ထာ​ဝ​ရ​ဘု​ရား၏​လက်​တော်​သည် ငါ့​အ​ပေါ်​မှာ လေး​လံ​စွာ​တင်​လျက်​ရှိ၏။

ထာ​ဝ​ရ​ဘု​ရား၏​ဘုန်း​တော်​သည် အ​ရှေ့​ဘက်​သို့ မျက်​နှာ​ပြု​သော တံ​ခါး​လမ်း​ဖြင့် အိမ်​တော်​ထဲ​သို့ ဝင်​တော်​မူ၏။

ထို​အ​ခါ ဝိ​ညာဉ်​တော်​သည် ငါ့​ကို​ချီ​လျက် အ​တွင်း​တံ​တိုင်း​ထဲ​သို့ ဆောင်​သွား၍၊ ထာ​ဝ​ရ​ဘု​ရား၏ ဘုန်း​တော်​သည် တစ်​အိမ်​လုံး​ကို ဖြည့်​တော်​မူ၏။

လက်​သ​ဏ္ဌာန်​ကို​ဆန့်၍ ငါ၏​ဆံ​ပင်​တစ်​စု​ကို ကိုင်​လျက်၊ ဝိ​ညာဉ်​တော်​သည် ငါ့​ကို မြေ​နှင့်​မိုး​ကောင်း​ကင်​ကြား​မှာ ချီ​ကြွ၍၊ အ​မျက်​တော်​ကို နှိုး​ဆော်​သော ရုပ်​တု​ပ​လ္လင်​ရှိ​ရာ ယေ​ရု​ရှ​လင်​မြို့ မြောက်​မျက်​နှာ​အ​တွင်း တံ​ခါး​ဝ​သို့၊ ဘု​ရား​သ​ခင်၏ ဗျာ​ဒိတ်​တော်​ရူ​ပါ​ရုံ​အား​ဖြင့် ငါ့​ကို​ဆောင်​သွား၏။

ဣ​သ​ရေ​လ​အ​မျိုး၏ ဘု​ရား​သ​ခင်​ဘုန်း​တော်​သည် ကျိန်း​ဝပ်​ရာ​ခေ​ရု​ဗိမ်​မှ အိမ်​တော်​တံ​ခါး​ခုံ​သို့ တက်၍၊ ပိတ်​အ​ဝတ်​ကို​ဝတ်​လျက်၊ နံ​ပါး၌ မင်​အိုး​ပါ​သော​သူ​ကို​ခေါ်၍၊

ထို​အ​ခါ လေ​ပြင်း​မုန်​တိုင်း​ကဲ့​သို့​သော​အ​သံ​သည် တစ်​ခ​ဏ​ချင်း​တွင် ကောင်း​ကင်​မှ​လာ၍၊ ထို​သူ​တို့ နေ​ထိုင်​သော​အိမ်​ကို ဖြည့်​လေ၏။-

ရေ​ထဲ​က​တက်​ကြ​လျှင်၊ ထာ​ဝ​ရ​ဘု​ရား၏ ဝိ​ညာဉ်​တော်​သည် ဖိ​လိ​ပ္ပု​ကို​ဆောင်​ယူ​တော်​မူ၍၊ အ​မတ်​သည် ဖိ​လိ​ပ္ပု​ကို နောက်​တစ်​ဖန် မ​တွေ့​မ​မြင်​ရ။ ဝမ်း​မြောက်​ဝမ်း​သာ​ခြင်း​နှင့် မိ​မိ သွား​ရ​သော​လမ်း​ကို သွား​လေ၏။-

သ​ခင်​ဘု​ရား​နေ့၌ ဝိ​ညာဉ်​တော်​ကို​ခံ​ရ၍၊ တံ​ပိုး​ခ​ရာ အ​သံ​ကဲ့​သို့ ငါ့​နောက်၌ မြည်​သော​အ​သံ​ကြီး​ကို ကြား၏။-

ခြေ​တော်​သည်​လည်း မီး၌​ချွတ်​ပြီး​သော ကြေး​ဝါ​စစ်​နှင့်​တူ၏။ အ​သံ​တော်​သည်​လည်း သ​မု​ဒ္ဒ​ရာ​သံ​ကဲ့​သို့ ဖြစ်၏။-

တစ်​ဖန်​တုံ၊ ဟာ​လေ​လု​ယ။ အ​န​န္တ​တန်​ခိုး​နှင့် ပြည့်​စုံ​တော်​မူ​သော ထာ​ဝ​ရ​အ​ရှင်၊ ငါ​တို့​ဘု​ရား​သ​ခင်​သည် စိုး​စံ​တော်​မူ၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ