ယေဇကျေလ 3:11Judson Bibleသိမ်းသွားခြင်းကို ခံရသော သင်၏အမျိုးသားချင်းတို့ ရှိရာသို့သွား၍၊ အရှင်ထာဝရဘုရားမိန့်တော်မူသည်ဟု၊ သူတို့နားထောင်သည် ဖြစ်စေ၊ နားမထောင်သည် ဖြစ်စေ၊ ဟောပြောလော့ဟု မိန့်တော်မူ၏။ အခန်းကိုကြည့်ပါ။ |
သို့ဖြစ်၍၊ အချင်းလူသား၊ သင်၏အမျိုးသားချင်းတို့အား ဟောပြောရမည်မှာ၊ ဖြောင့်မတ်သောသူသည် ဖောက်ပြန်လျှင်၊ အရင်ဖြောင့်မတ်ခြင်းအမှုသည် သူ့ကို ကယ်တင်ရမည်မဟုတ်။ ဆိုးသောသူသည် ဆိုးသောအမှုကိုရှောင်လျှင်၊ အရင်ဆိုးသောအမှုကြောင့် ပျက်စီးခြင်းသို့ ရောက်ရမည်မဟုတ်။ ဖြောင့်မတ်သောသူသည် ပြစ်မှားသောနေ့၌ အသက်ရှင်ရသောအခွင့် မရှိရ။
ထိုကာလ၌ သင့်အမျိုးသားချင်းတို့၏အမှုကို စောင့်သော အရှင်ကြီးမိက္ခေလသည် ပေါ်လာလိမ့်မည်။ လူမျိုးတစ်စုံတစ်မျိုးမျှ ဖြစ်သည်ကာလမှစ၍ ထိုကာလတိုင်အောင်၊ မဖြစ်စဖူးသော ဆင်းရဲဒုက္ခကပ်ကာလသည် ရောက်လိမ့်မည်။ ထိုကာလအခါ စာစောင်၌ စာရင်းဝင်သမျှသော သင်၏အမျိုးသားချင်းတို့သည် ကယ်လွှတ်ခြင်းသို့ ရောက်ကြလိမ့်မည်။